နစ်ခ် ဝေါလ်တီမာဒါ ကတော့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်မှာ ပထမဆုံး ရာသီကို ခက်ခဲ ကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် ဂျာမနီ လက်ရွေးစင် ကစားသမား ကတော့ သူ ပြန်လည် ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိနေပါတယ်။
နစ်ခ် ဗိုလ်တီမိဒ်က နယူးကာဆယ် အသင်းနဲ့ အတူ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ ပထမဆုံး ရာသီ အပေါ် လုံးဝ အားမရ ဖြစ်မိကြောင်း ဝန်ခံခဲ့ပေမယ့် တိုင်းဆိုက်ဒ် မြေမှာ အခြေအနေတွေကို ပြန်လည် ကောင်းမွန်အောင် ပြောင်းလဲနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဝေါလ်တီမာဒါဟာ စတုဂတ် အသင်း ကနေ နယူးကာဆယ် အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်း (ယူရို ၇၅ သန်း) နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ နည်းပြ အက်ဒီဟောင်းဝ်ရဲ့ အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်ကို အလျင်အမြန်ပဲ လိုက်လျောညီထွေ ဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။
သူဟာ နယူးကာဆယ် အတွက် ပရီးမီးယားလိဂ် ပထမဆုံး ၅ ပွဲမှာ ၄ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ၅ ယောက်မြောက် ကစားသမား ဖြစ်လာခဲ့ပြီး၊ ဒါဟာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာတုန်းက ကော်လမ် ဝီလ်ဆင် (၄ ဂိုး) နောက်ပိုင်း ပထမဆုံးအကြိမ် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူးဟာ အဆိုပါ အစောပိုင်း အရှိန်အဟုန်ကောင်းတွေကို ၂၀၂၅-၂၆ ရာသီရဲ့ ကျန်ရှိတဲ့ ပွဲစဉ်တွေမှာ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး၊ ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၁၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပြီး ရာသီသိမ်းခဲ့ရပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ကစားခဲ့စဉ်က အထောင်တိုက်စစ်မှူး အဖြစ် နာမည်ကြီးခဲ့တဲ့ နစ်ခ် ဝေါလ်တီမာဒါကို နည်းပြ အက်ဒီဟောင်းဝ်က သူ့ရဲ့ ပင်ကိုယ်နေရာ မဟုတ်တဲ့ ကွင်းလယ် တိုက်စစ်နေရာမှာ ၁၀ ပွဲ အထိ အသုံးပြုခဲ့တာကြောင့် အခုလို ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် ကွင်းထဲဝင်တဲ့ ပွဲတိုင်းမှာ ဂိုးသွင်းဖို့ ဒါမှမဟုတ် ဂိုးဖန်တီးပေးဖို့ အားလုံးက မျှော်လင့်ကြပါတယ်။” လို့ ဝေါလ်တီမာဒါက Stern မီဒီယာရဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် ကျွန်တော်က တိုက်စစ်နေရာမှာ မကစားရတဲ့အခါ ဂိုးသွင်းနိုင်မယ့် အန္တရာယ်ရှိတဲ့ ဇုန်တွေထဲ အထိ ရောက်ဖို့က ကျွန်တော့်အတွက် ပိုပြီးခက်ခဲသွားပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ အပေါ် ကျွန်တော် မပျော်ရွှင်ပါဘူး။ အထူးသဖြင့် နယူးကာဆယ်မှာ ကျွန်တော့်ရဲ့ အစပြုမှုက အရမ်းကောင်းခဲ့တာကြောင့်ပါ။ အဲဒါက ကျွန်တော့် အပေါ်ထားတဲ့ (ပရိသတ်တွေရဲ့) မျှော်လင့်ချက်တွေ ကိုရော၊ ကျွန်တော် ကိုယ်တိုင်ရဲ့ မျှော်လင့်ချက်တွေ ကိုပါ မြင့်တက်သွားစေခဲ့ပါတယ်။” လို့ ဆိုပါတယ်။
အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ၎င်းက မြောက်အမေရိကမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ခြင်းက လာမယ့်ရာသီ စိန့်ဂျိမ်းစ်ပါ့ခ်မှာ သူ့ကို ပြန်လည် ခြေစွမ်းပြနိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
“ကျွန်တော် အသက် ၂၃ နှစ်မှာ ကမ္ဘာ့အကောင်းဆုံး လိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ဒီရာသီမှာ ကျွန်တော် အများကြီး သင်ယူခဲ့ရပါတယ်။ ကြံ့ခိုင်မှုပိုင်း တိုးတက်လာသလို၊ လိဂ်ရဲ့ ပြင်းထန်တဲ့ အရှိန်အဟုန် ကိုလည်း ရင်ပေါင်တန်းနိုင်လာပါပြီ။ ကစားသမား အချင်းချင်း ထိပ်တိုက် ရင်ဆိုင်မှုတွေ မှာလည်း ယှဉ်နိုင်လာပြီ ဖြစ်လို့ ခြုံငုံပြောရရင် ဒါဟာ ရှေ့တိုးလှမ်းနိုင်ခဲ့တဲ့ ခြေလှမ်း တစ်လှမ်းပါပဲ။”
“ဒါကြောင့် နယူးကာဆယ် အသင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဘာသံသယမှ မရှိပါဘူး။ ကျွန်တော် အဲဒီမှာ ခြေစွမ်းပြပြီး သက်သေပြသွားမှာပါ။” လို့ ဝေါလ်တီမာဒါက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


