နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်တို့ နည်းပြသစ်နဲ့ ကင်းပါဝါမှာ ချက်ချင်း ရုန်းထဖို့ မလွယ်သေးဘူး | လက်စတာစီးတီး – လိဒ်စ်ယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လက်စတာစီးတီး – လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် လက်စတာစီးတီးနဲ့ လိဒ်စ်ယူနိုက်တက်တို့ ကင်းပါဝါမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ တိုက်စစ်ပြီး တိုက်စစ် ကစားခဲ့တဲ့ နည်းပြကြီး မာဆယ်လို ဘီရဲယ်ဆာရဲ့ နေရာမှာ ဂျက်ဆီ မက်ရှ်နဲ့ အစားထိုးထားတဲ့ လိဒ်စ်ယူနိုက်တက်တို့ ရလဒ်တွေ ပြန်ကောင်းနေတဲ့ လက်စတာစီးတီးကို ဘယ်လို ပုံစံနဲ့ ရင်ဆိုင်လာဦးမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲရှုံး၊ ၂ ပွဲ သရေကျခဲ့တဲ့ အထိ ရလဒ်တွေ ဆိုးရွားခဲ့တဲ့ လက်စတာစီးတီးတို့ နောက်ဆုံး ၃ ပွဲမှာတော့ နိုင်ပွဲ ၂ ပွဲ ပြန်လည် ရှာတွေ့ထားခဲ့ပါတယ်။ အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်လည် သက်သာလာခဲ့တဲ့နောက် ဘန်လေကို တက်ဖ်မော မှာ ၂ ဂိုးပြတ် အနိုင်ရခဲ့သလို ယူရိုပါကွန်းဖရင့်လိဂ် မှာလည်း ရန်းဒါးကို နှစ်ကျော့စလုံး ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီးရဲ့ အခြေအနေက ဥရောပ ဝင်ခွင့် အတွက်လို့ မျှော်လင့်လို့ ရတဲ့ အခြေအနေ မဟုတ်ပေမယ့် လက်ကျန် ပွဲစဉ်တွေမှာ တတ်နိုင်သမျှတော့ ရမှတ် ရှာဖွေဖို့တော့ မျှော်လင့်နေပါလိမ့်မယ်။ ဒါ့အပြင် အပေါ်က ဆောက်သမ်တန်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ် တို့ထက် ပွဲလျော့ ကစားထားတာက အားသာချက် ဖြစ်ပြီး အချိန်မရွေး အဆင့် ၁၀ နေရာ အတွင်း ပြန်ရောက်သွားနိုင်လို့ ကျိန်းသေပေါက် ရလဒ်ကောင်း တစ်ခုကို ထိန်းထားနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ အခုလာမယ့် ပွဲကိုတော့ ကတ်စတန်ညီ၊ ဖိုဖာနာ၊ ဂျက်စတင်၊ ဘာထရန်၊ အီဗန့်စ် တို့ လွဲချော်ဦးမှာ ဖြစ်ပြီး ပွဲထွက်လူစာရင်း မှာတော့ ဗာဒီ၊ မက်ဒီဆင်၊ ဘန်းစ်၊ လွတ်ခ်မန်း၊ အန်ဒီဒီ၊ တေးလီမန့်စ်၊ ဆိုရွန်ချူ၊ သောမက်စ်၊ အောလ်ဘရိုက်တန်၊ အမာတေးနဲ့ ကတ်စပါ ရှမိုက်ကယ် တို့ကိုတော့ မြင်တွေ့ရဖို့ ရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အဝေးကွင်း ရလဒ် အဆိုးရွားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်နေတဲ့ လိဒ်စ်ယူနိုက်တက်

လိဒ်စ်ယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အဝေးကွင်း ရလဒ် အဆိုးရွားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်နေပါတယ်။ နောက်ဆုံး ၁၃ ပွဲမှာ ရမှတ် ၁၀ မှတ် သာ စုဆောင်းထားနိုင်ခဲ့ပြီး ပေးဂိုး ကတော့ ၃၅ ဂိုး အထိ ရှိထားခဲ့တာပါ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ရဂိုး ၂ ဂိုးသာ ရရှိခဲ့ပြီး ပေးဂိုး ၁၇ အထိ ရှိခဲ့လို့ အသင်းကို နှစ်ပေါင်း များစွာ အကြာမှ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ မာဆယ်လို ဘီရဲယ်ဆာကို ထုတ်ပယ်ခဲ့ပြီး လိုက်ပ်ဇစ် နည်းပြဟောင်း ဂျက်ဆီမက်ရှ်နဲ့ အစားထိုးထားခဲ့ပါတယ်။ ရန်းညက်ခ်၊ သောမက်စ်တူဟယ် တို့လို နည်းပြကောင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ လိုက်ပ်ဇစ် အသင်းရဲ့ ဂျာမနီလူမျိုး နည်းပြဟောင်း တစ်ဦး ဖြစ်နေတာကြောင့်လည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ အရ ဆိုရင် လိဒ်စ်တို့ တန်းဆင်းဇုန်ရဲ့ အထက်မှာ ၂ မှတ် အသာနဲ့ ရပ်တည်နေတာကြောင့် ရလဒ်ဆိုးတွေ အောက်က အချိန်မီ ရုန်းထွက်နိုင်ဖို့ လိုအပ်နေပြီလို့တောင် ပြောလို့ ရပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဘမ်းဖို့ဒ်၊ လီယမ်ကူပါး၊ ကယ်ဗင်ဖီးလစ် တို့ ၃ ဦးလုံး လွဲချော်ဦးမှာ ဖြစ်ပြီး ဖြစ်နိုင်ဖွယ် လူစာရင်း အရတော့ မက်စ်လေယာ၊ ကော့ချ်၊ ယော်ယန်းတေး၊ အေးလင်း၊ ဖော်ရှော၊ ရှက်ကယ်လီတန်၊ ဒါးလက်စ်၊ ဖီယာပို၊ ရာဖင်ညာ၊ ဂျက်ဟာရစ်ဆင်နဲ့ ဒန်ဂျိမ်းစ်တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

စီးရီးအေ
နာပိုလီ
အေစီမီလန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၃ ကြိမ်မှာ လက်စတာစီးတီးတို့ ၆ ကြိမ် အနိုင်ရပြီး လိဒ်စ်ယူနိုက်တက်တို့ ၃ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ သရေ ကတော့ ၄ ပွဲအထိ ရှိထားခဲ့ပြီး ဒီရာသီ ပထမအကျော့ အဲလန်ရုတ်ဒ်မှာ တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ လက်စတာစီးတီး အတွက် ၁.၇၈ ဆ၊ သရေ အတွက် ၃.၈၅ ဆ၊ လိဒ်စ်ယူနိုက်တက် အတွက် ၄.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဂျက်ဆီ မက်ရှ်ဟာ ထူးချွန်တဲ့ နည်းပြ တစ်ဦး ဖြစ်ပေမယ့် ပရီးမီးယားလိဂ် နဲ့ အသားကျဖို့တော့ အချိန်ပေးရဦးမှာပါ။ လိဒ်စ်ယူနိုက်တက်ရဲ့ အဓိက ပြသနာက အသင်းကို ထိန်းကျောင်းနိုင်တဲ့ အဓိက ကစားသမား ၃ ဦးစလုံး လက်ရှိ အချိန်ထိ ဒဏ်ရာရနေတာ ဖြစ်ပါတယ်။ လက်စတာ ကလည်း ဒဏ်ရာ ပြသနာတွေနဲ့ တောက်လျောက် ရုန်းကန်ခဲ့ရပြီးမှ လက်ရှိမှာ ခြေစွမ်း အနည်းငယ် တည်ငြိမ်စ ပြုလာတဲ့ အသင်း ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ပွဲရလဒ်က တော်တော်လေး ခန့်မှန်းရခက်ပါတယ်။ တိုက်စစ် အသားပေးတဲ့ နည်းပြတွေ ဖြစ်လို့ သေချာတာတော့ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။ ၁.၈၇ ဆ ရနိုင်မယ့် ဂိုးပေါင်း ၃.၀၀ ကို သဘောအကျဆုံးပါပဲ။

ခန့်မှန်းရလဒ် (၂-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်