နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ကနေ မလစ်ရင် ကစားသမား ဘဝ ကနေ လစ်သွားလိမ့်မယ်လို့ ရက်ရှ်ဖို့ဒ်ကို အကြံပြုလိုက်တဲ့ နစ်ကီ ဘတ် | ပရီးမီးယားလိဂ်

အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား မားကပ် ရက်ရှ်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ နောက်ပိုင်း နှစ်တွေထဲ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝကို ပြန်လည် အဖတ်ဆည်နိုင်ပြီးတော့ ထိပ်တန်း ကစားသမား တစ်ဦး ပြန်လည် ဖြစ်လာစေဖို့ အတွက် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာသွားသင့်တယ်လို့ ကစားသမားဟောင်းကြီး နစ်ကီဘတ်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ စီနီယာ အသင်းကြီး အတွက် စတင် ကစားပေးခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံ ပွဲစဉ်ပေါင်း ၄၀၆ ပွဲ အထိ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၃၁ ဂိုး အထိ သွင်းယူနိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲပေါင်း ၅၀ မှာတော့ ၉ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ကွန်မြူနတီဒိုင်း ပွဲစဉ်က စတင်ပြီး ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက် ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီပွဲတွေထဲမှာ ရက်ရှ်ဖို့ဒ်က သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ တစ်ကြိမ်မှ မစွမ်းဆောင်နိုင်ခဲ့ပဲ လစ်ဗာပူးလ်နဲ့ ဘရိုက်တန် တို့နဲ့ ကစားတဲ့ ပွဲစဉ်တွေ မှာလည်း ဂိုးပေါက် ကန်ချက် တစ်ကြိမ်မှ မရှိခဲ့တဲ့အထိ စွမ်းဆောင်ရည်တွေ ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် တိုက်စစ် ကစားသမား ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ စီနီယာ အသင်းကြီး အတွက် စတင် ကစားပေးခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။
အသင်းပြောင်းမယ်လို့ သတင်းတွေ မကြာခဏ ထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

ဒါကြောင့် ကစားသမားဟောင်း နစ်ကီဘတ်က ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ နစ်ကီဘတ်က “သူ ဘာဖြစ်နေသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ သူ့ကို မြင်ရတာတော့ စိတ်မကောင်းပါဘူး။ ဘာလို့လဲ ဆိုတော့ သူက ယူနိုက်တက်ကို စတင် ရောက်ရှိလာတဲ့ အချိန် ၈ နှစ်၊ ၉ နှစ် အရွယ်လောက် ကတည်းက သူနဲ့ သိခဲ့ရတာ ဖြစ်ပြီးတော့ သူဟာ ကျွန်တော်တို့ အတွက် အမြဲတမ်း မျှော်လင့်ထားခဲ့ရသူပါ။ အခုအချိန်မှာ လူတွေက ဖုန်းထဲ ကနေ အော်ဟစ်နေကြပေမယ့် သူ့မှာ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာဖို့ အရည်အချင်းတွေ ရှိနေဆဲလို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားက ဘာလဲဆိုတာကို ဘယ်သူမှ မသိပေမယ့် သူ့ဆီမှာ အရည်အချင်းတွေ အများကြီး ရှိနေသေးသလို သူကလည်း ထိပ်တန်း ကစားသမား တစ်ယောက်လည်း ဖြစ်နေပါတယ်။ ဒါပေမယ့် အခု သူက မန်ချက်စတာယူနိုက်တက် အတွက် မဖြစ်သေးပါဘူး။ လူတွေက သူရဲ့ body language အကြောင်း ပြောနေပေမယ့် သူက ဒါကို ဂရုမစိုက်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး နစ်ကီဘတ်က “အခုကတော့ သူ့ကိုယ်သူ ပြန်လည် တည်ငြိမ်အောင် လုပ်ဖို့ အတွက် ကလပ် အသင်းသစ် တစ်ခုကို ရှာဖွေဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အသင်းတွေ ကလည်း သူ့ကို တစ်ချိန်လုံး ကြည့်နေမှာ မဟုတ်တဲ့ အတွက် အမြန် လှုပ်ရှားသင့်ပါတယ်။ အသင်းက ရလဒ်တွေ ဆိုးနေပြီ ဆိုရင် အသင်း ပရိသတ် အများစုက သူ့ကိုပဲ အကြောင်းပြ ဝေဖန်နေကြမှာပါ။ တကယ်တော့ သူတစ်ယောက်တည်းကြောင့် မဟုတ်ပဲ တစ်သင်းလုံးနဲ့ကို သက်ဆိုင်နေတာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်