နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဥရောပဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက် အတွက် အားစိုက်လာမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖို့ဒ် – နယူးကာဆယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ နယူးကာဆယ်တို့ ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် အတွက်က အမှတ်မလိုအပ်ပေမယ့် နယူးကာဆယ် အတွက်က ဥရောပဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက် ရှိနေသေးလို့ ကျိန်းသေပေါက် အားထည့်ကစားလာဦးမှာပါ။ 

သောမက်စ် ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အခြေအနေမလှခဲ့ဘူးလို့ပဲ ဆိုရပါမယ်။ အဆင့် ၁၆ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ဖို့ များနေပြီး ရာသီသစ် အတွက်ပဲ ပြင်ဆင်ရတော့မှာပါ။ ဘရန့်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းလောက်အထိ ရလဒ်တွေ ဆိုးရွားနေခဲ့ပြီး ပြီးခဲ့တဲ့ ၅ ပွဲမှာတော့ အဲဗာတန် တစ်သင်းတည်းကို ရှုံးပြီး ကျန်ပွဲတွေမှာ ရလဒ်တွေ ကောင်းခဲ့ပါတယ်။ နောက်ဆုံး ပွဲမှာ ဘုန်းမောက်လို ခြေစွာနေတဲ့ အသင်းကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

နယူးကာဆယ် ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာ ယူနိုက်တက်ကို ရှုံးခဲ့တာကြောင့် ဥရောပဝင်ခွင့် တစ်နေရာ မျှော်လင့်ချက် ဝေဝါးသွားခဲ့ရပါတယ်။ ချဲလ်ဆီးရဲ့ ကျော်တက်ခြင်း ခံခဲ့ရပြီး အခုနောက်ဆုံး ပွဲမှာ သူတို့ ကိုယ်တိုင်လည်း ဘရန့်ဖို့ဒ်ကို အနိုင်ရဖို့ လိုအပ်သလို တစ်ဖက်က ချဲလ်ဆီးနဲ့ ဘုန်းမောက် ပွဲ ရလဒ် ကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ချဲလ်ဆီး ရှုံးပြီး နယူးကာဆယ်တို့ အနိုင်ရခဲ့မယ် ဆိုရင်တော့ ငှက်ကြားတွေ အနေနဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရမှာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဘရန့်ဖို့ဒ် ဘက်က အာရွန်ဟစ်ကီ၊ ဘန်မီး၊ ဒါဆေးလ်ဗားနဲ့ ဟင်နရီတို့ လွဲချော်မှာ ဖြစ်ပြီး အန်ရီကာနဲ့ ကောလင်းန် တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

နယူးကာဆယ် ဘက်မှာတော့ လက်ဆဲလက်စ်၊ ဝေးလ်လော့ခ်၊ တားဂတ်၊ ဘော့တ်မန်း၊ လစ်ဗာရာမန်တို တို့ လွဲချော်ကြာမှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘရန့်ဖို့ဒ် – ဖလက်ကန်၊ အယား၊ ကောလင်းန်၊ ပင်နော့ခ်၊ ရက်ဂီလွန်း၊ နော့ဂတ်၊ ဂျနဲလ်တ်၊ ဒမ်းစ်ဂတ်၊ အမ်ဘူအမ်မို၊ ဝစ်ဆာ၊ တိုနေး

နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ ဘန်း၊ ဟောလ်၊ လောင်းစတက်ဖ်၊ ဂီမာရေးစ်၊ အန်ဒါဆန်၊ မာဖီ၊ ဂေါ်ဒွန်၊ အိဆက်ခ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရန့်ဖို့ဒ်က ၁ ကြိမ်သာ အနိုင်ရပြီး ၁ ကြိမ် သရေကျကာ နယူးကာဆယ်က ၆ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ နယူးကာဆယ်က ၄ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ဘရန့်ဖို့ဒ် ကွင်း နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် မှာတော့ ဘရန့်ဖို့ဒ်က ၁ ကြိမ် နိုင်ပြီး နယူးကာဆယ်က ၂ ကြိမ် နိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘရန့်ဖို့ဒ် နိုင်ရင် ၂.၆၁ ဆ၊ နယူးကာဆယ် နိုင်ရင် ၂.၂၈ ဆ၊ သရေ ဆိုရင်တော့ ၃.၅၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ နယူးကာဆယ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၄ လုံးသွင်းမှ ပျော်ရွှင်မှာပါ။ ဘရန့်ဖို့ဒ်က အမှတ်မလိုတော့ပေမယ့် နယူးကာဆယ်က ရမှတ်လိုအပ်နေသေးလို့ အားစိုက်လာပါလိမ့်မယ်။ နယူးကာဆယ်ဟာ ယူနိုက်တက်ကို ရှုံးခဲ့ပေမယ့် ခြေစွမ်းကွာဟချက် သိပ်မရှိခဲ့ပါဘူး။ နယူးကာဆယ်တို့ ဘရန့်ဖို့ဒ် ကွင်းမှာ နောက်ထပ် တစ်ကြိမ် ရလဒ်ကောင်း ရှာဖွေနိုင်မယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ်

ဘရန့်ဖို့ဒ် ၁-၃ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်