နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အန်တိုနီကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက် တောင်ပံ ကစားသမား အန်တိုနီကို ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အန်တိုနီဟာ အခုနွေရာသီမှာလည်း အသင်း ကနေ ရောင်းထုတ်ခံရဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့သူလည်း ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ထိပ်တန်း ကစားသမား ခေါ်ယူမှု မပြုလုပ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် တစ်ခုလည်း ဖြစ်ပါတယ်။ အသင်းမှာ ရှိတဲ့ ကစားသမားကောင်း တချို့ ကိုသာ ဆက်ထိန်းထားနိုင်ခဲ့တဲ့ ငှက်ကြားတွေက လာမယ့် ဇန်နဝါရီလ မှာတော့ အန်တိုနီကို ကမ်းလှမ်းဖို့ စီစဉ်နေတာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးသူလည်း ဖြစ်ပါတယ်။ အန်တိုနီ ကိုတော့ စပယ်ရှယ်ဝမ်း နည်းပြ ဟိုဆေး မော်ရင်ဟို ကိုင်တွယ်နေတဲ့ တူရကီ ကလပ် ဖီနာဘာချီ ကလည်း နွေရာသီ စျေးကွက် မပိတ်ခင် အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ထိပ်တန်း ကစားသမား ခေါ်ယူမှု မပြုလုပ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် တစ်ခုလည်း ဖြစ်ပါတယ်။
အန်တိုနီကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူချင်နေတဲ့ နယူးကာဆယ်

အန်တိုနီ ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီမှာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် က အားကိုးတကြီးနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့် အားလုံး မျှော်လင့်သလိုတော့ ခြေစွမ်းပြနိုင်ခြင်း မရှိပဲ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကို စတင် ရောက်ရှိလာတဲ့ ရာသီမှာ ပွဲပေါင်း ၄၄ ပွဲ ပါဝင် ကစားခဲ့ပြီး ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ကတော့ ဘရာဇီးလ်သားက ၃၈ ပွဲ ကစားပြီး ၃ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ပွဲအများစု မှာတော့ ပွဲချိန်ပြည့် ကစားခွင့် မရရှိခဲ့ပါဘူး။

အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်မှာ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ပြီးရင် အသင်း သမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းမပြနိုင်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခံနေရသလို လှောင်ပြောင်မှုတွေ နဲ့လည်း ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ အန်တိုနီဟာ ဒီနွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ကတည်းက အငှားချခံရမယ့် ကစားသမား အဖြစ် နာမည်ထွက်ခဲ့ပေမယ့် အေးဂျင့် ဖြစ်သူ ကတော့ သူ့ ကစားသမားဟာ ယူနိုက်တက်မှာပဲ ဆက်နေမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားခဲ့တာလည်း ဖြစ်ပါတယ်။

အန်တိုနီရဲ့ အေးဂျင့် ဖြစ်သူက “အငှားထွက်ခွာမှု အကြောင်းနဲ့ ပတ်သက်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာကို ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် အန်တိုနီရဲ့ ပလန်က ရှင်းလင်းပါတယ်။ သူက မန်ချက်စတာယူနိုက်တက် မှာသာ ဆက်ရှိသွားမှာ။ သူက ဒီအသင်းမှာပဲ ဆက် ကစားချင်သလို ဒီအသင်း အတွက် ကိုပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကလပ်နဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးပါပြီ။” လို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာပါ။ အန်တိုနီဟာ မန်ချက်စတာယူနိုက်တက် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၅၄ ပွဲမှာ သွင်းဂိုး ၅ ဂိုးသာ ရရှိထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်