နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ကွင်း ကနေ ၁ မှတ်ယူပြီး ပြန်နိုင်ခဲ့တဲ့ နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်စ်ဟမ်း ၁ – ၁ နယူးကာဆယ်

အခုတစ်ပတ် ပရီမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်တို့ အကြိတ်အနယ် ကစားပြီး သရေ ၁ မှတ်စီ ခွဲယူသွားခဲ့ကြပါတယ်။ နယူးကာဆယ်တို့ အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့ရပေမယ့်လည်း အိမ်ရှင် ဝက်စ်ဟမ်းကို အဘက်ဘက်က အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပြီး ရလဒ်ကောင်း တစ်ခုကို ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဝက်စ်ဟမ်းတို့ ၄-၂-၃-၁ ကစားကွက်နဲ့ အတူ အန်တိုနီယို၊ ဘိုဝင်၊ ဆိုရှက်ခ်၊ ဒီကလန်ရိုက်စ်၊ ဖော်နယ်၊ ဘန်ရားမား၊ ဇူးမား၊ ဒေါ်ဆင်၊ ဖက်ဒရစ်ခ်၊ ခရက်စ်ဝဲလ်နဲ့ ဖေဘီယန်စကီး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ၄-၃-၃ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး စိန့်မက်ဆီမင် နေရာမှာ မာဖီ၊ ထရစ်ပီယာ နေရာမှာ ခရက်ဖ် တို့ ပါဝင်လာခဲ့တာက လွဲရင် ပြီးခဲ့တဲ့ ပွဲတွေတုန်းက လူစာရင်း အတိုင်းပဲ အပြောင်းအလဲ မရှိခဲ့တာ တွေ့ရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဘန်ဖီကာ
အဂျက်
1X2 သရေ @ 3.50
ပထမပိုင်း ဂိုးအောက် 1.00 @ 2.17
ဂိုးပေါင်း 4-6 @ 3.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဝက်စ်ဟမ်း ကတော့ သူတို့ အသင်းရဲ့ ထုံးစံ အတိုင်း ကွင်းလယ်နဲ့ တောင်ပံက ဖြတ်တင် ပေးပို့မှုတွေ ကနေ တစ်ဆင့် ဂိုးရဖို့ ကြိုးပမ်းခဲ့ပြီး ပွဲအစပိုင်းမှာ နယူးကာဆယ် ဘက်ကို တော်တော်လေး ဖိဖိစီးစီး ထိုးဖောက်နိုင်ခဲ့ပါတယ်။ ဘိုဝင်ရဲ့ ကန်ချက် ဘားတန်းထိ ထွက်သွားခဲ့လို့ နစ်နာခဲ့ပေမယ့် ပွဲချိန် ၃၂ မိနစ် မှာတော့ အိမ်ရှင် ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ခရက်စ်ဝဲလ်ရဲ့ အလွတ်တည်ကန်ဘော ကနေ နောက်ခံလူ ခရိတ်ဂျ် ဒေါ်ဆင်က ပြေးဝင်ပြီး ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် ကစားပုံ ပျက်မသွားတဲ့ နယူးကာဆယ်တို့ ပွဲချိန် ကြာလာတာနဲ့ အမျှ ဝက်စ်ဟမ်း ဘက်ကို အကွက်ကျကျ ပြန်လည် ထိုးဖောက်လာနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ဆက်တိုက် ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ ပထမပိုင်း ၄၅ မိနစ်ပြည့်လို့ နာကျင် အချိန်ပို ၁ မိနစ် အရောက် မှာတော့ ဝက်စ်ဟမ်း နောက်တန်းနဲ့ ဖေဘီယန်စကီးရဲ့ ပေါ့ဆမှု ကနေ ဂျိုးဝေးလော့ခ်က အမှတ်မထင် ကန်သွင်းခဲ့တာမှာ ဘောလုံးက ဂိုးစည်းကို ကျော်သွားခဲ့လို့ နယူးကာဆယ်တို့ ချေပဂိုး ရသွားခဲ့ပြီး ပထမပိုင်း အပြီးမှာတင်ပဲ ၁-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ဝက်စ်ဟမ်း ဘက်က ဂျွန်ဆင်၊ ဗလာဆစ် တို့ထည့်ပြီး တိုက်စစ် မြှင့်လာခဲ့ပေမယ့် တကယ်တမ်း ထိထိရောက်ရောက် ကစားနိုင်ခဲ့တာက နယူးကာဆယ်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံး ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ အပိုင်အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ ကြိုးပမ်းရင်း နဲ့ပဲ အချိန်ကုန်ခဲ့ပြီး ၁-၁ ရလဒ်နဲ့ပဲ ပြီးဆုံးသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပေမယ့် ၂ ပွဲဆက် သရေကျခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ စိုးရိမ်စရာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

နယူးကာဆယ် ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရရော၊ ခြေစွမ်းပိုင်း အရပါ တော်တော်လေး တိုးတက်လာခဲ့တာ တွေ့ရပြီး အမှားနည်းသထက် နည်းအောင် ကစားနိုင်ခဲ့တာကြောင့်လည်း ခက်ခဲတဲ့ ပွဲစဉ် ကနေ အမှတ် ရအောင် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခံစစ်၊ တိုက်စစ် မျှတအောင် ကစားလာနိုင်ခြင်းနဲ့ အတူ ကစားသမားတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုက နယူးကာဆယ်တို့ ရလဒ်တွေ တက်လာခြင်းရဲ့ အဓိက သော့ချက်လို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ အက်ဒီဟောင်းရဲ့ အသင်းက ပရီးမီးယားလိဂ် ၅ ပွဲဆက် မရှုံးအောင် စွမ်းဆောင်ထားခဲ့ပြီး အဆင့် ၁၈ နေရာက ဝက်ဖို့ဒ်ကို ၄ မှတ် ဖြတ်ထားနိုင်လို့ တန်းဆင်းဇုန် ဖိအားလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချထားနိုင်ပြီလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပေမယ့် ၂ ပွဲဆက် သရေကျခဲ့တာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ စိုးရိမ်စရာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝက်စ်ဟမ်းတို့ လာမယ့် တစ်ပတ် တနင်္ဂနွေနေ့မှာ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပြီး နယူးကာဆယ် ကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်