နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်မှာ အနိုင် ၃ မှတ် သွားရှာဦးမယ့် နယူးကာဆယ် | ဘရန့်ဖို့ဒ် – နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖို့ဒ် – နယူးကာဆယ်

နောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေတဲ့ နယူးကာဆယ်တို့ အခုတစ်ပတ် မှာတော့ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ် ကတော့ ရာသီ အစမှာ ဟုန်းဟုန်း တောက်ခဲ့သလောက် လက်ရှိ မှာတော့ တဖြည်းဖြည်း ဆုံးဆုံးမြုပ်ရတော့မယ့် အခြေအနေ ဆိုးတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး လက်ရှိ တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၄ မှတ် အကွာ အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ၈ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တယ် ဆိုတာထက် သရေ ၁ ပွဲသာ ရခဲ့ပြီး ရှုံးပွဲ ၇ ပွဲအထိ ရှိခဲ့တယ်လို့ ပြောလို့ ရပြီး ဒီပုံ အတိုင်းသာ ဆက်သွားနေဦးမယ် ဆိုရင်တော့ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ရာသီအကုန် မှာပဲ တန်းပြန်ဆင်းသွားရနိုင်ဖွယ် ရှိနေပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်လည်း အားရစရာ မရှိပဲ ကစားထားတဲ့ ၁၃ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲသရေ၊ ၇ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ အခုပွဲမှာ ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် ပါဝင်လာနိုင်ပေမယ့် ကြံ့ခိုင်မှု အခြေအနေကြောင့် အရန်လူစာရင်း မှာပဲ မြင်တွေ့ရဖို့ များနေပါတယ်။ ဖိုဆု၊ ဂျင်းန်ဗီယာ တို့ကတော့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပြီး ပွဲထွက် လူစာရင်း မှာတော့ တိုနေး၊ အမ်ဘူအမ်မို၊ ဟင်နရီ၊ ဂျနတ်၊ နောဂတ်၊ ဘက်ပ်တစ္စတီ၊ ကေးနော့စ်၊ ပင်နော့ခ်၊ ဂျန်ဆန်၊ အာယားနဲ့ ရာယာတို့ ပါဝင်လာဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် မှာတော့ ၁၉၄၈ ခုနှစ် နောက်ပိုင်း ဘရန့်ဖို့ဒ်တို့ နယူးကာဆယ်ကို တစ်ကြိမ် တစ်ခါမှ အနိုင်ရခဲ့ဖူးခြင်း မရှိသေးပဲ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာလည်း ၃-၃ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမားတွေ စိတ်ကြိုက် ဖြည့်တင်းခဲ့တဲ့ နယူးကာဆယ်တို့ ရလဒ်တွေ တောက်လျောက် ကောင်းနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ အပြင် ၃ ပွဲနိုင်၊ ၃ ပွဲ သရေကျပြီး ၁၂ မှတ် အထိ ရှာဖွေနိုင်ခဲ့တာကြောင့်လည်း တန်းဆင်းဇုန်ထဲက ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်း၊ လိဒ်စ်၊ အဲဗာတန်၊ ဗီလာ တို့လို အသင်းတွေကို မရှုံးအောင် ကစားနိုင်ခဲ့တဲ့ ငှက်ကြားတွေ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရပါ တော်တော်လေး မြင့်တက်နေပြီး အခုလာမယ့် ပွဲမှာလည်း သရေ ၁ မှတ်ထက်၊ အနိုင် ၃ မှတ် အပြည့်ယူဖို့ စိတ်အား ထက်သန်နေပါလိမ့်မယ်။ အခု လာမယ့် ပွဲကိုတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ကော်လမ် ဝီလ်ဆင်၊ စိန့် မက်ဆီမင်၊ ကီရင် ထရစ်ပီယာ၊ ဟေဒန်၊ ရစ်ချီတို့ လွဲချော်ဖို့ ရှိနေပြီး ခရစ္စဝုဒ်၊ ဘန်း၊ တားဂတ်၊ ဝေးလ်လော့ခ်၊ ဖရေဆာ၊ ရှဲလ်ဗီ တို့ကတော့ ကျိန်းသေပေါက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

စီးရီးအေ
စပီဇီယာ
ရိုးမား
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ နယူးကာဆယ်တို့ ဘရန့်ဖို့ဒ်ကို ၂ ပွဲ နိုင်ပြီး ၁ ပွဲ သရေ၊ ၁ ပွဲ ရှံးထားခဲ့ပါတယ်။ပရီးမီးယားလိဂ် မှာတော့ ၁၉၄၈ ခုနှစ် နောက်ပိုင်း ဘရန့်ဖို့ဒ်တို့ နယူးကာဆယ်ကို တစ်ကြိမ် တစ်ခါမှ အနိုင်ရခဲ့ဖူးခြင်း မရှိသေးပဲ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှု မှာလည်း ၃-၃ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှု အရ ဘရန့်ဖို့ဒ် အတွက် ၂.၄၉ ဆ၊ သရေ အတွက် ၃.၁၀ ဆ၊ နယူးကာဆယ် အတွက် ၂.၉၀ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ဘရန့်ဖို့ဒ်ဟာ အိမ်ကွင်းမှာ ဆိုရင် ပြိုင်ဘက်တွေကို မာမာထန်ထန် တုန့်ပြန် တတ်တဲ့ အသင်း ဖြစ်လို့ နယူးကာဆယ်တို့ ထင်သလောက် လွယ်ကူဖို့တော့ မရှိပါဘူး။ ရမှတ် လိုအပ်နေတဲ့ အခြေအနေကြောင့်တော့ နှစ်သင်းလုံး အားထည့် ကစားလာပါလိမ့်မယ်။ ဒါပေမယ့် ဘယ်အသင်းနိုင်နိုင် ဂိုးပြတ်ဖို့ မရှိပါဘူး။ ဒီပွဲ မှာတော့ ခြေစွမ်း အတက်ဘက် ရောက်နေတဲ့ နယူးကာဆယ်ကိုပဲ ထပ်ပြီး ယုံကြည်ထားချင်ပါသေးတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်