နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယူးကာဆယ် – လက်စတာစီးတီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ (ပွဲကြိုသုံးသပ်ချက်)

နယူးကာဆယ် – လက်စတာစီးတီး

အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး နယူးကာဆယ်တို့ လက်စတာစီးတီးကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၆ ကြိမ်စလုံး အသာရခဲ့တဲ့ လက်စတာစီးတီးတို့ နောက်ထပ် တစ်ကြိမ် ရလဒ်ကောင်း တစ်ခု ထပ်မံ ရှာဖွေသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နယူးကာဆယ်တို့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ပြီးခဲ့တဲ့ ပွဲမှာတော့ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေတဲ့ ဝုဗ်ကို ခရစ္စဝုဒ်ရဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရထားပါတယ်။ ၃ ပွဲဆက် ရှုံးခဲ့တယ် ဆိုတာ ကလည်း ချဲလ်ဆီး၊ စပါးတို့လို အသင်းကြီးတွေကို ဖြစ်သလို တန်းဆင်းဇုန် ဖိအား အောက်က ရုန်းထနေတဲ့ အဲဗာတန်ကို ဖြစ်လို့ လက်ခံပေးလို့ ရပြီး ဝုဗ်နဲ့ ပွဲမှာတော့ လိုအပ်နေတဲ့ နိုင်ပွဲ ပြန်လည် ရှာဖွေထားနိုင်ခဲ့ပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ ငှက်ကြားတို့ တန်းဆင်းဇုန်နဲ့ ၁၀ မှတ် ကွာဟနေခဲ့လို့ အတိုင်းအတာ တစ်ခု အထိ ဖိအားတွေ ကင်းနေခဲ့ပြီး အဓိက ရည်ရွယ်ချက် ဖြစ်တဲ့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ပဲ လက်ကျန် ပွဲတွေ ကနေ တတ်နိုင်သမျှ ရမှတ် ရှာဖွေရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၁၅ ပွဲ ကစားရာမှာ ရှုံးပွဲ ၄ ပွဲသာ ရှိထားလို့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဒါ့အပြင် အက်ဒီဟောင်းရဲ့ အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၄ ပွဲဆက် အနိုင်ရထားပါတယ်။ လက်တလော အသင်းမှာ ထရစ်ပီယာ၊ ဟေဒန်၊ ကော်လမ်ဝီလ်ဆင်၊ လီဝစ် တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး အဓိက တောင်ပံ တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဖရေဆာ ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

နယူးကာဆယ်တို့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်ပြီးနောက် ပြီးခဲ့တဲ့ ပွဲမှာတော့ အမှတ်ပေးဇယား အလယ်မှာ ရပ်တည်နေတဲ့ ဝုဗ်ကို ခရစ္စဝုဒ်ရဲ့ ပင်နယ်တီ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရထားပါတယ်။
အိမ်ကွင်း နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ နယူးကာဆယ်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဒူဗရက်ဗ်ကာ၊ ဘန်း၊ ရှား၊ ခရက်ဖ်၊ တားဂတ်၊ ဂျိုးလင်တန်၊ ရှဲလ်ဗီ၊ ဂီမာရေးစ်၊ ဝုဒ်၊ အဲလ်မီရွန်၊ စိန့်မက်ဆီမင်

ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ လက်စတာစီးတီး ကတော့ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာက ပြန်လည် သက်သာလာတဲ့နောက် မှာတော့ ပြိုင်ပွဲစုံမှာ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ အာဆင်နယ်နဲ့ ၁ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၄ ပွဲနိုင်၊ ၁ ပွဲသရေ ကစားနိုင်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၉ နေရာ ကို ပြန်လည် ရောက်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ယူရိုပါကွန်ဖရင့်လိဂ် မှာလည်း နယ်သာလန် ထိပ်သီး ပီအက်စ်ဗွီကို အံ့အားသင့်ဖွယ် Comeback နဲ့ ကျော်ဖြတ်ထားခဲ့ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပါတယ်။ အီဗန့်စ်၊ ဖိုဖာနာ၊ ဂျက်စတင် တို့ ပြန်ပါလာကတည်းက အရင် လက်စတာစီးတီးနဲ့ မတူတော့ပဲ ခံစစ် ကစားပုံ သိသိသာသာ တိုးတက်လာခဲ့ပေမယ့် တိုက်စစ် အဆုံးသတ်တွေ ကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ လက်စတာစီးတီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည် ကတော့ အားရစရာ မရှိပဲ ရှုံးပွဲ ၇ ပွဲ အထိ ရှိထားသလို နောက်ဆုံး ၃ ပွဲမှာ ရှုံးပွဲ ၂ ပွဲ ရှိထားပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဆူမာရေး၊ ဒန်နီဝက်ဒ်၊ ဗာဒီ၊ အန်ဒီဒီ၊ ဘာထရန် တို့ အနေနဲ့ ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဦးမယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ရှမိုက်ကယ်၊ ဂျက်စတင်၊ ဆိုယွန်ချူ၊ အမာတေး၊ သောမက်စ်၊ မန်ဒီ၊ တေးလီမန့်စ်၊ ပီရက်ဇ်၊ ဘန်းစ်၊ လွတ်ခ်မန်း၊ ဒါကာ

လာလီဂါ
ဂီတာဖေး
ဗီလာရီးယဲလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်မှာ လက်စတာစီးတီးတို့ ၁၁ ကြိမ် အနိုင်ရပြီး နယူးကာဆယ် ကတော့ ၄ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၅ ကြိမ် မှာတော့ လက်စတာစီးတီးတို့ နယူးကာဆယ်ကို ၄ ပွဲနိုင်ပြီး ၁ ပွဲသာ ရှုံးနိမ့်ထားသလို အခုနှစ် ပထမအကျော့ ကင်းပါဝါကွင်း ပွဲစဉ် မှာလည်း ၄ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် အတွက် ၂.၂၅ ဆ၊ လက်စတာစီးတီး အတွက် ၃.၂၀ ဆ၊ သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အစဉ်အလာအရ လက်စတာစီးတီးတို့ အပြတ်အသတ် အသာရခဲ့ပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရတော့ ကွာဟမှု သိပ်မရှိလို့ ခန့်မှန်းရ ခက်ပါတယ်။ နယူးကာဆယ်မှာ အဓိက ကစားသမားတချို့ ဒဏ်ရာရနေသလို လက်စတာစီးတီး ကလည်း ပွဲပန်းထားလို့ အပြည့်အဝ အားစိုက်နိုင်ပါ့မလား ဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။ ဒါကြောင့် ဂိုးပေါင်းကို ပိုစဉ်းစားချင်နေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ တစ်ပွဲကို နှစ်သင်းပေါင်း သွင်းဂိုး အနည်းဆုံး ၃ ဂိုး ရှိခဲ့တဲ့ အချက်ကြောင့် အခုပွဲ မှာလည်း ဂိုးပေါ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (-)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်