နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂေါ်ဒွန်ကို လုပ်ခလစာ တိုးမြှင့်ပေးပြီး သက်တမ်းတိုးမယ့် နယူးကာဆယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ တောင်ပံ တိုက်စစ် ကစားသမား အန်သိုနီ ဂေါ်ဒွန်ကို အသင်းရဲ့ အမြင့်ဆုံး လုပ်ခလစာ ပေးပြီး စာချုပ် သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လစ်ဗာပူးလ်မြို့ဖွား အသက် ၂၃ နှစ် အရွယ် အင်္ဂလန် ကစားသမားလေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဒါ့အပြင် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အာဆင်နယ် ကလည်း လာမယ့်နှစ် နွေရာသီမှာ ဂေါ်ဒွန်ကို ခေါ်ယူဖို့ ရည်ရွယ်ထားကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် နယူးကာဆယ်က သူတို့ရဲ့ ခြေစွမ်းပြ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးပမ်းလာတာလည်း ဖြစ်နိုင်ပါတယ်။ နယူးကာဆယ်ဟာ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အဲဗာတန် ကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ လစ်ဗာပူးလ်က ထိပ်ဆုံးက ရှိနေပြီး ပြီးခဲ့တဲ့ နွေရာသီမှာလည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့တယ် ဆိုပြီးတောင် သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ လက်ရှိ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ဂေါ်ဒွန်ကို ခေါ်ယူဖို့ လက်ရှိအချိန်ထိ ပစ်မှတ်ထားနေဆဲလို့ သိရပြီး ကင်းထောက်တွေကို တောက်လျောက် စောင့်ကြည့်စေလျက် ရှိတယ်လို့လည်း သိရပါတယ်။

အန်သိုနီ ဂေါ်ဒွန်ရဲ့ နယူးကာဆယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ လုံးပွဲ မရှိသေးပဲ ၃ ပွဲနိုင် ၁ ပွဲ သရေ၊ ရမှတ် ၁၀ မှတ်နဲ့ မန်စီးတီး၊ အာဆင်နယ် တို့ကို ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။
ဂေါ်ဒွန်ကို အလျင်အမြန် စာချုပ် သက်တမ်းတိုးမယ့် နယူးကာဆယ်

အဲဗာတန် အသင်းမှာ ကစားသမား ဘဝ စတင်ခဲ့တဲ့ ဂေါ်ဒွန်ဟာ မာဆေးလ် ဆိုက်ဒ် ကလပ် အတွက် ၅ ရာသီ အတွင်း ပွဲပေါင်း ၈၀ ကစားကာ ဂိုး ၂၀ သွင်းယူပေးခဲ့ပါတယ်။ ဂေါဒွန်ဟာ နယူးကာဆယ် အတွက်တော့ နှစ်ရာသီကျော် ကာလ အတွင်းမှာ ၆၉ ပွဲ ကစားပြီး ၁၄ ဂိုးသာ သွင်းယူပေးထားပေမယ့် ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း ငှက်ကြားတွေ အတွက် ပွဲတိုင်းလိုလို ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ဂေါ်ဒွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းပေါင်း များစွာ ရှိလာတာကြောင့် ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်က သက်တမ်းတိုး စာချုပ် အလျင်အမြန် ချုပ်ဆိုဖို့ ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ အန်သိုနီ ဂေါ်ဒွန်ကို ၂၀၂၈ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားပြီး လုပ်ခ လစာ အဖြစ် တစ်ပတ်ကို ပေါင် ၆၀၀၀၀ သာ ပေးချေနေရတာ ဖြစ်ပါတယ်။ အကယ်၍ ငှက်ကြားတွေသာ ဂေါ်ဒွန်ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့မယ် ဆိုရင်တော့ လက်ရှိ လုပ်ခလစာရဲ့ ၃ ဆ ဝန်းကျင် အထိ တိုးမြှင့်ပေးသွားဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် နယူးကာဆယ် အနေနဲ့ အန်သိုနီ ဂေါ်ဒွန်ကို တစ်နှစ် လုပ်ခလစာ ပေါင် ၉ သန်း ဝန်းကျင် အထိ တိုးမြှင့် ပေးအပ်သွားဖို့ စီစဉ်နေပြီး မကြာမီ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။

အန်သိုနီ ဂေါ်ဒွန်ရဲ့ နယူးကာဆယ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ လုံးပွဲ မရှိသေးပဲ ၃ ပွဲနိုင် ၁ ပွဲ သရေ၊ ရမှတ် ၁၀ မှတ်နဲ့ မန်စီးတီး၊ အာဆင်နယ် တို့ကို ဖိအားပေးနေတာလည်း ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ မနက်ဖြန်မှာတော့ ပရီးမိးယားလိဂ် ပွဲစဉ် ၅ အဖြစ် ဖူလ်ဟမ်ကို ခရေဗင် ကော့တေ့ဂျ်မှာ သွားရောက် ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်