နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှားအယွင်း မရှိ ကစားပြီး ဘရိုက်တန်ကို အနိုင်ရခဲ့ပြန်တဲ့ နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

နယူးကာဆယ် ၂-၁ ဘရိုက်တန်

စနေ့နေ့ညရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ နယူးကာဆယ်တို့ ဘရိုက်တန်ကို အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ အမှားအယွင်း မရှိကစားပြီး ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာလည်း နယူးကာဆယ်တို့ ပုံစံကောင်း တစ်ခုနဲ့ အတူ ဘရိုက်တန် ကို အနိုင်ယူခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိတဲ့ စံချိန်ကောင်းကို ဆက်ထိန်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

နယူးကာဆယ်တို့ ၄-၃-၃ အခင်းအကျင်း ကိုပဲ ဆက်လက် အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ခရစ္စဝုဒ်၊ ရွိုင်ယန် ဖရေဆာ၊ မာဖီ၊ ကွင်းလယ်နဲ့ ခံစစ်မှာ ရှဲလ်ဗီ၊ ဝေးလ်လော့ခ်၊ ဂျိုးလင်တန်၊ ခံစစ်မှာ ရှား၊ ဘန်း၊ တားဂတ်၊ ခရက်ဖ်နဲ့ ဂိုးမှာတော့ ဒူဗရက်ဗ်ကာပဲ ပါဝင်လာခဲ့ပါတယ်။ ပြောရမယ် ဆိုရင် အက်ဒီဟောင်းရဲ့ အသင်းက တစ်ပွဲထက် တစ်ပွဲ အသားပိုကျလာတဲ့ ကစားကွက်၊ လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဂရေဟမ် ပေါ်တာရဲ့ အသင်း ကလည်း ဗီလာကို ရှုံးခဲ့တဲ့ ပွဲတုန်းက ၃-၅-၂ အခင်းအကျင်း နဲ့ပဲ ကာဆယ်ကို ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ မူပေး အစား ဝဲလ်ဘတ်ကို သုံးခဲ့တာက လွဲရင် လူစာရင်းလည်း အပြောင်းအလဲ မရှိခဲ့တာ တွေ့ရပါတယ်။

စီးရီးအေ
အေစီမီလန်
အမ်ပိုလီ
1X2 သရေ @ 4.30
ဂိုးအောက် 2.75 @ 2.02
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲ မှာလည်း ဘရိုက်တန်တို့ ပြိုင်ဘက် အသင်းကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း တိုက်စစ် အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့် ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ ထင်သလောက် ကစားပုံ မကောင်းခဲ့ပေမယ့် ဘရိုက်တန်ရဲ့ ပွဲအစပိုင်း အထနှေးမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်တို့ ပထမပိုင်း ပွဲချိန် ၁၂ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ ၂ ဂိုးဆက် သွင်းယူနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ကိုတော့ မာဖီရဲ့ ကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဖရေဆာက ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၂ မိနစ် အကြာမှာ ဖရေဆာရဲ့ အလွတ်တည်ကန်ဘော ကနေ နောက်ခံလူ ဖေဘီယန် ရှားက ဒုတိယဂိုး သွင်းယူခဲ့လို့ ပထမပိုင်း အပြီးမှာပဲ နဘူးကာဆယ်တို့ ၂-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စပြီး ၁၀ မိနစ် အကြာ မှာတော့ ဘရိုက်တန်တို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့ပြီး ထောင့်ကန်ဘော ကနေ လီဝစ် ဒန့်ခ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လက်ကျန် မိနစ်တွေမှာ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲတွေ ဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၃ နေရာ အထိ ထပ်မံ ကျဆင်းသွားခဲ့သလိ နယူးကာဆယ်နဲ့ ၅ မှတ်သာ ကွာဟတဲ့ အခြေအနေအထိ ရောက်ရှိသွာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ အထိ ဆင်းခဲ့ရတဲ့ ဘရိုက်တန်

နယူးကာဆယ်တို့ ဒီနေ့ပွဲမှာ ခြေစွမ်းပိုင်းအရ အကောင်းကြီး မဟုတ်ခဲ့ပေမယ့် နိုင်သင့် နိုင်ထိုက်တဲ့ ပွဲမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ၄-၃-၃ ကစားကွက်နဲ့ တဖြည်းဖြည်း အံဝင်လာခဲ့တဲ့ နယူးကာဆယ်တို့ အသစ်ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ကိုတောင် သိပ်ပြီး အားကိုးစရာ မလိုတော့တာ တွေ့ရပါတယ်။ ခရစ္စဝုဒ် ဂိုးပေါက် ပျောက်နေခဲ့ပေမယ့် ဖရေဆာ ခြေစွမ်းပြနေလို့ နယူးကာဆယ်တို့ ဂိုးတွေ ရှာဖွေနိုင်ဆဲ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ ပွဲတိုင်းလိုလို ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် Final Third အားနည်းချက်ကို မပြင်ဆင်နိုင်သေးလို့ ရလဒ်တွေ ဆိုးရွားနေဆဲ ဖြစ်ပါတယ်။

နယူးကာဆယ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိခဲ့သလို ၂ ပွဲဆက် နိုင်ပွဲ ပြန်ရခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆင့် ၁၈ နေရာက ဘန်လေကို ၇ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန် ဖိအားလည်း အတိုင်းအတာ တစ်ခုအထိ လျှော့ချထားနိုင်ခဲ့ပြီလို့ ဆိုရပါမယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၁၃ နေရာ အထိ ထပ်မံ ကျဆင်းသွားခဲ့သလိ နယူးကာဆယ်နဲ့ ၅ မှတ်သာ ကွာဟတဲ့ အခြေအနေအထိ ရောက်ရှိသွာခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

နယူးကာဆယ်တို့ လာမယ့် မတ်လ ၁၁ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရဖို့ ရှိပြီး ဘရိုက်တန် ကတော့ ၁၂ ရက်နေ့မှာ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်