ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာက စာချုပ်သစ် ကိစ္စနဲ့ ပတ်သတ်လို့ မကျေမနပ် ဖြစ်နေကြောင်းကို ဖွင့်ဟ ပြောဆိုလာခဲ့ပြီ ဖြစ်ပါတယ်။ ဆာလာက သူ့ အနေနဲ့ စာချုပ်ကိစ္စနဲ့ ပတ်သတ်လို့ ခေါင်းထဲမှာ ရှိနေကြောင်း ပြောဆိုခဲ့သလို မန်စီးတီးနဲ့ အန်ဖီးလ်မှာ ကစားရတဲ့ ပွဲကလည်း သူ့ရဲ့ လစ်ဗာပူးလ် ကစားသမားဘဝ နောက်ဆုံး ပွဲလည်း ဖြစ်နိုင်ကြောင်း ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မိုဟာမက် ဆာလာက မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာ “ပွင့်ပွင့်လင်းလင်း ပြောရရင် စာချုပ်သစ် ဆွေးနွေးမှုက ကျွန်တော့် ခေါင်းထဲမှာ ရှိနေပါတယ်။ အခုချိန်အထိတော့ ဒါက လစ်ဗာပူးလ် အတွက် မန်စီးတီးနဲ့ နောက်ဆုံး ကစားရတဲ့ပွဲ ဖြစ်လို့ ပျော်ရွှင်ဖို့ပဲ လိုအပ်ပါတယ်။ ကွင်းထဲက အခြေအနေ ကလည်း မယုံနိုင်လောက်အောင် အရမ်းကောင်းတာမို့ ဒီမှာ ရှိနေရတဲ့ စက္ကန့်တိုင်းကို ကျွန်တော် ပျော်ရွှင်နေမှာပါ။ ကျွန်တော်တို့ အမှတ်ပေး ချန်ပီယံ ဖြစ်ဖို့ပဲ မျှော်လင့်ထားပါတယ်။ ဘာတွေ ဖြစ်မလဲ ဆိုတာ ကြည့်ကြတာပေါ့။” လို့ ပြောကြားခဲ့ပါတယ်။
ဆာလာက ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ် ဖြစ်တဲ့ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပွဲအပြီးမှာလည်း စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆာလာက “ကျွန်တော် အသင်းမှာ ဆက်နေဖို့ထက် ထွက်သွားဖြစ်ဖို့ များပါတယ်။ အခုအချိန်အထိ လစ်ဗာပူးလ် အသင်း တာဝန်ရှိသူတွေ ဘက်က ခိုင်မာတဲ့ ကမ်းလှမ်းမှု တစ်ခုမှ မလုပ်သေးတာကိုလည်း အံ့သြမိပါတယ်။” လို့ ပြောကြားခဲ့ဖူးပါတယ်။ မိုဟာမက် ဆာလာ အခုလို ပြောဆိုအပြီးမှာလည်း ပရိသတ်တွေ အနေနဲ့ လစ်ဗာပူးလ် ဘက်က အခုလို နှောင့်နှေးမှုတွေ အပေါ် ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ်လျက် ရှိပါတယ်။
လစ်ဗာပူးလ် ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေမှာ “အသင်းရဲ့ ဂန္ထဝင်ကစားသမား ဖြစ်တာ တစ်ချက်တည်းကြောင့် မဟုတ်ဘဲ လက်ရှိ ဘောလုံးကမ္ဘာမှာ မိုဟာမက် ဆာလာလို ကစားသမား ဘယ်နှဦးများ ရှိလို့လဲ။ ဘာကြောင့် စာချုပ်ချုပ်ဖို့ တွေဝေနေသလဲ ဆိုတာ စဉ်းစားလို့မရဘူး” လို့ ဝေဖန် ပြစ်တင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် “ဆာလာသာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်သွားခဲ့ရင် နစ်နာမှာက လစ်ဗာပူးလ်ပဲ” လို့လည်း ရေးသားခဲ့ပါသေးတယ်။
မိုဟာမက် ဆာလာက ဒီဇင်ဘာ ၁ ရက်နေ့ အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးကို ၂-ဝ ဂိုးနဲ့ အနိုင်ရရှိပြီးနောက် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆာလာဟာ အဲဒီ ပွဲစဉ်မှာ ဂက်ခ်ပို သွင်းယူခဲ့တဲ့ အဖွင့်ဂိုးကို ဖန်တီးပေးခဲ့သလို ၇၈ မိနစ်မှာလည်း ပယ်နယ်တီ ကနေ တဆင့် ဒုတိယဂိုး ကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်သားက ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု တစ်ပြိုင်တည်း ပြုလုပ်နိုင်ခြင်းမှာ ၃၆ ပွဲ မြောက် ဖြစ်ပြီးတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီရဲ့ စံချိန်နဲ့လည်း တူညီသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.