နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စပါး၊ အတ္တလန္တာနဲ့ မန်စီးတီး ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေတဲ့ မာတင် အိုဒီဂတ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ မာတင် အိုဒီဂတ် ကတော့ ဩစတြီးယားကို ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နော်ဝေ အတွက် ပါဝင်ကစားရင်း ဒဏ်ရာရသွားခဲ့ပါတယ်။

အာဆင်နယ် အသင်း ခေါင်းဆောင်ဟာ ပွဲချိန် ၆၇ မိနစ်မှာ ဩစတြီးယား တောင်ပံ ကစားသမား ဘမ်ဂတ်နာနဲ့ ထိခိုက်မိပြီး ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အိုဒီဂတ် အနေနဲ့ သူ့ရဲ့ ဒဏ်ရာကို ထပ်မံ စစ်ဆေးဖို့ အတွက် အာဆင်နယ် အသင်းထံ ပြန်သွားခဲ့ပြီ ဖြစ်ကြောင်း နော်ဝေ နည်းပြ စတေးလ် ဆိုလ်ဘက်ကန်က အတည်ပြု ပြောကြားထားခဲ့ပါတယ်။

လက်ရှိမှာ ကစားသမားရဲ့ ဒဏ်ရာ အနေအထားကို သိရှိရဖို့ အတွက် ဆေးစစ်မှုတွေ ထပ်မံ ပြုလုပ်ရဖို့ ရှိနေပြီး မကြာခင်မှာတော့ အဖြေထွက်လာဖို့ ရှိပါတယ်။ သတင်းတွေအရ ဆိုရင် အိုဒီဂတ်ဟာ ဘရိုက်တန်နဲ့ ကစားပြီးကတည်းက သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ပုံမှန် မဟုတ်ခဲ့ဘူးလို့ သိရပြီး ဒါကို နိုင်ငံ အသင်း အတွက် ဆက်လက် ကစားပေးခဲ့လို့ အခုလိုမျိုး ဒဏ်ရာရသွားခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ မာတင် အိုဒီဂတ်ဟာ အစောပိုင်းမှာ ခြေကျင်းဝတ် ပွန်းပဲ့ ဒဏ်ရာသာ ရရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပေမယ့် ဓာတ်ပုံတွေမှာ တွေ့ရှိရတာ အရ ဆိုရင် နော်ဝေသားဟာ လေယာဉ်ပေါ် တက်ဖို့ ချိုင်းထောက်တွေ ကိုတောင် အသုံးပြုနေရတာ ဖြစ်ပါတယ်။

အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် မှာ စပါး၊ မန်စီးတီး တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက် တွေ့ဆုံရမှာ ဖြစ်သလို ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အဖြစ်တော့ အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်းမှာ တော်တော်လေး အားနည်းနေတဲ့ အာဆင်နယ်

အိုဒီဂတ်နဲ့ ထိခိုက်မိခဲ့တဲ့ ဩစတြီးယား ကစားသမား ဘမ်ဂတ်နာ ကတော့ အိုဒီဂတ်ကို တောင်းပန်ခဲ့ပြီး အလျင်အမြန် သက်သာလာစေဖို့လည်း ဆုတောင်းပေးသွားခဲ့ပါတယ်။ ဘမ်ဂတ်နာက “ဒီလို အံ့သြစရာ ကောင်းတဲ့ ကစားသမားကို ထိခိုက်မိစေဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး။ သူ အကောင်းဆုံးနဲ့ အမြန်ဆုံး ပြန်ကောင်းလာနိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒီထက် ပိုပြီးလည်း သန်မာလာပါစေ။” လို့ သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာ ကနေ တဆင့် ရေးသား တောင်းပန်သွားခဲ့တာ ဖြစ်ပါတယ်။

အခု လာမယ့် ပွဲစဉ် (၄) မှာတော့ အာဆင်နယ်က မြောက်လန်ဒန် ပရီးမီးယားလိဂ် ခါးသီး ပြိုင်ဘက် စပါးနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲဟာ စပါးရဲ့ ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်တာကြောင့် ဒဏ်ရာရ ကစားသမားများနေတဲ့ အာဆင်နယ် အတွက်တော့ စိတ်ညစ်စရာပါပဲ။ လက်ရှိ အာဆင်နယ်ရဲ့ ကွင်းလယ်မှာ ဒီကလန် ရိုက်စ် ကလည်း ပွဲပယ် ပြစ်ဒဏ်ထိထားသလို မာတင် အိုဒီဂတ် ကပါ ဒဏ်ရာရသွားခဲ့တာကြောင့် သိသိသာသာ အားနည်းနေဖို့တော့ ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ဂါဘရီရယ် ဂျေဇုစ် တစ်ယောက် ဒီပွဲကို အချိန်မီ ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိနေပြီး အာတေးတား အနေနဲ့တော့ ကွင်းလယ်မှာ ကိုင် ဟာဗက်ဇ်နဲ့ ဂျော်ဂျော်ညို ဒါမှမဟုတ် လူငယ် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အီသန် နွမ်နာရီ တို့ကို တွဲဖက် ကစားစေဖို့ ရှိလာနိုင်ပါတယ်။

အာဆင်နယ်ဟာ အခုတစ်ပတ် အတွင်းမှာ တော့တင်ဟမ်ဟော့စပါး၊ အတ္တလန္တာနဲ့ မန်ချက်စတာစီးတီး တို့လို အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် မှာ စပါး၊ မန်စီးတီး တို့လို အသင်းကြီးတွေနဲ့ ဆက်တိုက် တွေ့ဆုံရမှာ ဖြစ်သလို ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် အဖြစ်တော့ အတ္တလန္တာနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်