နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝုဗ်မှာ ပျော်နေတယ်လို့ ပြောလာတဲ့ ယူနိုက်တက် ပစ်မှတ် ကွန်ဟာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဝုဗ် တိုက်စစ်မှူး မားသီးယပ်စ် ကွန်ဟာကို လစာ နှစ်ဆ ပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို သတင်းတွေ ထွက်နေချိန်မှာ ကစားသမား ဖြစ်သူ ကတော့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်း မှာပဲ ပျော်ရွှင်နေတယ် ဆိုပြီး ဖွင့်ဟာလာခဲ့တာ ဖြစ်ပါတယ်။ 

ကွန်ဟာက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေချိန်မှာ ဝုဗ် အသင်းမှာပဲ ‘အရမ်းပျော်ရွှင်နေပါတယ်’ ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားက မိုလီနက်စ်မှာ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်ပြီး ယူနိုက်တက် ကတော့ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ 

ကွန်ဟာ ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပရီးမီးယားလိဂ် ကလပ် ဝုဗ်ကို ကနဦး အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ရောက်ရောက်ချင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာတော့ ဝုဗ် အတွက် ၁၂ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကွန်ဟာက ပြီးခဲ့တဲ့ ရာသီက ဝုဗ် အတွက် ပြိုင်ပွဲစုံ ၃၆ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းကာ ဖန်တီးမှုလည်း ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဝုဗ်ဟာ ကွန်ဟာကို အငှားစာချုပ် ပြည့်ချိန်မှာ ပေါင် ၄၄ သန်း (ယူရို သန်း ၅၀) နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ကွန်ဟာက ရာသီပြီးဆုံးလို့ အားလပ်ရက်မှာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ဘရာဇီးလ်ကို ပြန်ရောက်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာကြောင့် အင်တာဗျူး မေးမြန်းရာမှာတော့ ဝုဗ်မှာပဲ သူ့ရဲ့ ဘဝကို ကျေနပ်လျက် ရှိကြောင်း အခိုင်အမာ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ 

မားသီးယပ်စ် ကွန်ဟာက “ဒီကိစ္စက အလျင်စလို ဖြစ်နေတယ်လို့ ကျွန်တော်တို့ မြင်မိပါတယ်။ ဒါပေမယ့် ဝုဗ်မှာ ကျွန်တော် အရမ်းပျော်ပါတယ်။ အခု လောလောဆယ် ကျွန်တော့် ခေါင်းထဲမှာ ရှိတာက အနားယူပြီး မိသားစုနဲ့ အတူ ကုန်ဆုံးဖို့ပါ။ ဝုဗ်မှာ ကျွန်တော် အရမ်းပျော်နေပါတယ်။ အခု အာရုံစိုက်တာက ပိုကောင်းတဲ့ ရာသီတွေနဲ့ အသင်း အတွက် ကူညီပေးဖို့ပါ။ [မျှော်လင့်ပါတယ်] ကျွန်တော် ဒီမှာပဲ ဆက်ရှိနေမှာပါ” လို့ ဘရာဇီးလ် ဒေသခံ မီဒီယာတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။အထောင်တိုက်စစ်နေရာအပြင် တောင်ပံနှစ်ဖက်မှာပါ ကစားနိုင်သူ ကူညာဟာ ဝုလ်ဗ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၆၀၀၀၀) အထိ ရရှိနေသူ ဖြစ်ပေမယ့်လည်း သူ့ကို ယူနိုက်တက်က လက်ရှိ တစ်ပတ် လုပ်ခထက် (၂) ဆ တိုးပေးပြီး ကမ်းလှမ်းသွားဖို စီစဉ်နေတာ ဖြစ်ပါတယ်။

ကူညာဟာ ဝုဗ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသူ ဖြစ်သလို ဝုဗ်ရဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်နေတာကြောင့် သူ့ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၆၀) လောက် အထိ တောင်းဆိုလာဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ ကွန်ဟာ အပြင် ဝက်စ်ဟမ်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ကူဒု့စ် ကိုပါ ပစ်မှတ်ထားနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်