နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်မရာဘတ်ကို အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

 ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဖီအိုရင်တီးနားက အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဆိုဖရန် အမ်မရာဘတ်ကို စာချုပ်ပါ အချက်အလက်တိုင်း အပြီးသတ် ခေါ်ယူသွားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ယူနိုက်တက်ဟာ အမ်မရာဘတ်ကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ ဖီအိုရင်တီးနား ကနေ တစ်ရာသီ အငှား+ယူရို သန်း ၂၀ တန် အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ယူနိုက်တက်က အမ်မရာဘတ်ကို အငှားသက်တမ်း ကုန်ဆုံးသွားရင် ဖီအိုရင်တီးနားဆီ ပြန်လည် ပို့ဆောင်ဖို့ အစီအစဉ် ရှိခဲ့သလို အခု လက်ရှိမှာလည်း အပြီးသတ် စာချုပ်မချုပ်ဖို့ ဖီအိုရင်တီးနား ဘက်ကို အသိပေးထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်မရာဘတ်ရဲ့ ခြေစွမ်းကို ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သဘောကျနေတာကြောင့် အပြီးသတ် ခေါ်ယူခွင့်နဲ့ မဟုတ်ပေမယ့် အခြားသော မတူညီတဲ့ သဘောတူညီမှုမျိုးနဲ့ ခေါ်ယူသွားဖို့ ဆွေးနွေးချင်နေတယ်လို့တော့ သိရပါတယ်။

အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ရာသီသိမ်းချိန်လောက်မှာ အသင်းနဲ့ အံ့ဝင်လာခဲ့တာကြောင့် ဆက်ထိန်းထားဖွယ် ရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် အကြောင်းအရာ တစ်ခုက ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကက်စ်မဲရိုးနဲ့ အဲရစ်ခ်ဆင် တို့ကို လက်လွတ်သွားရဖို့ များနေသလို ဗန်ဒီဘိခ် ကလည်း ဂီရိုနာ အသင်းထံ ပြောင်းရွှေ့သွားခဲ့တာကြောင့် ကွင်းလယ်ပိုင်းမှာ အင်အား ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား ခေါ်ယူဖို့ အတွက် ငွေကြေး အကန့်အသတ်နဲ့သာ အသုံးပြုရမယ့် ယူနိုက်တက် အတွက် အမ်မရာဘတ် အတွက် ပေါင် (၂၁) သန်းတန် စာချုပ်ကသာ အဆင်အပြေဆုံး ဖြစ်နေခဲ့တာပါ။

ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ အထိ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ အမ်မရာဘတ်ဟာ ယူနိုက်တက် မှာတော့ ရောက်ရောက်ချင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးလောက်မှတော့ သူရဲ့ ပုံမှန် ခြေစွမ်းတွေ ပြန်လည် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ အက်ဖ်အေဖလား ရရှိရေး အတွက်လည်း အရေးကြီးတဲ့ နေရာ ကနေ ပါဝင်ခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် ဆိုဖရန် အမ်မရာ ဘတ်ဟာ သူကိုယ်တိုင်က ဖီအိုရင်တီးနားကို ပြန်သွားလိုခြင်း မရှိပဲ ယူနိုက်တက် ဆီသာ အပြီးသတ် ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက် ဘက်ကလည်း ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေသလို ပြောင်းရွှေ့ကြေးလည်း အနည်းသာ သုံးရမယ့် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ် ရှိခဲ့တာပါ။ ဒါပေမယ့်လည်း အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း သိရဖို့ အတွက် ပြီးခဲ့တဲ့ တစ်ပတ် အတွင်းမှာပဲ INEOS က ဆုံးဖြတ်ချက် သေသေချာချာ ချသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ လက်ရှိမှာ ကစားသမား ၂ ဦး အတွက် ယူရို သန်း ၁၀၀ ကျော် အသုံးပြုပြီး ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လိုင်လီက လီနီ ယိုရို၊ ဘိုလော့ဂ်နာက ဇီယက်ခ်ဇီး တို့ကို ခေါ်ယူထားတာပါ။ သတင်းတွေအရ ဆိုရင် ယူနိုက်တက်က အသင်းမှာ ရှိတဲ့ ကစားသမား တချို့ကို ရောင်းထုတ်သွားဖို့ ရှိသလို ပစ်မှတ်ထားတဲ့ ကစားသမားတွေကိုလည်း ထပ်မံ ခေါ်ယူသွားဖို့လည်း ရှိနေဆဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်