နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်ကြောင့် ၁၂ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့တဲ့ မန်စီးတီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဆောက်သမ်တန် ၁-၁ မန်ချက်စတာစီးတီး

အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ဦးဆောင်နေတဲ့ ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆောက်သမ်တန်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့လို့ ပရီးမီးယားလိဂ် ၁၂ ဆက်တိုက် နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဒဏ်ရာရ ပွဲပယ် ကစားသမား နည်းခဲ့တဲ့ နှစ်သင်းလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် ဆောက်သမ်တန်က ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ကာ မန်ချက်စတာစီးတီး ကတော့ ထုံးစံ အတိုင်း ၄-၃-၃ ကိုပဲ သုံးခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးရဲ့ အထောင် တိုက်စစ်မှူး နေရာမှာ ဂါဘရီရယ် ဂျီဆုစ် အစား ဂျက်ဂရီးလစ်ရှ်ကို အသုံးပြုခဲ့ပြီး အာဖရိကဖလား သွားကစားနေတဲ့ မားရက်ဇ် နေရာမှာ စတာလင်ကို ထားပြီး စတာလင်ရဲ့ နေရာမှာတော့ ဖေးလ်ဖိုဒန် ကစားသွားခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ ပုံမှန် အသုံးပြုနေကျ ဒီဘရိုင်းနား၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဒီးရာ့ဇ်၊ လာပေါ့တ်၊ ရိုဒရီ တို့ပဲ ပါဝင်လာခဲ့ပြီး ပြိုင်ဘက်ကို High Pressing နဲ့ ပွဲစကတည်းက ဖိအားပေးဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ Rhythm မိနေတဲ့ ဆောက်သမ်တန် ကတော့ ဒီနေ့ပွဲမှာ မန်ချက်စတာစီးတီး ဘက်ကို မထင်မှတ် မထင်မှတ်သလို တန်ပြန် တိုက်စစ်နဲ့ တုန့်ပြန် ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ပွဲအစ ၇ မိနစ် မှာတင်ပဲ အိမ်ရှင် စိန့်တို့ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဒီဂိုး ကိုတော့ တောင်ပံ ကစားသမား နေသန် ရက်ဒ်မွန်ရဲ့ ပေးပို့မှုကနေ ညာနောက်ခံလူ ဝေါလ်ကာ ပီတာစ်က အပြင်းကန်ချက်နဲ့ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဘရိုဂျာ အနေနဲ့ ရိုမီယူရဲ့ ကန်တင်ပေးပို့မှုကို အကောင်းဆုံး အဆုံးသတ် နိုင်ခဲ့ပေမယ့် လူကျွံနေလို့ စိန့်တို့ ဒုတိယ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ မန်စီးတီး ဘက်ကလည်း အချိတ်အဆက် မိမိနဲ့ ပြန်လည် ထိုးဖောက်ခဲ့ရမှာ စတာလင်ရဲ့ ပထမကန်ချက် ဂိုးဘားတန်းပေါ်က ကျော်သွားခဲ့သလို ဒုတိယ ကန်ချက် ကိုတော့ ဂိုးသမား ဖရေဆာ ဖော်စတာ ကာကွယ်သွားနိုင်ခဲ့လို့ စီးတီးတို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း မှာတော့ မန်စီးတီးတို့ ဂါဘရီရယ် ဂျီဆုစ်ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် အဆုံးသတ် လိုအပ်ချက်တွေ ရှိခဲ့သလို ဆောက်သမ်တန် ဘက်က ကန်ချက် တချို့ နီးစပ်ခဲ့ပေမယ့် ဂိုးကံခေခဲ့လို့ နှစ်သင်းလုံး ဂိုးမရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ၆၅ မိနစ် မှာတော့ ဒီဘရိုင်းနားရဲ့ ဖန်တီးပေးမှု ကနေ နောက်ခံလူ အေးမရစ်ခ် လာပေါ့တ်က အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့လို့ မန်စီးတီးတို့ ချေပဂိုး ရသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ မန်စီးတီး ဘက်က ကန်ချက် တိုင်ထိ ထွက်ခဲ့သလို ဆောက်သမ်တန် နောက်ခံလူတွေ ဖြစ်တဲ့ ဘက်ဒ်နာရက်ခ်၊ ဆယ်လီဆူနဲ့ ဂိုးသမား ဖော်စတာ လက်စွမ်းပြခဲ့လို့ ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ၁ မှတ်စီပဲ ခွဲယူခဲ့ကြရပါတယ်။

ခြေစွမ်း ပြန်လည် တည်ငြိမ်စ ပြုနေတဲ့ ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဆောက်သမ်တန်

ပွဲပြီးသုံးသပ်ချက်

အမှတ်ပေးဇယား ထိပ်ဆုံး ကနေ ရရင် ရသလောက် အမှတ်ဖြတ် ဦးဆောင်နိုင်ဖို့ ရည်ရွယ်နေတဲ့ ပပ်ဂွာဒီယိုလာ အတွက် ကတော့ နောက်ထပ် စိတ်ပျက်စရာ ပွဲစဉ် ဖြစ်ခဲ့တယ် လို့ပဲ ဆိုရပါမယ်။ လူစာရင်းရော၊ ကစားအားပါ သာခဲ့ပေမယ့် အသင်းလိုက် စုစည်းမှု အားကောင်းနေပြီး Rhythm မှန်နေတဲ့ စိန့်ရဲ့ ကစားပုံကြောင့် မထင်မှတ် အမှတ်လျော့ခဲ့တယ် လို့လည်း ပြောလို့ ရပါတယ်။ သရေပွဲကြောင့် မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် ၁၂ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့ရပေမယ့် ဒုတိယနေရာက လစ်ဗာပူးလ်ထက် ၂ ပွဲ ပိုကစားပြီး ၁၂ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ခြေစွမ်း ပြန်လည် တည်ငြိမ်စ ပြုနေတဲ့ ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာပဲ ဆက်လက် ရပ်တည်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်ရော မန်ချက်စတာစီးတီးပါ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ် ကစားဖို့ ရှိပြီး စိန့်က ကိုဗင်ထရီ၊ မန်ချက်စတာစီးတီး ကတော့ ဖူလ်ဟမ်နဲ့ အသီးသီး ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်