နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖောရက်စ်ကို အနိုင်ယူပြီး ချန်ပီယံဆုဆီ ခြေတစ်လှမ်း ထပ်လှမ်းခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် ၀-၂ မန်ချက်စတာစီးတီး 

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက်ကို ဆက်လက် အသက်သွင်းနေဆဲ ဖြစ်ပါတယ်။ ထိပ်ဆုံးက အာဆင်နယ်ဟာ အမှားအယွင်း မရှိ နိုင်ပွဲတွေ ရယူနေသလို မန်စီးတီး ကလည်း နိုင်ပွဲတွေ ဆက်နေခြင်းနဲ့ အတူ အာဆင်နယ်ကို ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ မန်စီးတီးကို အိမ်ကွင်းမှာ ခံစစ် ပိတ်ကစားဖို့ ကြိုးပမ်းခဲ့ပြီး ၅-၄-၁ အခင်းအကျင်းနဲ့ ရင်ဆိုင်သွားခဲ့ပါတယ်။ ဆဲလ်စ်၊ ဝီလီယမ်စ်၊ ဘိုလီ၊ မူရီလို၊ နီယာခိတ်၊ အိုင်နာ၊ ဒန်နီလို၊ ဂစ်ဘ် ဝှိုက်၊ အီလန်ဂါ၊ အိုဒွိုင်း၊ ဝုဒ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး ဘက်မှာတော့ အီဒါဆင်၊ အာကန်ဂျီ၊ အေခီ၊ ဂဗာဒီယိုလ်၊ ဝေါလ်ကာ၊ ရိုဒရီ၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဒိုခု၊ ဂရီးလစ်ရှ်၊ အဲလ်ဗာရက်ဇ် တို့ ပါဝင်လာခဲ့ပြီး ဟာလန်း ကလည်း အရန်လူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

ရှေ့ပွဲမှာ အာဆင်နယ်က စပါးကို အနိုင်ယူပြီး အမှတ်ပြည့် ရသွားခဲ့တာကြောင့် မန်စီးတီးတို့ အမှားမခံစတမ်း ကစားပြီး နိုင်ပွဲယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း တန်းဆင်းဇုန် ရုန်းအားတွေနဲ့ ကစားခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်ကြောင့် မန်ချက်စတာစီးတီးတို့ အခက်တွေ့ခဲ့ရပြီး ပွဲအစပိုင်းမှာ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲချိန်ကြာလာတာနဲ့ အမျှ မန်စီးတီးတို့ ကစားကွက် ပိုစီးလာခဲ့ပြီး ပွဲချိန် ၃၂ မိနစ် မှာတော့ ဂဗာဒီယိုလ်က ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အပြန်အလှန် ရှိခဲ့ပေမယ့် မန်စီးတီး ကပဲ အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုး ကိုတော့ လူစားဝင် တိုက်စစ်မှူး အာလင်း ဟာလန်းက သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ မန်စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး ဝုဗ်၊ ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၇ နေရာမှာ ဆက်ရှိနေတဲ့ ဖောရက်စ်

မန်စီးတီးဟာ တန်းဆင်းဇုန်နား ကပ်နေတဲ့ နော့တင်ဟမ်ဖောရက်စ်ကို အသည်းအသန် ကစားလိုက်ရတာ ဖြစ်ပြီး အိမ်ရှင် အသင်းရဲ့ အခွင့်အရေး အသုံးမချနိုင်မှုတွေကြောင့် အနိုင်ရခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။ ပွဲအပြီးမှာ ပပ်ဂွာဒီယိုလာက Title Race နဲ့ ပတ်သတ်လို့ အာဆင်နယ်က လက်ကျန်ပွဲစဉ် ၃ ပွဲစလုံးမှာ အမှတ် ဆုံးရှုံးခံမယ်လို့ မထင်ကြောင်း သူတို့ အနေနဲ့ သူတို့ ဘာလုပ်ရမယ် ဆိုတာ သိထားကြောင်း၊ အာဆင်နယ်ကို အမှတ် ဆုံးရှုံးစေချင်ပေမယ့် သူတို့ လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ကြောင်း အခု စပါးနဲ့ ပွဲမှာလည်း ရလဒ်ကောင်း ရှာနိုင်ခဲ့ကြောင်း၊ ဘာမဆို ဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဂွာဒီယိုလာက “လစ်ဗာပူးလ် အမှတ်လျော့သလိုမျိုး ကျနော်တို့ရော၊ အာဆင်နယ်ပါ အမှတ်လျော့တာ ဖြစ်နိုင်ပါသေးတယ်။ လက်ကျန် ပွဲတွေက အားလုံး အတွက် ခက်ခဲနေမှာပါ။ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲ၊ စပါးနဲ့ အဝေးကွင်း ပွဲတွေက ကျွန်တော်တို့ အတွက် ခက်ခဲပါလိမ့်မယ်။ ကျနော်တို့ သရေ တစ်ပွဲကျတာနဲ့ ပရီးမီးယားလိဂ်   ချန်ပီယံဆုနဲ့ လွဲချော်သွားပါလိမ့်မယ်” လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ မန်စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး ဝုဗ်၊ ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ၃ ပွဲသာ ကစားဖို့ ကျန်ရှိပြီး ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန် တို့နဲ့ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်