နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဗာရက်ဇ်ကို ပေါင် ၇၅ သန်းရမှ ရောင်းမယ့် မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကတော့ အသင်း ကနေ ထွက်ခွာချင်နေတဲ့ တိုက်စစ် ကစားသမား အဲလ်ဗာရက်ဇ် အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး၊ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့လို အသင်းတွေက ခေါ်ယူချင်နေတဲ့ အဲလ်ဗာရက်ဇ် အတွက် အနည်းဆုံး ပေါင် ၇၅ သန်း ရမှ ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း မန်စီးတီးက သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီ ၃ သင်းထဲမှာ မမ်းဖစ် ဒီပိုင်းနဲ့ အဲလ်ဗားရိုး မိုရာတာ တို့လို တိုက်စစ်မှူးတွေကို လက်လွတ်ထားခဲ့ရတဲ့ အက်တလက်တီကိုမက်ဒရစ် ကတော့ အဲလ်ဗာရက်ဇ်ကို စိတ်အဝင်စားဆုံး ဖြစ်ပြီး မန်စီးတီး ဘက်က ကြေးသတ်မှတ်လိုက်တာကြောင့် ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ဟာ ၂ဝ၂၂ ခုနှစ်မှာ အာဂျင်တီးနား ထိပ်သီး ရေးဗားပလိတ် ကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာပါ။ အဲလ်ဗာရက်ဇ်ဟာ မန်စီးတီး အတွက် နှစ်ရာသီ အတွင်း ပြိုင်ပွဲစုံမှာ ပွဲတော်တော်များများ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အဓိက ပွဲစဉ် အများစု မှာတော့ ဟာလန်း ကသာ အဲလ်ဗာရက်ဇ်ထက် ပိုမို ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီအခြေအနေကို အဲလ်ဗာရက်ဇ် ဘက်က တော်တော်လေး စိတ်ပျက်နေပြီး အသင်း ပြောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ကို အက်တလက်တီကိုမက်ဒရစ် အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ကလည်း စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။ အဲလ်ဗာရက်ဇ်ဟာ မန်ချက်စတာစီးတီးနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် ဒီရက်ပိုင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဲလ်ဗာရက်ဇ် တစ်ယောက် ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်း တစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အစောပိုင်းမှာ မန်စီးတီးက သူတိုရဲ့ တိုက်စစ်မှူးကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို ပြောင်းရွှေ့ကြေး သတ်မှတ်တာမျိုးလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကစားသမားက မိသားစုကိုပါ အကြောင်းပြပြီး အသင်း ကနေ ထွက်ခွာချင်ကြောင်း ဖွင့်ဟလာခဲ့သလို ခေါ်ယူချင်တဲ့ အသင်းတွေ ကလည်း များပြားလာတာကြောင့် စီးတီး ဘက်က ကြေးသတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲလ်ဗာရက်ဇ်ဟာ ထိပ်တန်း အဆင့် ရှိတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး မန်စီးတီးမှာ ၂ ရာသီ အတွင်း ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ရာမှာ ၃၆ ဂိုးသွင်း (၁၈) ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုဆက် ချန်ပီယံ ဖြစ်ထားသူပါ။

မန်စီးတီးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက ကစားသမား တချို့ကို လက်လွှတ်ဆုံးရှုံး ရဖို့ ရှိနေပြီး အီဒါဆင် ကလည်း စီးတီးနဲ့ အနာဂတ် မသေချာကြောင်း ပြောကြားထားပြီး အဲလ်ဗာရက်ဇ် ကလည်း အက်တီဟတ်ကို စွန့်ခွာဖို့ စိတ်အားထက်သန်နေတာပါ။ အသင်းခေါင်းဆောင် ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း ဂွာဒီယိုလာက အတည်ပြုထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်