နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး၊ ဒေါသထွက်နေတဲ့ အာဆင်နယ် ပရိသတ်တွေကို လှောင်ပြောင်ခဲ့တဲ့ ဒီဘရိုင်းနား (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး၊ ဒေါသထွက်နေတဲ့ အာဆင်နယ် ပရိသတ်တွေကို လှောင်ပြောင်ခဲ့တဲ့ ဒီဘရိုင်းနား စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး

ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ အီတီဟတ်မှာ ကစားခဲ့ကြရာ မှာတော့ ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးက ဂိုးပြတ် အနိုင်ယူသွားခဲ့ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို ၃-၁ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တာ ဖြစ်ပြီး ရမှတ်တူ အနေအထားမှာ ဂိုးကွာခြားချက်နဲ့ မန်စီးတီးတို့ ဇယားထိပ်ဆုံးနေရာကို ရောက်ရှိသွားခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
အာဆင်နယ်
1X2 အက်စတန် ဗီလာ @ 4.10
အက်စတန် ဗီလာ အာရှ ဟန်းဒီးကပ် +0.50 @ 2.09
ဂိုးပေါ် 2.50 @ 1.99
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီးအတွက် ဒီဘရိုင်းက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ပွဲကစားချိန် ၄၂ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို ဆာကာက သွင်းယူကာ ချေပခဲ့လို့ ပထမပိုင်းမှာ ၁-၁ ဂိုးစီ သရေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဂျက် ဂရီ;လစ်ရှ်နဲ့ အာလင်း ဟာလန်း တို့က မန်စီးတီး အတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူကာ အာဆင်နယ်ကို အနိုင်ကစားပြခဲ့ပြီး ထိပ်ဆုံးနေရာကို တက်လှမ်းသွားခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ် ကတော့ အမှတ်ပေးဇယားကို ကာလရှည် ဦးဆောင်ခဲ့ပြီးမှ ဖယ်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒီရှုံးပွဲနဲ့ အတူ သူတို့ရဲ့ ပရီးမီယားလိဂ် ဖလား ရရှိရေး မျှော်လင့်ချက် ကလည်း တော်တော်လေးကို ခက်ခဲသွားတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ခဲ့တာ ဖြစ်ပြီး အမြင့်ဆုံးရနိုင်ချေ ၉ မှတ်မှာ ၁ မှတ်တည်းသာ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ဒေါသထွက်နေတဲ့ အာဆင်နယ် ပရိသတ်တွေကို လှောင်ပြောင်ခဲ့တဲ့ ဒီဘရိုင်းနား

ဒေါသထွက်နေကြတဲ့ အာဆင်နယ် ပရိသတ်တွေဟာ မန်ချက်စတာစီးတီးက သူတို့ အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ခြေစွမ်းပြသခဲ့တဲ့ မန်စီးတီး ကစားသမား ကီဗင် ဒီဘရိုင်းနားက လူစားလဲချိန်မှာ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အာဆင်နယ် ပရိသတ်တွေဟာ ဒီဘရိုင်းနားကို ပုလင်းတွေ၊ ခွက်တွေနဲ့ ပစ်ပေါက်ခဲ့ကြတာပါ။ 

ဒီဘရိုင်းနား ကတော့ ဒီလို လုပ်ခဲ့တဲ့ အပေါ် စိတ်အနှောက်အယှက် ဖြစ်တဲ့ပုံ မပေါ်ဘဲ အာဆင်နယ် ပရိသတ်တွေကို ဆိုရှယ် မီဒီယာ ကနေ ပြန်ပြီး လှောင်ပြောင်ခဲ့ပါတယ်။ ဒီဘရိုင်းနားက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ပုံတစ်ပုံမှာ “ ဘီယာ ဘယ်သူပေးမှာလဲ” လို့ ရေးခဲ့ပြီး ခေါင်းပေါ်မှာ ဝဲနေတဲ့ ခွက်နဲ့ ပုံမှာတော့ “ ကျေးဇူးပါပဲ” လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ ဒီပွဲမှာ မန်စီးတီး အတွက် အဖွင့်ဂိုး သွင်းယူခဲ့သလို ဟာလန်း သွင်းယူတဲ့ တတိယဂိုး ကိုလည်း ဖန်တီးမှု ပြုလုပ်ခဲ့တာပါ။ မန်စီးတီး အသင်းဟာ ဒီပွဲ အနိုင်ရလဒ်ကြောင့် ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ ထိပ်ဆုံး နေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ပွဲကျန် တစ်ပွဲ ကျန်နေသေးတာကြောင့် ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်ဖို့ အတွက် မျှော်လင့်ချက် ရှိနေပါသေးတယ်။


ပုံစံကောင်းပြသလိုလို၊ မပြသလိုလိုနဲ့ မမဆောင်း ဆန်ခဲ့တဲ့ ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ပြည်တွင်းလိဂ်မှာ နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့သလို ချန်ပီယံလိဂ် မှာလည်း ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန်ကို ပထမအကျော့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းကို ပြင်ဆင်မှုတွေ လုပ်ပြီး ကတည်းက နိုင်ပွဲ မရသေးတဲ့ ဒေါ့မန်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ပြည်တွင်းလိဂ်မှာ နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့သလို ချန်ပီယံလိဂ် မှာလည်း ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန်ကို ပထမအကျော့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ၁၆ သင်း အဆင့် ရှုံးထွက် ပထမအကျော့ အဖြစ် ကစားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးက ပုံစံကောင်း ပြသနိုင် သလိုလိုနဲ့ နောက်ဆုံးမှာ အရေးနိမ့်ခဲ့တာပါ။

ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက ထုံးစံ အတိုင်း ကိုင်ဟာဗက်ဇ်ကို အထောင်ထားပြီး မူဒရစ်ခ်၊ ယာအို ဖီးလစ်၊ အန်ဇို ဖာနန်ဒက်ဇ် တို့ကို အသုံးပြုခဲ့တာပါ။ ဒေါ့မန်က အိမ်ရှင်ပီပီ ဖိအားပေး ကစားခဲ့ပေမယ့် ချဲလ်ဆီးကို ထိုးဖောက်ဖို့ သိပ်တော့ မလွယ်ကူ ဖြစ်ခဲ့ရပြီး အဝေးကန်ချက်တွေနဲ့ အားပြု ကစားခဲ့ကာ ချယ်လ်ဆီး ကလည်း ဂိုးကန်သွင်းခွင့်တွေ အများအပြား ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

ချဲလ်ဆီးဟာ ဂိုးပေါက် ကန်သွင်းချက် ၂၁ ကြိမ် အထိ ရှိခဲ့ပြီး ၈ ကြိမ် ဂိုးပေါက် တည့်ခဲ့ပေမယ့် ဂိုးမရခဲ့တာပါ။ ဒေါ့မန် ကတော့ ဂိုးကန်သွင်းချက် ၁၄ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်တည်း ရှိခဲ့ပြီး ၆၃ မိနစ်မှာ အဒီယီမီက အဖိုးတန် အနိုင်ဂိုး သွင်းယူခဲ့တာပါ။ ဒါကြောင့် ချဲလ်ဆီးတို့ ဇန်နဝါရီမှာ ပေါင်သန်း ၄၀၀ ဖိုး အင်အား ဖြည့်တင်းပြီးနောက် ကစားခဲ့တဲ့ ပွဲတိုင်းကို နိုင်ပွဲ မရသေးဘဲ ဒုတိယအကျော့ အိမ်ကွင်းပွဲကို ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်