နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီးရဲ့ ခြေချော်မှုကို ဂိုးပြတ် အနိုင်ရလဒ်နဲ့ အခွင့်ကောင်းယူနိုင်ခဲ့တဲ့ မန်စီးတီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဝက်ဖို့ဒ် ၁ – ၃ မန်ချက်စတာစီးတီး

ဒီဇင်ဘာ ပွဲကြပ်ကာလ အဖြစ် ရင်ဆိုင်နေရတဲ့ ဝက်ဖို့ဒ် တို့ကတော့ အိမ်ကွင်းမှာ ထင်သလောက် မလုပ်ပြနိုင်ခဲ့ပါဘူး။ မန်စီးတီး ကတော့ အစောပိုင်း ပွဲတွေမှာ ချဲလ်ဆီး ရှုံးပွဲ တွေ့ထားတဲ့ အပြင် လီဗာပူးလ်က အနိုင်ရခဲ့တဲ့အတွက် အနိုင်ရဖို့ အားအပြည့်စိုက်ခဲ့ပါတယ်။ ကစားသမား အင်အားပိုင်း ကွာခြားချက်ကြောင့် မန်စီးတီးတို့ အသာစီးရခဲ့လို လိုအပ်နေတဲ့ ရမှတ် ၃ မှတ်နဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဝက်ဖို့ဒ် အတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားရတယ် ဆိုပေမယ့် အသင်းကြီးတွေကို ဆက်တိုက် ကစားရတဲ့ အခြေအနေက အသင်းငယ် တစ်သင်းကို ဖိအားဖြစ်စေပါတယ်။ မန်စီးတီး ကတော့ အမှတ်ပေးဇယား အဆင့် ၁ နေရာအတွက် အမှားအယွင်း မရှိခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ဒန်းနစ်၊ ဆစ်ဆိုကို၊ ဂျိုရှုအာကင်း၊ ကလီဗာလေ၊ ဒန်နီရို့စ် တို့နဲ့အတူ ဝက်ဖို့ဒ်တို့ လူစုံခဲ့ပါတယ်။ ပွဲအစကတည်းက မန်စီးတီးရဲ့ တစ်ဖက်သတ် ဖိအားပေး ကစားမှုကြောင့် အိမ်ရှင်အသင်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ပွဲအစ ၄ မိနစ်မှာတင် စတာလင်းက ဦးဆောင်ဂိုး ရယူပေးခဲ့တဲ့ အတွက် မန်စီးတီးတို့ အသာရခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု အသာ၊ အခွင့်အရေး ရရှိမှုအသာတို့နဲ့ ဆက်တိုက် ဖိအားပေးခဲ့တာပါ။ အခွင့်အရေးအချို့ ရရှိခဲ့ပေမယ့် ဝက်ဖို့ဒ် တိုက်စစ်မှူးတွေ အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၃၁ မိနစ်မှာ ဘာနာဒိုဆေးဗားလ်က ဒုတိယ ဦးဆောင်ဂိုး ထပ်သွင်းခဲ့ပြီးနောက် ပွဲကပြီးသလောက် ဖြစ်သွားခဲ့ပါတယ်။ တစ်ဖက်သတ် ဖိအားပေးခံရခြင်း နဲ့အတူ ဂိုးတွေပါ ပေးခဲ့ရတဲ့ အခြေအနေက ဝက်ဖို့ဒ် အတွက် တကယ်ကို မလွယ်ကူတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားလဲမှု ၂ ကြိမ် ပြုလုပ်ခဲ့ပေမယ့် ဝက်ဖို့ဒ်တို့ ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ကစားကွက်ပိုင်း ဘယ်လိုမှ မယှဉ်နိုင်ခဲ့တဲ့အပြင် ပွဲချိန် ၆၃ မိနစ်မှာ ဘာနာဒိုဆေးဗားလ်က တတိယမြောက် ဦးဆောင်ဂိုး ထပ်ရယူ ပေးခဲ့ပြီးတဲ့နောက် မန်စီးတီးအနိုင် ပြတ်သားခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ လူစားဝင် ကစားသမား ဂျူအန်ဟာနန်ဒက်စ်က အိမ်ရှင် အသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်ပြီး ရယူ ပေးနိုင်ခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်မှာတော့ နှစ်သင်းလုံး ပွဲကို ထိန်းကစားခဲ့သလို မန်စီးတီး ခံစစ်ကလည်း အမှားအယွင်း မရှိခဲ့ပါဘူး။ ပွဲအပြီးမှာတော့ ဝက်ဖို့ဒ်တို့ အိမ်ကွင်းမှာ ၁-၃ ဂိုးရလဒ်နဲ့ အရှုံးပေးခဲ့ရပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန် ဖိအားတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ပဲရစ် စိန့် ဂျာမိန်း
ကလပ် ဘရက်ဂီ
1X2 သရေ @ 5.60
ပဲရစ် စိန့် ဂျာမိန်း အာရှ ဟန်းဒီးကပ် -1.75 @ 2.14
ဂိုးပေါ် 3.75 @ 2.33
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

မန်စီးတီး အတွက်ကတော့ လိုအပ်တဲ့ အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ အသင်းကြီးတွေကို အခက်တွေ့အောင် ကစားနိုင်ခဲ့တဲ့ ဝက်ဖို့ဒ် ကတော့ ဒီတစ်ခေါက် ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ကစားသမား အင်အားပိုင်း ကွာခြားချက်က အဓိကအဖြေလည်း ဖြစ်ခဲ့ပါတယ်။ ဒဏ်ရာရ ကစားသမားတွေ ရှိနေတဲ့ အသင်းတွေဖြစ်ပေမယ့် အသင်းကြီးဖြစ်တဲ့ မန်စီးတီးကပဲ ပိုပြီး အသာရခဲ့တာပါ။ ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမား အင်အားအစုအဖွဲ့မှာတော့ ဝက်ဖို့ဒ်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်တည့်မှုတွေ အားလုံး မန်စီးတီးကို ဝက်ဖို့ဒ်တို့ အသာမရခဲ့တာပါ။ လိုအပ်တဲ့ အနိုင်ရလဒ်တစ်ခု ရရှိထားခဲ့ပြီးနောက် ပွဲကို ထိန်းကစားခဲ့တဲ့ အတွက်ကြောင့်သာ ၁-၃ ဂိုးရလဒ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အနိုင် ပြတ်သားခဲ့တဲ့ မန်စီးတီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်လည် အရယူနိုင်ခဲ့ပါပြီ။


လာမယ့်ပွဲစဉ်များ

ဝက်ဖို့ဒ် အနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရန့်ဖို့ဒ် အသင်းရဲ့ အိမ်ကွင်းကို သွားကစားရဖို့ ရှိနေပြီး မန်ချက်စတာစီးတီး အသင်းကတော့ ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အဖြစ် လိုက်ပ်ဇစ် အသင်းကို ရင်ဆိုင်ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်