နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ခြေစွမ်းပြပြီး အဲဗာတန်ကို သက်တောင့်သက်သာ အနိုင်ယူခဲ့တဲ့ မန်စီးတီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၃ – ၀ အဲဗာတန်

တနင်္ဂနွေနေ့ ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ တိုက်စစ် ခြေစွမ်းပြပြီး ၃ ဂိုးပြတ် ရလဒ်နဲ့ အဲဗာတန်ကို အနိုင်ရသွားခဲ့ပါတယ်။ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရခဲ့တဲ့ မန်စီးတီးတို့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက ချဲလ်ဆီးကို ၃ မှတ် အကွာ အနေအထား ကနေ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ပွဲစဉ်အကျဉ်း

မန်စီးတီး ဘက်မှာ အဓိက ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းနား ကိုဗစ် ၁၉ ကူးစက်ခံထားရလို့ ပါဝင် ကစားနိုင်ခြင်း မရှိခဲ့သလို ဂရီးလစ်ရှ်၊ ဖာရန်း တောရက်စ်တို့လည်း ဒဏ်ရာပြသနာ အသီးသီး ရှိနေလို့ ဒီနေ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် စတာလင်၊ ဖိုဒန်၊ ပဲလ်မာ၊ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဂွန်ဒိုအန်၊ ဝေါလ်ကာ၊ စတုန်းစ်၊ လာပေါ့တ်၊ ကန်ဆယ်လို၊ အီဒါဆင်တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ အဲဗာတန် ကတော့ ၄-၄-၁-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ရစ်ချာလီဆင်၊ တောင်ဆန်၊ အဲလန်၊ ဒမ်မရိုင်း ဂရေး၊ ဒီနီး၊ ကိန်း၊ ဂေါ့ဖရေး၊ ကိုးမန်း၊ ဒက်ဖ်၊ ဂေါ်ဒွန်၊ ပစ်ခ်ဖို့ဒ် တို့နဲ့ အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ပဲရစ် စိန့် ဂျာမိန်း
1X2 သရေ @ 4.00
ဂိုးပေါ် 3.00 @ 2.02
ဂိုးပေါင် 2-3 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အတွေ့အကြုံရင့် နည်းပြ နှစ်ဦးရဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုမှာ ပပ်ဂွာဒီယိုလာရဲ့ နည်းစနစ်က ပိုပြီး အလုပ်ဖြစ်ခဲ့ပြီး ပွဲစကတည်းက ဧည့်သည် အသင်းဘက်ကို တရစပ် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ ရာဟင်းမ် စတာလင်၊ ဖိုဒန်တို့ရဲ့ တောင်ပံ နှစ်ဖက် ကနေ အဲဗာတန်ရဲ့ ခံစစ်ကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခဲ့ပြီး ရိုဒရီ၊ ဂွန်ဒိုအန်၊ ဆေးလ်ဗား တို့ရဲ့ ကွင်းလယ် ကလည်း လုပ်အားနှုန်း ကောင်းခဲ့လို့ ပထမပိုင်း ၄၄ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ကန်ဆယ်လို့ရဲ့ ပေးပို့မှုကနေ စတာလင်က အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာလည်း မန်စီးတီးတို့ပဲ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ၅၅ မိနစ်မှာ ရိုဒရီက ဒုတိယ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့နောက် မာရက်ဇ်၊ အေခီတို့ ဝင်ရောက်လာခဲ့ပြီး ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာ ဘာနာဒို ဆေးလ်ဗားက တတိယဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေ မှာတော့ မန်စီးတီး တို့ပဲ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့ပြီး အဲဗာတန် တိုက်စစ် ကလည်း မန်စီးတီး နောက်တန်းကို ဘယ်လိုမှ ကျော်ြဖတ်နိုင်ခဲ့ခြင်း မရှိလို့ ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ မန်စီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန် ကတော့ အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

ဒီရလဒ်ကြောင့်ပဲ မန်စီးတီးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အဲဗာတန် ကတော့ အဆင့် ၁၁ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ဘင်နီတက်ဇ်ရဲ့ အသင်းဟာ အဓိက ကစားသမား အစုံအလင်နဲ့ မန်စီးတီးကို ရင်ဆိုင်ခဲ့ပြီး အနိမ့်ဆုံး သရေ ၁ မှတ် ရဖို့ မျှော်လင့်ခဲ့ပေမယ့် လက်ရှိ ချန်ပီယံ မန်စီးတီးရဲ့ တောင့်တင်းမှုကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ရစ်ချာလီဆင်၊ တောင်ဆန် တို့ရဲ့ အဆုံးသတ်ပိုင်း လိုအပ်ချက်တွေက မန်စီးတီး နောက်တန်းနဲ့ ဂိုးသမားကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့သလို ဂေါ်ဒန်၊ ဂရေး၊ ဂေါ့ဖရေး တို့လို လူငယ် ကစားသမားတွေ ဟာလည်း အသင်းကြီး တစ်သင်းနဲ့ ရင်ဆိုင်ရချိန်မှာ အတွေ့အကြုံပိုင်း စကားပြောခဲ့ပါတယ်။ မန်စီးတီး ကတော့ လက်ရှိ ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ အကောင်းဆုံး စွမ်းဆောင်ပြနေဆဲ ဖြစ်ပြီး ပွဲကြပ် တစ်ပွဲ ကနေ အဖိုးတန် ၃ မှတ်ကို အရယူနိုင်ခဲ့တယ်လို့ပဲ ဆိုရပါတယ်။

လာမယ့်ပွဲစဉ်များ

မန်စီးတီးတို့ လာမယ့် ကြားရက်မှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် ပီအက်စ်ဂျီကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပြီး အဲဗာတန် ကတော့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်