နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ်နိုင်ပွဲနဲ့ အတူ ချန်ပီယံဆု အနီးကို ခြေတစ်လှမ်း ထပ်တိုးနိုင်ခဲ့တဲ့ မိုးပြာရောင် မန်ချက်စတာ | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၁-၅ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ရဲ့ ပွဲကျန် တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးတို့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားကို မိုလီနက်စ်မှာ တိုက်စစ် ခြေစွမ်းပြပြီး ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ရာသီသိမ်းခါနီးလေ တိုက်စစ် ခြေစွမ်းပြလေ ဖြစ်နေတဲ့ မန်စီးတီးတို့ ဒီနေ့ပွဲမှာလည်း ဒီဘရိုင်းနားရဲ့ သွင်းဂိုး ၄ ဂိုး အပါအဝင် ဝုဗ်ကို ၁-၅ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဝုဗ်တို့ ဒီနေ့ပွဲမှာ ၃-၅-၂ ကစားကွက် ကိုပဲ ခင်းကျင်းလာခဲ့ပြီး ဒဏ်ရာရနေတဲ့ ဆီမီဒို နေရာမှာ ချီကွင်ဟို ပါဝင်လာခဲ့တာ ကလွဲရင် ဂျင်မီနက်ဇ်၊ နီတို၊ နီးဗက်စ်၊ မော်တင်ဟို၊ ဒန်ဒွန်ကာ၊ နျူရီ၊ ကိုဒီ၊ ဘိုလီ၊ ဂျွန်နီ၊ ဆား တို့နဲ့ လူစုံခဲ့ပါတယ်။ မန်စီးတီး ကတော့ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ ဖိုဒန်၊ ဆေးလ်ဗား၊ စတာလင်၊ ကွင်းလယ်မှာ ဒီဘရိုင်းနား၊ ရိုဒရီ၊ ဂွန်ဒိုအန်၊ ခံစစ်မှာ လာပေါ့တ်၊ ဖာနန်ဒင်ဟို၊ ကန်ဆယ်လို၊ ဇင်ချန်ကို၊ အီဒါဆင် တို့နဲ့ပဲ အတောင့်တင်းဆုံး ပွဲထွက်ခဲ့ပါတယ်။

ဝုဗ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့တာကြောင့် အဆင့် ၇ နေရာက ဝက်စ်ဟမ်းနဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီး ယူရိုပါကွန်ဖရင့်လိဂ်‌ ခြေစစ်ပွဲ ကစားခွင့်ရဖို့တောင် တော်တော်လေး ဝေဝါးနေခဲ့ရပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၈ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ဖို့ များသွားတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

လစ်ဗာပူးလ်ကို တတ်နိုင်သမျှ အမှတ်ဖြတ်နိုင်ဖို့ အပြင် ဂိုးကွာခြားချက်ပါ အသာရစေဖို့ အတွက် မန်စီးတီးတို့ အားစိုက်လာခဲ့ပြီး ပွဲစကတည်းက ဝုဗ် နောက်တန်းကို ဘက်ပေါင်းစုံ ကနေ ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအစ ၇ မိနစ်မှာပဲ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ဆေးလ်ဗားရဲ့ ဖန်တီးပေးပို့မှု ကနေ ကီဗင် ဒီဘရိုင်းနားက သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲချိန် ၁၁ မိနစ်မှာ မန်စီးတီးတို့ မထင်မှတ်ပဲ ချေပဂိုး ပြန်ပေးလိုက်ရပြီး တန်ပြန် တိုက်စစ် ကနေ တစ်ဆင့် နီတို ဂိုးရှေ့ ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ဒန်ဒွန်ကာက ပြေးဝင် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၆ မိနစ်နဲ့ ၂၄ မိနစ် တို့မှာ ဒီဘရိုင်းနားက ၂ ဂိုးထပ်သွင်းပေးခဲ့လို့ ပထမပိုင်း အပြီးမှာ မန်စီးတီး ၃-၁ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ပဲ ပွဲကို ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဝုဗ်ရဲ့ နောက်တန်းကို တရစပ် ထိုးဖောင်နိုင်ခဲ့ပါတယ်။ တစ်ချက် တစ်ချက်မှာ ဝုဗ် တို့ မန်စီးတီး ဂိုးပေါက်ကို ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ ပွဲချိန် မိနစ် ၆၀ မှာတော့ မန်စီးတီးတို့ ဂိုးထပ်ရခဲ့ပြီး ဖိုဒန် ချိုးပေးလိုက်တဲ့ ဘောလုံးကို ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ကီဗင်ဒီဘရိုင်းနား ကပဲ ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၈၄ မိနစ် မှာတော့ မန်စီးတီးတို့ နောက်ဆုံးပိတ် အနိုင်ဂိုး ရရှိခဲ့ပြီး ဂိုးသမား ဆားနဲ့ နောက်တန်းရဲ့ နားလည်မှု လွဲမှားမှု ကနေ ရာဟင်းမ် စတာလင်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

မန်စီးတီးတို့ နောက်ဆုံး ၅ ပွဲမှာ ၂၂ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဒီရာသီ အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၉၄ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အကောင်းဆုံး ချိတ်ဆက် ကစားနိုင်ခဲ့ခြင်းနဲ့ အတူ ကွင်းလယ်က ဒီဘရိုင်းနားလည်း ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ စတာလင်နဲ့ ဖိုဒန် တို့ရဲ့ အဆုံးသတ်တွေသာ သေချာခဲ့ရင် အခုထက် များတဲ့ သွင်းဂိုး အရေအတွက်နဲ့ မန်စီးတီးတို့ အနိုင်ရခဲ့မှာ သေချာပါတယ်။ မန်စီးတီးတို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၁၅ ကြိမ် ရှိခဲ့ရာမှာ ဂိုးပေါက်တည့်မှု ၅ ကြိမ် ကနေ သွင်းဂိုး ၅ ဂိုး ရရှိခဲ့ပြီး အိမ်ရှင် ဝုဗ် ကတော့ မန်စီးတီး ဂိုးပေါက်ကို ၇ ကြိမ် ခြိမ်းခြောက်ခဲ့ရာမှာ ဂိုးပေါက်တည့်မှု ၃ ကြိမ်သာ ရှိခဲ့ပြီး သွင်းဂိုး ၁ ဂိုးသာ ပြန်ရခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီးတို့ အမှတ်ပေးဇယား အဆင့် ၂ နေရာက လစ်ဗာပူးလ်ကို ၃ မှတ် ဆက်ပြီး ဖြတ်ထားနိုင်ခဲ့သလို ဂိုးကွာခြားချက် ၇ ဂိုး အထိ ရှိလာခဲ့တာကြောင့်လည်း ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ ဝုဗ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့တာကြောင့် အဆင့် ၇ နေရာက ဝက်စ်ဟမ်းနဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီး ယူရိုပါကွန်ဖရင့်လိဂ်‌ ခြေစစ်ပွဲ ကစားခွင့်ရဖို့တောင် တော်တော်လေး ဝေဝါးနေခဲ့ရပြီ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.39
ဂိုးပေါ် 3.00 @ 1.90
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

မန်ချက်စတာစီးတီးတို့ မေလ ၁၅ ရက်နေ့မှာ နော့ဝှစ်ချ်စီးတီးနဲ့ ကစားရဖို့ ရှိနေပြီး မန်စီးတီး ကတော့ ဝက်စ်ဟမ်းကို လန်ဒန်ကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်