နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အော်လမိုကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ပါဝင်လာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ လိုက်ပ်ဇစ်က ဒန်နီ အော်လမိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ စပိန် ကွင်းလယ် တိုက်စစ် ကစားသမား ကိုတော့ ဘာစီလိုနာ၊ ဘေယန်မြူးနစ်နဲ့ မန်စီးတီး အသင်းတွေက စိတ်ဝင်စားနေခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ အကောင်းဆုံး တောက်ပပြခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့သူ ဖြစ်ပါတယ်။ စပိန် အတွက် သွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့ကာ စပိန်တို့ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ရေး အတွက် အဓိက နေရာ ကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အော်လမိုဟာ နိုင်ငံတကာ ပွဲစဉ်တွေ မကစားခင် ကတည်းက လိုက်ပ်ဇစ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေသူ ဖြစ်ပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ပေါင် ၅၀.၅ သန်း (ယူရို 60 သန်း) တန်ကြေး ရှိနေပါတယ်။ လိုက်ပ်ဇစ် ကလည်း အော်လမိုဟာ အသင်း အတွက် အဓိက ကစားသမား တစ်ဦး ဖြစ်နေပေမယ့် ပြောင်းရွှေ့ကြေး မြိုးမြိုးမြတ်မြတ် ရရှိရင် ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆာဂျင်မ် ရက်ကလစ်ဖ်ရဲ့ လက်အောက်မှာ အသင်းကို အကောင်းဆုံး တည်ဆောက်နေတဲ့ ယူနိုက်တက်ဟာ အော်လမို ကို ခေါ်ယူဖို့ အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ လီနီ ယိုရို တို့ကို နှစ်ဦးပေါင်း ယူရို သန်း ၁၀၀ ကျော် အသုံးပြုပြီး ခေါ်ယူထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ငယ်ရွယ်ပြီး စွမ်းဆောင်ရည် မြင့်တဲ့ ကစားသမားတွေကို ဘရူနို ဖာနန်ဒက်စ်နဲ့ ကက်စ်မဲရိုး တို့လို ဝါရင့် ကြယ်ပွင့်တွေနဲ့ တွဲဖက် ကစားစေဖို့ မျှော်မှန်းနေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် မြို့ခံ ပြိုင်ဘက် မန်စီးတီး ကတော့ CFG လက်အောက်က ထရိုးရက်စ် ဘရာဇီးလ် လက်ရွေးစင် ဆာဗင်ဟို ကို မကြာသေးခင်ကပဲ အပြီးသတ် ခေါ်ယူထားခဲ့သလို အော်လမို ကိုလည်း ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဂျာမန် ထိပ်သီး ဘေယန်မြူးနစ် ကလည်း မိုက်ကယ် အိုလစ်ဆီ၊ ဟီရိုကီ အီတိုနဲ့ ယာအို ပေါ်လင်ဟာ တို့ကို ခေါ်ယူထားခဲ့သလို နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီက စျေးကွက် အတွင်း ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူချင်နေသေးတယ်လို့ သိရပါတယ်။ ဘေယန်မြူးနစ်ရဲ့ ပစ်မှတ်ထဲ မှာတော့ ဒန်နီ အော်လမိုနဲ့ ဇာဗီ ဆိုင်မွန် တို့ ပါဝင်နေပါတယ်။

90min ရဲ့ ဖော်ပြချက် အရ လိုက်ပ်ဇစ်ဟာ ဒန်နီ အော်လမို ကို စာချုပ်ဖျက်သိမ်းကြေးနဲ့ ဘာစီလိုနာထံ ရောင်းချဖို့ နှုတ်အားဖြင့် သဘောတူညီထားတယ်လို့ သိရပေမယ့် အခုအချိန်ထိတော့ ထူးခြားမှု မရှိသေးပါဘူး။ ဘာစီလိုနာဟာ ယူရို ၂၀၂၄ မှာ ထွန်းတောက်ခဲ့တဲ့ ကြယ်ပွင့် ၃ ဦး ဖြစ်တဲ့ လမိုင်း ယာမယ်၊ နီကို ဝီလီယမ်စ်နဲ့ ဒန်နီ အော်လမို တို့ကို လာမယ့် ရာသီ အသင်းမှာ တွဲဖက် ကစားစေဖို့ လိုလားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်