နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ထဲ ဝင်ရောက်လာတဲ့ ယူနိုက်တက်၊ အာရူဟိုကို ခေါ်ယူလိုခြင်း မရှိတဲ့ ပပ် ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

ဒီနေ့ အတွက် နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေနဲ့ သတင်းတွေကို စုစည်းဖော်ပြပေးသွားပါမယ်။

လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ထဲကို အာဆင်နယ်နဲ့ အပြိုင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်လည်း ဝင်ရောက်လာကြောင်း BILD က ဖော်ပြပါတယ်။ ဘောလုံးဒါရိုက်တာ ခရစ္စတိုဖာ ဗီဗဲလ် ကတော့ ၂၀၁၉ ခုနှစ်မှာ ဆက်စ်ကိုကို ရက်ဘူးလ်ရဲ့ စီမံကိန်းဆီ ခေါ်ယူခဲ့သူ ဖြစ်ပြီး လက်ရှိမှာလည်း ဆက်စ်ကိုရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Team News and Ticks ကတော့ အာဆင်နယ်က ဆက်စ်ကိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရရှိထားပြီး ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား အတွက် ကိုတော့ လိုက်ပ်ဇစ်က ပေါင် ၉၃ သန်း ရှိတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် တောင်းဆိုသွားဖို့ ရှိနေကြောင်း ဖော်ပြလာပါတယ်။ Anfield Watch ကတော့ လစ်ဗာပူးလ် ကလည်း ဆက်စ်ကိုကို စိတ်ဝင်စားနေပြီးတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒီကစားသမား အတွက် ကိုတော့ ပီအက်စ်ဂျီက ပေါင် ၅၅ သန်း ဝန်းကျင် တောင်းဆိုသွားဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို မခေါ်ယူဖို့ အသင်းကို ညွှန်ကြားခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဂွာဒီယိုလာဟာ အာရူဟိုရဲ့ ကစားပုံက ရိုးရှင်းပြီးတော့ သူ့ရဲ့ အသင်း အတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိတဲ့သူ အဖြစ် လက်ခံထားတယ်လို့ သိရပါတယ်။ 

Football Insider ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါး အနေနဲ့ ဒီနွေရာသီမှာ နောက်ခံလူ ခရစ္စတီယန် ရိုမဲယိုကို ဆုံးရှုံးရနိုင်တာကြောင့် ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စပါးဟာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို လာမယ့် ရာသီ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်တာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဇာဗီ ဆိုင်မွန် အပါအဝင် ထိပ်တန်း ကစားသမားတွေကို ပစ်မှတ်ထားနေတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဘာစီလိုနာ နောက်ခံလူ ရော်နယ် အာရူဟိုကို မခေါ်ယူဖို့ အသင်းကို ညွှန်ကြားခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
အာရူဟိုရဲ့ စွမ်းဆောင်ရည်ကို အသင်းနဲ့ မကိုင်ညီဘူးလို့ ယူဆထားတဲ့ ဂွါဒီယိုလာ

အာဆင်နယ်နဲ့ ဘေယန်မြူးနစ် တို့ကတော့ အေစီမီလန်တိုက်စစ်မှူး ရာဖေးလ် လီယောင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လီယောင် အတွက် အေစီမီလန် လိုချင်တဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၃၀ (ပေါင် ၁၀၉.၄ သန်း) ရှိနေတာကြောင့် နှစ်သင်းစလုံးက အနည်းငယ် လက်တွန့်လျက် ရှိနေပါတယ်။ ဒါ့အပြင် ဒီပမာဏ ကိုတော့ ဆောဒီပရိုလိဂ် ကလပ် ၃ သင်းက အလွယ်တကူ ပေးချေနိုင်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ 

CaughtOffside ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီ ကြယ်ပွင့် ယာအို ဖီးလစ်က ဘင်ဖီကာကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆွေးနွေးလျက် ရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို အပြီးအပိုင် ရောင်းချချင်နေပေမယ့်လည်း အငှား ကမ်းလှမ်းမှုသာ လက်ခံရရှိဖွယ် ရှိနေပါတယ်။ 

ဘရိုက်တန် တောင်ပံကစားသမား ယန်ကူဘာ မင်တာ့ရ် ကတော့ ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ ပစ်မှတ် အဖြစ် ပေါ်ထွက်လျက် ရှိနေပါတယ်။ Stretty News ရဲ့ ဖော်ပြချက်အရ မင်တာ့ရ်ကို အာဆင်နယ်၊ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အဖြစ် ရှုမြင်ထားကြကြောင်း သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ လိုင်လီ ဂိုးသမား လူးကပ်စ် ချီဗာလီယာ ကို ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ကြောင်း CaughtOffside က ဖော်ပြပါတယ်။ ဒီဂိုးသမားကို ယူနိုက်တက် ကလည်း အန်ဒရေ အိုနာနာရဲ့ နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်