မန်ချက်စတာယူနိုက်တက် ကတော့ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နောက်ခံလူ နူဆာ မက်ဇရာရီကို အသုံးပြုခွင့် မရတဲ့ အတွက် ဖီဖာဆီ တိုင်ကြားစာ ပေးပိုခဲ့ကြောင်း သိရပါတယ်။
၂၀၂၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စတင် ကျင်းပမှာ ဖြစ်ပြီး ဖီဖာ အနေနဲ့ နိုင်ငံအသင်းတွေ ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်စေဖို့ အဲဒီပြိုင်ပွဲ အတွက် ရွေးချယ်ခံရတဲ့ ကစားသမားတွေကို အဖွင့်ပွဲ မတိုင်ခင် အနည်းဆုံး ၇ ရက် စောပြီး ကလပ် အသင်းတွေ အနေနဲ့ စေလွှတ်ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။
အခုနှစ် အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲရဲ့ အိမ်ရှင် မော်ရိုကို အနေနဲ့ ဒီဇင်ဘာ ၂၁ ရက်ကျရင် အုပ်စု အဖွင့် ပွဲစဉ် အဖြစ် ကိုမိုရော့စ်နဲ့ စတင် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဲဒါက ဘုန်းမောက်နဲ့ ပွဲစဉ် မတိုင်ခင် ၆ ရက် အလို ဖြစ်ပါတယ်။ အဲဒါကြောင့် မော်ရိုကို ဘောလုံးအဖွဲချုပ်က ရက်ပိုင်း အတွင်း ၂ ပွဲဆက် မကစားရအောင် မက်ဇရာရီကို ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲမှာ ပါဝင်ကစားခွင့် ပိတ်ပင်ခဲ့ပါတယ်။
ဖီဖာဟာ ပရီးမီးယားလိဂ်က အာဖရိက ကစားသမား အယောက် ၃၀ ကျော်ကို ဒီဇင်ဘာ ၁၅ ရက် မတိုင်ခင် စေလွှတ်ပေးဖို ရက်ထပ် တိုးပေးခဲ့ပါတယ်။ အဲဒီရက်မှာ ယူနိုက်တက်က ဘုန်းမောက်ကို အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက်နဲ့ ဘုန်းမောက် ပွဲကို ရုပ်သံထုတ်လွှင့်မှု အစီအစဉ်တွေအရ ဗြိတိန် စံတော်ချိန် တနင်္လာညနေပိုင်း မှာသာ မကစား ဖြစ်ခဲ့ရင် မက်ဇရာရီ အနေနဲ့ အဲဒီပွဲမှာ ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မော်ရိုကို ဘောလုံးအဖွဲချုပ်က မက်ဇရာရီကို ပွဲထွက် ကစားခွင့် ပိတ်ပင်ခဲ့တဲ့ အတွက် ယူနိုက်တက်က ဖီဖာဆီ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖီဖာ ကတော့ ဘောလုံးသမားတွေနဲ့ ပတ်သက်ပြီး ကလပ် အသင်းနဲ့ သက်ဆိုင်ရာ နိုင်ငံဘောလုံးအဖွဲချုပ်တို့ အကြားမှာ နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် အရင်ဆုံး ဆွေးနွေးပြီးမှ အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ချမှတ်ဖို့သာ တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က နိုင်ငံတကာ ပွဲစဉ်ကို အကြောင်းပြပြီး ပါဝင်ကစားဖို့ ငြင်းဆန်ခဲ့တဲ့ နောက်ခံလူ မက်ဇရာရီကို စိတ်ဆိုးနေကြောင်း သိရပါတယ်။ မက်ဇရာရီ ကိုယ်တိုင် ကလည်း ဘုန်းမောက်နဲ့ ပွဲမှာ ပါဝင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ကို လျစ်လျူရှုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နဂိုကတည်းကမှ ပွဲစဉ်ဇယား ရွှေ့ဆိုင်းလို မကျေမနပ် ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက် အတွက် ယခု တစ်ခေါက် ရလဒ်က ပိုမို ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး မိုရိုကို ဘက်ကလည်း မန်ယူအသင်းရဲ့ လိုအပ်ချက်ကို နားလည်ပေးမှု မရှိခဲ့ပါဘူး။
ယူနိုက်တက်ဟာ လက်ရှိမှာ မက်ဇရာရီရဲ့ နေရာ အတွက် လူငယ် နောက်ခံလူတွေ ဖြစ်တဲ့ အီဒင် ဟဲဗန်းနဲ့ လီနီ ယိုရို တို့ကိုသာ အသုံးပြုနေရတာ ဖြစ်ပါတယ်။ ဘုန်းမောက်နဲ့ ပွဲမှာတော့ မက်ဇရာရီနဲ့ အတူ အာဖရိကဖလားပြိုင်ပွဲ သွားရောက် ကစားရမယ့် အာမက်ဒ် ဒီယာလိုနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ကတော့ ဘုန်းမောက်နဲ့ ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ ယူနိုက်တက် အနေနဲ့ လာမယ့် ပွဲကြပ် ကာလတွေမှာ အာမက်ဒ်၊ အမ်ဘူမို၊ မက်ဇရာရီ တို့လို အဓိက ကစားသမားတွေကို လက်လွှတ် ဆုံးရှုံးထားရဦးမှာ ဖြစ်ပါတယ်။ ဒီကစားသမားတွေဟာ လာမယ့် ဇန်နဝါရီ ၁၈ ရက်နေ့လောက် အထိကို ယူနိုက်တက် အတွက် ကစားပေးနိုင်ဦးမှာ မဟုတ်ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


