နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရော်နယ်ဒင်ညိုကို ခေါ်ယူခါနီး ၄၈ နာရီ အလိုမှ ဆုံးရှုံးခဲ့တဲ့ ယူနိုက်တက် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရော်နယ်ဒင်ညိုကို ခေါ်ယူခါနီး ၄၈ နာရီ အလိုမှ ဆုံးရှုံးခဲ့တဲ့ ယူနိုက်တက်

ရော်နယ်လ်ဒင်ညိုဟာ အင်္ဂလန် လက်ရွေးစင် ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းကို အရှက်ရစေခဲ့တဲ့ အလွန် ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘော ကနေ တဆင့် ကမ္ဘာကျော်လာခဲ့ပြီး အဲဒီလို မှော်ဆန်တဲ့ အခိုက်အတန့်တွေလည်း မကြာခဏ ပြုလုပ်ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ် ဂန္တဝင်ဟာ အင်္ဂလန် မှာတော့ ဘယ်တုန်းကမှ ကစားခဲ့ဖူးခြင်း မရှိခဲ့ပဲ ဒေးဗစ် ဆီးမန်း အတွက်တော့ စိတ်သက်သာရာ ရစရာဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက တောင်အမေရိက စူပါစတားကို မန်ချက်စတာယူနိုက်တက် အသင်းက ပီအက်စ်ဂျီအသင်း ဆီကနေ ဝယ်ယူဖို့ ကြိုးပမ်းခဲ့ချိန်မှာတော့ ရော်နယ်လ်ဒင်ညို အနေနဲ့ အင်္ဂလန်ကို လာရောက် ကစားဖို့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။

အမှန်တကယ်လည်း ရော်နယ်လ်ဒင်ညိုကို ခေါ်ယူနိုင်ဖို့ ၄၈ နာရီလောက်ပဲ လိုတော့တာ ဖြစ်ပြီး နည်းပြ ဖာဂူဆန်က ၂၀၀၂ ကမ္ဘာ့ဖလားမှာ အကောင်းဆုံး ခြေစွမ်းပြသခဲ့တဲ့ ဘရာဇီးလ် ကြယ်ပွင့်ကို နှစ်သက်သဘောကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြီး လူခေါ်နိုင်တဲ့ အသင်းဆိုလို့ များများစားစား မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ ဘာစီလိုနာ အသင်း ပြိုင်ပွဲထဲ ဝင်လာခဲ့ပြီး ရော်နယ်လ်ဒင်ညိုဟာ ရိုမာရီယို၊ ရီဗယ်ဒို၊ ရော်နယ်ဒို တို့လို ဘရာဇီးလ် အကျော်အမော်တွေရဲ့ ခြေရာအတိုင်း လိုက်နင်းသွားခဲ့တာ ဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်နဲ့ အနာဂတ်ကို အဖြေပေးခဲ့တဲ့ ဗန်ဒီဘိခ်

ဒါပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့ပြီး ထင်သလို ဖြစ်မလာခဲ့တဲ့ ဒတ်ချ် ကွင်းလယ်လူက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာနိုင်တဲ့ အလားအလာနဲ့ ပတ်သတ်ပြီး ငြင်းဆန်ထားခြင်းတော့ မရှိပါဘူး။
မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့ ဗန်ဒီဘိခ်

အဲရစ်ခ် တန်ဟက်ဂ်ဟာ ဒတ်ချ် ကွင်းလယ်ကစားသမားသာ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့မယ် ဆိုရင် တားဆီးပိတ်ဆို့သွားမှာ မဟုတ်ဘူး ဆိုတာကို အရိပ်အမြွက် ပြသခဲ့ပြီး ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ကွင်းလယ်လူဟာ ၂၀၂၀ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာပြီးကတည်းက မျှော်မှန်းချက်တွေ အတိုင်း ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၂၂-၂၀၂၃ ရာသီကို ဇန်နဝါရီလမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်က နည်းပြ တန်ဟက်ဂ် လက်အောက်မှာ အိုင်းယက်စ် အတွက် အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ကစားပေးခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့ပြီး ထင်သလို ဖြစ်မလာခဲ့တဲ့ ဒတ်ချ် ကွင်းလယ်လူက ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာနိုင်တဲ့ အလားအလာနဲ့ ပတ်သတ်ပြီး ငြင်းဆန်ထားခြင်းတော့ မရှိပါဘူး။

လိုင်ယွန်ကို ဗုဒ္ဓဟူးနေ့က ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဗန်ဒီဘိခ်က “အခုအချိန်အထိတော့ ကျွန်တော့် အနာဂတ်က ဘယ်မှာလဲ ဆိုတာကို ပြောဖို့ ခက်ပါတယ်။ ကျွန်တော် ဒဏ်ရာရခဲ့ပြီးနောက် အခုပြန်လာပြီ ဖြစ်ပြီး ကျွန်တော် အခု ကြံ့ခိုင်မှု ရှိနေပါပြီ။ အဲဒီတော့ ရက်သတ္တပတ် အနည်းငယ် လေ့ကျင့်ရေးဆင်းပြီးနောက် ပထမဆုံး ပွဲကစားချိန် ရခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သမျှ ပြင်းပြင်းထန်ထန် တွန်းအားပေးဖို့ ကြိုးစားတယ်။ နေ့တိုင်း တစ်ခုခု ဖြစ်လာနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော့် အနာဂတ်က ဘယ်လိုဖြစ်မလဲ ဆိုတာ ပြောဖို့ ခက်တယ်။ ဘောလုံးမှာက ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ဘူး ။ အထူးသဖြင့် ကျွန်တော်ပေါ့။ အဲဒီတော့ ဘာတွေဖြစ်လာမလဲ ဆိုတာ ကြည့်ကြတာပေါ့”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီးရဲ့ ပစ်မှတ်က ဟာဇက် လက်သစ် ဖြစ်နိုင်တယ်လို့ ပြောကြားခြင်းခံခဲ့ရတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ကွင်းလယ် တိုက်စစ်၊ တောင်ပံ ၂ ဖက်စလုံးမှာ ကစားနိုင်တဲ့ ပြင်သစ်ယူ-၂၁ ကစားသမား ရာယန် ချာကီကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ချာကီဟာ လိုင်ယွန် ပထမအသင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရ ကစားသမား အဖြစ် သက်သေပြသထားနိုင်ခဲ့ပြီး ဖြစ်ပြီး အသက် ၁၉ နှစ် အရွယ်သာ ရှိသေးပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ၃၉ ပွဲမှာ သွင်းဂိုး ၅ ဂိုး၊ ဂိုးဖန်တီးမှု ၆ ကြိမ်နဲ့ အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

လီဂူးဝမ်း ဂျာနယ်လစ် ဂျော်နသန် ဂျွန်ဆင်က လက်ရှိ မှာတော့ ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ချာကီရဲ့ အပြောင်းအရွှေ့ကို ဟောကိန်းထုတ်ခဲ့ပြီး ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ ချာကီဟာ ဂန္တဝင်ကစားသမား အီဒင် ဟာဇက်နဲ့ ဆင်တူတဲ့ ကစားသမား ဖြစ်သလို ၂၀၂၂ ဘယ်လွန်ဒေါဆုရှင် ဘန်ဇီးမားရဲ့ ခြေရာကိုလည်း လိုက်နင်းနေသူ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ကြားရတာကြောင့် စိတ်လှုပ်ရှားနေကြမှာ ဖြစ်ပါတယ်။ “ရာယန် ချာကီက ကောလာဟလတွေကို ဆက်လက်ပြီး ဆွဲဆောင်နေပြီး နောက်ဆုံး သတင်းကတော့ ချဲလ်ဆီးက သူ့ကို ခေါ်မယ့်ပြိုင်ပွဲထဲ ဝင်လာပြီဆိုတာပါပဲ။

သူက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတဲ့ အရည်အချင်းရှိတယ်။ သူ့ရှေ့မှာ အရမ်းကောင်းတဲ့ ကစားသမား ဘဝက ရှိနေပုံပေါ်တဲ့ ကစားသမားပါ။ ပထမဆုံး လီဂူးဝမ်းမှာ သူ့ကိုယ်သူ သက်သေပြသခဲ့ချိန်မှာ အီဒင် ဟာဇက်နဲ့ ဆင်တူတယ်။ သူက အရမ်းကို နည်းစနစ်ပိုင်း အရည်အချင်း ရှိတယ်။ နေရာစုံ ကစားနိုင်တယ်။ သူက နှစ်ပေါင်းများစွာ အတွင်း လိုင်ယွန် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့တဲ့ အထဲက အကောင်းဆုံး လူငယ်ကစားသမား ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကာရင် ဘန်ဇီးမား အပြီးကတည်းက အကောင်းဆုံးတောင် ဖြစ်နိုင်တယ်။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်