နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီဘရွန်းနားရဲ့ နေရာမှာ မူစီအာလာနဲ့ အစားထိုးဖို့ စီစဉ်နေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာစီးတီး ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရွန်းနား နေရာမှာ ရေရှည် အစားထိုးဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ကွင်းလယ် တိုက်စစ် ကြယ်ပွင့် ဂျမဲလ် မူစီအာလာကို ခေါ်ယူဖို့ ချိန်ရွယ်ထားလျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ် အရွယ် ရှိနေပြီတဲ့ ဘယ်လ်ဂျီယံ ဝါရင့် ကွင်းလယ်လူ ဒီဘရွန်းနားဟာ နောက်ပိုင်းနှစ်တွေမှာ မကြာခဏ ဆိုသလို ဒဏ်ရာ ပြသနာတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်အရလည်း ကစားသမားဘဝ အကျပိုင်းကို ရောက်ရှိလာတာကြောင့် ပရီးမီးယားလိဂ် ကလပ်က သူ့နေရာမှာ အစားထိုးဖို့ ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဘရွန်းနားက သူနဲ့ မန်စီးတီး အသင်းတို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကလည်း လက်ရှိ ဘောလုံးရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားက လက်ရှိ မှာလည်း ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး မန်စီးတီးရဲ့ အရေးပါတဲ့ ပွဲစဉ်တွေ ကိုလည်း ဆက်တိုက် လွဲချော်နေရတာ ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ဒီဘရွန်းနားကို စာချုပ် သက်တမ်း တိုးခဲ့မယ် ဆိုရင်တောင်မှ တစ်နှစ်လောက်ပဲ ကာလတို စာချုပ် တိုးမြှင့်သွားဖွယ် ရှိနေခဲ့တယ်လို့ သိရပါတယ်။ မန်စီးတီး အနေနဲ့ ဒီဘရွန်းနားရဲ့ နေရာ အတွက် အစားထိုးမယ် ဆိုရင်တောင် ကာလတို မဟုတ်ပဲ ရေရှည် အစားထိုးနိုင်မယ့် ကစားသမား ကိုပဲ ရှာဖွေ ခေါ်ယူသွားဖို့ ရှိနေပါတယ်။

လက်ရှိမှာတော့ မန်စီးတီး အသင်း ချိန်ရွယ်ထားတဲ့ ကစားသမားတွေထဲမှာ ဘေယန်မြူးနစ်ရဲ့ အသက် ၂၁ နှစ် အရွယ် ဂျာမနီ ကွင်းလယ် တိုက်စစ် ကစားသမားလေး ဂျမဲလ် မူစီအာလာက ထိပ်ဆုံး ကနေ ရေပန်းစားနေခဲ့ပါတယ်။ မူစီအာလာ ကတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ လူငယ် အကယ်ဒီထွက် ကစားသမားလေး ဖြစ်ပြီးတော့ လက်ရှိမှာလည်း ဘေယန်မြူးနစ်ရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့တာပါ။ လက်ရှိမှာ ဒီကစားသမားလေးရဲ့ ခြေစွမ်းတွေကြောင့် မန်စီးတီး အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ်ပါ ဖြစ်နေသူပါ။ မူစီအာလာ ကတော့ အင်္ဂလန်-ဂျာမနီနွယ်ဖွား ကစားသမား မူစီအာလာဟာ ကွင်းလယ်နဲ့ ကွင်းလယ် တိုက်စစ် အပြင် ဘယ်တောင်ပံ နေရာတွေမှာပါ လိုက်ပါ ကစားနိုင်သူလည်း ဖြစ်ပါတယ်။  မူစီအာလာ ကတော့ အရည်အသွေးမြင့်  ကစားသမားကောင်း တစ်ဦး ဖြစ်နေလို ဘေယန်မြုးနစ် ဘက်က စာချုပ်သက်တမ်း တိုးမြှင့်ချင်နေပေမယ့်လည်း လက်ရှိ အချိန်ထိတော့ စာချုပ်သစ် ကိစ္စက အဆင်မပြေသေးဘဲ ရှိ နေပါတယ်။

ဂျမဲလ် မူစီအာလာ ကတော့ ဘေယန်မြူးနစ်နဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အကယ်၍ စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ဘူး ဆိုရင်တော့ လာမယ့် ၂၀၂၅ ခုနှစ် နွေရာသီမှာပဲ အသင်း ကနေ မဖြစ်မနေ ရောင်းထုတ်သွားရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေကို မန်ချက်စတာစီးတီး အပြင် လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေ ကပါ စောင့်ကြည့်နေပြီးတော့ မန်ချက်စတာစီးတီးနဲ့ လစ်ဗာပူးလ်တို့ အပြိုင်လုရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်