နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဲလ်တစ်ရဲ့ ဂျပန် တိုက်စစ်မှူးကို မျက်စိကျနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ ယူလီယန် အဲလ်ဗာရက်ဇ် နေရာမှာ ပြန်လည် အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေပြီ ဖြစ်ပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ဆိုရင် မန်စီးတီးက ဆဲလ်တစ်က ဂျပန် တိုက်စစ်မှူး ယိုဂို ဖူရူဟာရှီကို စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။

အသက် ၂၉ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျပန် လက်ရွေးစင် တိုက်စစ် ကစားသမား ဖူရူဟာရှီဟာ ၂၀၂၁ ခုနှစ်မှာ ဂျေလိဂ် ကလပ် ဗစ်ဆဲလ် ကိုဘေး ကနေ ဆဲလ်တစ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဖူရူဟာရှိဟာ လက်ရှိအထိ ဆဲလ်တစ် အတွက် ၃ ရာသီ ကစားထားခဲ့ပြီးတော့ သွင်းဂိုး အနေနဲ့လည်း ၇၃ ဂိုး အထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။ ဖူရူဟာရှီဟာ အထောင်တိုက်စစ် ကစားသမား အဖြစ်ရော ဘယ်ညာတောင်ပံ နှစ်ဖက်စလုံးမှာပါ ကစားနိုင်သူ ဖြစ်ပြီး ဂျပန် လက်ရွေးစင် အသင်း အတွက် ၂၁ ပွဲ ကစားပေးထားပါတယ်။ ဒါပေမယ့်လည်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မှာတော့ ဂျပန် လူစာရင်း ကနေ မထင်မှတ်ပဲ ချန်လှပ်ခံခဲ့ရပါတယ်။

 
ဆာဗီယိုနဲ့ ဂွန်ဒိုအန် တို့ နှစ်ဦးကိုသာ ခေါ်ယူထားရသေးတဲ့ မန်စီးတီး

အာဂျင်တီးနား ကြယ်ပွင့် အဲလ်ဗာရက်ဇ်ဟာ ၂ဝ၂၂ ခုနှစ်ကမှ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ၂ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၀ ကျော် အထိ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းကြီးတွေနဲ့ ကစားရတဲ့ ပွဲတွေမှာ မန်စီးတီးက ဟာလန်း ကိုသာ ပွဲထွက်ခွင့်ပေးခဲ့တာကြောင့် အဲလ်ဗာရက်ဇ် တစ်ယောက် ဒီနွေမှာပဲ အက်တလက်တီကိုမက်ဒရစ် အသင်းထံ ပေါင် ၈၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်က အဲလ်ဗာရက်ဇ်ရဲ့ နေရာ အတွက် ကစားသမား အစားထိုးဖို အစီအစဉ် မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးက စိတ်ကူးပြောင်းသွားပြီး ဈေးကွက် မပိတ်ခင်မှာ တိုက်စစ်ကစားသမား တစ်ဦးလောက် ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပါတယ်။ လတ်တလောမှာတော့ မန်စီးတီးက စကော့တလန် ထိပ်သီး ကလပ် ဆဲလ်တစ်ရဲ့ ဂျပန် တိုက်စစ်မှူး ဖူရူဟာရှီကို စိတ်ဝင်စားနေပါတယ်။

ဘောလုံးအရည်အသွေးနဲ့ စွမ်းဆောင်ရည် ကောင်းမွန်တဲ့ ဖူရူဟာဂျီရဲ့ လက်ရှိ တန်ကြေးက ပေါင် သန်း ၂၀ လောက်ပဲ ရှိနေပေမယ့် ကစားသမားက အသက် ၃၀ ဝန်းကျင် ရှိနေတာက မန်စီးတီး အတွက် အနည်းငယ် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ ဒီရာသီ ဈေးကွက်ကို နွေရာသီမှာ ဆာဗီယိုနဲ့ ကစားသမားဟောင်း အိုင်ကေး ဂွန်ဒိုအန် တို့နဲ့ပဲ ပိတ်သိမ်းသွားဖွယ်လည်း ရှိနေပါတယ်။

မန်ချက်စတာစီးတီးဟာ ဒီရာသီမှာ ကစားသမား တော်တော်များများကို အငှား၊ အပြီးသတ်တွေနဲ့ အသင်း ကနေ ထွက်ခွာခွင့်ပေးထားခဲ့ပေမယ့် အရန်နဲ့ လူငယ်ကစားသမားတွေသာ ဖြစ်ပြီး ကယ်ဗင် ဖီးလစ်၊ ဟူလီယန် အဲလ်ဗာရက်ဇ် တို့လောက်ပဲ စီနီယာ ကစားသမားတွေ ပါဝင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်