နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်ဖီးလ်မှာ နိုင်ပွဲ ပြန်ယူဖို့ အားစိုက်လာမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

လစ်ဗာပူးလ် – ဘန်လေ

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ လစ်ဗာပူးလ် ကတော့ ဒီတစ်ပတ်မှာ ဘန်လေနဲ့ တွေ့ဆုံနေတာကြောင့် ပွဲချောင်နေတယ်လို့ပဲ ဆိုရပါမယ်။

ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ပွဲမှာ အာဆင်နယ်ကို ခြေပြတ်၊ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပြီး ဒီရာသီ အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီအရှုံးဟာ အာဆင်နယ်ကို ချန်ပီယံ လမ်းကြောင်းပေါ် ဆွဲတင်မိသလို ဖြစ်ခဲ့ပြီး အဓိက ပြိုင်ဘက် မန်စီးတီးနဲ့လည်း ၂ မှတ်သာ ကွာဟတော့သလို တစ်ပွဲပိုလည်း ကစားထားပါသေးတယ်။ ဒါကြောင့် လစ်ဗာပူးလ်တို့ အမှားခံလို့ မရတော့ပဲ ဒီလို လွယ်ကူတဲ့ ပွဲစဉ်မျိုး ကနေ ကျိန်းသေပေါက် အမှတ်ရအောင် ယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
နယူးကာဆယ် ယူနိုက်တက်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘန်လေ ကတော့ ပရီးမီးယားလိဂ်ကို ဒီနှစ်မှ တန်းပြန်တက်လာပေမယ့် ရာသီအကုန်မှာပဲ တန်းပြန်ဆင်းရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အမှတ်ပေးပွဲစဉ် ၂၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ ၃ ပွဲသာ ရထားပြီး သရေ ၄ ပွဲ၊ ရှုံးပွဲ ၁၆ ပွဲ ရှိထားတဲ့ ဗင်းဆင့် ကွန်ပနီရဲ့ အသင်းက အခြေအနေ တော်တော်လေး ဆိုးပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ ဘန်လေဟာ စိတ်ဓာတ်ပိုင်းလည်း အကျဘက် ရောက်နေနိုင်လို့ လစ်ဗာပူးလ်ကို ဘယ်လိုပုံစံနဲ့မှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။


နှစ်ဖက်အသင်း သတင်းများ

လစ်ဗာပူးလ်မှာ ကိုနာတေး ပွဲပယ် ပြစ်ဒဏ်ထိထားပြီး ဘက်ဂျ်စီတစ်၊ မိုဆာလာ၊ ဆီမီကတ်စ်၊ မက်တစ်ပ်၊ ဆဘို့ဇ်လိုင်း၊ ဒိုအက်ခ်တို့ ဒဏ်ရာရနေလို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

ဘန်လေ ကတော့ ပရီးမီးယားလိဂ်ကို ဒီနှစ်မှ တန်းပြန်တက်လာပေမယ့် ရာသီအကုန်မှာပဲ တန်းပြန်ဆင်းရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ဘန်လေ

ဘန်လေ မှာတော့ ရက်ဒ်မွန်၊ ကိုလီယိုရှို တို့ သေချာပေါက် လွဲချော်ဖို့ ရှိပြီး ဘီယာနဲ့ တေလာ တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

လစ်ဗာပူးလ် – အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကွန်ဆာ့၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ မက်အယ်လစ္စတာ၊ ဂျုံးစ်၊ ဂရာဗန်ဘက်ချ်၊ ဒီးရာ့စ်၊ နူညက်ဇ်၊ ဂျိုတာ

ဘန်လေ – ထရက်ဖို့ဒ်၊ အိုရှေး၊ အက်ခ်ဒဲလ်၊ အက်ဆစ်ဂ်နွန်၊ ဗီတင်ဟို၊ ဘရောင်းဟေးလ်၊ ဘက်ဂျ်၊ ရမ်ဆေး၊ အိုဒိုဘတ်၊ ဖော်စတာ၊ အမ်ဒူနီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၅ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ လစ်ဗာပူးလ်က ၁၁ ကြိမ်နိုင်၊ ဘန်လေက ၂ ကြိမ်နိုင်ပြီး ၂ ကြိမ် ကတော့ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ လစ်ဗာပူးလ်က ၄ ကြိမ် အနိုင်ရပြီး ဘန်လေ ကတော့ ၁ ကြိမ်ပဲ အနိုင်ရခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ လစ်ဗာပူးလ်က ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ဘန်လေ ကတော့ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာတော့ လစ်ဗာပူးလ် ဘက်က နေရင် ၁.၁၅ ဆ ရမှာ ဖြစ်ပြီးတော့ ဘန်လေ ဘက်က ဆိုရင်တော့ ၁၁ ဆ ရမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၇ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် ကြေးဖွင့်မှုအရတော့ လစ်ဗာပူးလ်က ၂ လုံး အရှုံးလောက် ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံးက စဖွင့်ပါတယ်။ လစ်ဗာပူးလ်ဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၁၅ ပွဲမှာ ၂ ပွဲသာ ရှုံးခဲ့ပြီးတော့ ၂၀၁၆ နောက်ပိုင်းက စပြီး မရှုံးတော့တာပါ။ ကျိန်းသေပေါက် လစ်ဗာပူးလ် ဘက်မှာပဲ ရပ်တည်ရမှာ ဖြစ်ပါတယ်။ ကလော့ပ်ရဲ့ အသင်း ၃ ဂိုးပြတ် အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၄-၀ ဘန်လေ 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်