ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အသင်းရဲ့ ဝါရင့် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ အတွက် ကြိုးပမ်းမှု အချို့ကို စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ မိုဟာမက် ဆာလာ ကတော့ လစ်ဗာပူးလ် ကို ရောက်ရှိချိန် ကတည်းက ဘောလုံးရာသီတိုင်း ခြေစွမ်းပြကာ ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်တာကြောင့် မာဆေးလ်ဆိုက်ဒ် ကလပ်က သက်တမ်းတိုးဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီးတော့ ဒီရာသီအကုန်မှာ အသင်း ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာ အနေနဲ့ အခု ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဘယ်အသင်းနဲ့မဆို တရားဝင် အကြို သဘောတူညီမှု ရယူနိုင်တဲ့ အခြေအနေလည်း ရှိနေတာကြောင့် လစ်ဗာပူးလ် ဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် အသည်းအသန် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
မိုဟာမက် ဆာလာဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အတွက် ခြေစွမ်းပြ ကစားနေသူ ဖြစ်ပြီးတော့ အသင်း အတွက် ဂိုးအများဆုံး သွင်းယူပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဆာလာကို ခေါ်ယူဖို့ အတွက် ဆော်ဒီပရိုလိဂ် ကလပ်တွေနဲ့ အတူ ဥရောပ ထိပ်တန်း အသင်း အချို့ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
သတင်းတွေအရ ဆိုရင် မိုဟာမက် ဆာလာ အနေနဲ့ သူအလိုရှိတဲ့ စာချုပ်သက်တမ်းနဲ့ ကမ်းလှမ်းခြင်း မရှိရင်တော့ လစ်ဗာပူးလ်နဲ့ လမ်းခွဲပြီး အသင်းသစ် ရှာဖွေသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဆာလာ ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ် တော်တော်များများက မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ ခေါ်ယူသွားဖို့လည်း အသင့် ရှိနေတာ ဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ကမ္ဘာကျော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူခဲ့ပြီးနောက် အခြားသော နာမည်ကျော်တွေ ကိုလည်း ဆက်တိုက် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ ကလပ်တွေဟာ အစိုးရရဲ့ အားရစရာ ထောက်ပံ့ ကူညီပေးမှုနဲ့ နေမာ၊ ကာရင်မ် ဘန်ဇီမာ၊ မာနေး၊ ဖေမီနို၊ မီလင်ကိုဗစ် ဆာဗစ်၊ အလက်ဇန္တား မီထရိုဗစ် တို့လို ထိပ်တန်း ကစားသမားတွေကို များပြားတဲ့ လစာငွေတွေ ပေးချေကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကလည်း ဆော်ဒီပရိုလိဂ် ကလပ်တွေ အနေနဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာနဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန် တို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်းလည်း သိရပါတယ်။ ဆာလာ အနေနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီးတော့ အိုဆင်မ်ဟန် ကတော့ ဥရောပမှာ ဆက်လက် ကစားလိုတဲ့ အတွက် ဂါလာတာဆာရေး အသင်းဆီ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ မိုဟာမက် ဆာလာနဲ့ အိုဆင်မ်ဟန်တို့ အနေနဲ့ ဥရောပမှာ ဆက်လက် ကစားနေကြပေမယ့်လည်း ဆော်ဒီပရိုလိဂ် အားကစား ဒါရိုက်တာ အီမန်နယ်လိုက ဒီကစားသမား တို့အား ခေါ်ယူမယ့် အစီအစဉ်ကို လက်လျှော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.