နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခီယေဇာကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဂျုဗင်တပ်စ်ရဲ့ အီတလီ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ခေါ်ယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ခီယေဇာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၃ သန်း + အပိုဆုကြေး ပေးချေရမှာ ဖြစ်ပြီး မနေ့ကပဲ Here we go သွားခဲ့တာ ဖြစ်ပါတယ်။

   လစ်ဗာပူးလ်က ခီယေဆာကို ၄ နှစ် စာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး မနေ့ကပဲ အန်ဖီးလ်ကို ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ခီယောဇာက သူရဲ့ ပထမဦးဆုံး အင်တာဗျူးမှာ “ကျွန်တော် အရမ်းပျော်နေပါတယ်။ လစ်ဗာပူးလ်ရဲ့ ကစားသမားသစ် ဖြစ်လာဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်ရော ကျွန်တော့် မိသားစုဝင်တွေပါ အားလုံး အရမ်းကို ပျော်ရွှင်နေကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဆက်လက်ပြီး ခီယေဇာက “ဂျုဗင်တပ်စ်နဲ့ အသင်းရဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်စကား ဆိုချင်ပါတယ်။ သူတို့တွေက ကျွန်တော့် အတွက်တော့ အမြဲတမ်း ထူးခြားနေမှာပါ။ အခုအချိန် ကတော့ လစ်ဗာပူးလ် အတွက်ပဲ ရှိနေရမယ့် အချိန်ပါ။ ကျွန်တော် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပါပြီ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

ခီယေဇာဟာ နည်းပြသစ် အာနေး ဆလော့တ် လက်ထက် ပရီးမီးယားလိဂ် ကလပ်ရဲ့ ဒုတိယမြောက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ပထမတစ်ဦး ကတော့ ဂျော်ဂျီယာ ဂိုးသမား မာမာဒက်ရှ်ဗီလီ ဖြစ်ပြီး သူကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှ လစ်ဗာပူးလ်နဲ့ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ခီယေဇာ ကို ခေါ်ယူနိုင်ဖို့ ရက်ပိုင်းလောက်ပဲ ကြိုးပမ်းခဲ့ရပြီး ခပ်မြန်မြန်ပဲ အရ ခေါ်ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ် နည်းပြသစ် သီယာဂို မော့တာ ကတော့ ခီယေဇာဟာ သူ့ရဲ့ အစီအစဉ်မှာ မပါဝင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပြီး ကစားသမား အနေနဲ့ ကလပ် အသစ် ရှာဖွေခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ အီတလီသားက ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။
ပေါင် ၁၀ သန်းနဲ့ လစ်ဗာပူးလ်ကို ရောက်ရှိလာတဲ့ ခီယေဇာ

ခီယေဇာဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေမှာ သွင်းဂိုး ၉ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးတော့ ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာ ပုံစံကောင်း တစ်ခုနဲ့ ပြန်လည် မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြသစ် မော့တာ ကတော့ မကြာခဏ ဆိုသလို ဒဏ်ရာရနေတတ်တဲ့ အီတလီသားကို အသင်းရဲ့ အနာဂတ် အစီအစဉ်မှာ ထည့်သွင်းလိုခြင်း မရှိခဲ့ပဲ ရောင်းထုတ်ဖို့သာ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခီယေဇာဟာ ဖီအိုရင်တီးနားမှာ ခြေစွမ်းပြနိုင်ခဲ့သလို ဂျူဗင်တပ်စ် ကစားသမား ဘဝ အစပိုင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျောရိုး အရွတ် ဒဏ်ရာရရှိခဲ့ချိန်မှာတော့ ခီယေဇာ တစ်ယောက် ရုန်းကန်ခဲ့ရပြီး ဘောလုံး ပြန်ကစားနိုင်ချိန်မှာလည်း ခြေစွမ်းပြနိုင်ဖို့ ခက်ခဲခဲ့ရတာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်ဟာ ခီယေဇာကို ခေါ်ယူဖို့ အတွက်တော့ ဂုန်းဆင်းကြီး ဘာစီလိုနာ အပါအဝင် ပရီးမီးယားလိဂ် ကလပ် တချို့နဲ့ ပြိုင်ဆိုင်ခဲ့ရပါသေးတယ်။ ခီယေဇာဟာ ကွင်းလယ်နဲ့ တောင်ပံ နေရာစုံမှာ ကစားနိုင်သလို အထောင်တိုက်စစ် မှာလည်း အံဝင်အောင် ကစားနိုင်သူ ဖြစ်တာကြောင့် ထိပ်တန်း ကလပ် တော်တော်များများက စိတ်ဝင်စားခဲ့တာ မထူးဆန်းပါဘူး။ ဘာစီလိုနာ ကတော့ ဘီလ်ဘာအိုရဲ့ စပိန် ကြယ်ပွင့် နီကို ဝီလီယမ်စ်ကို ပထမဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ထားပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားနိုင်တာကြောင့် ခီယေဇာ ဘက်ကို မျှားဦးလှည့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ အီတလီသားက ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်