နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲဗာတန်ကို ရှုံးပြီး ချန်ပီယံ မျှော်လင့်ချက် ပျက်သွားတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် ၂-၀ လစ်ဗာပူးလ်

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဗာတန်နဲ့ လစ်ဗာပူးလ် တို့ရဲ့ မာဆေးလ်ဆိုက်ဒ် ဒါဘီ ကတော့ အကြိတ်အနယ် ရှိခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ရည်မှန်းချက် ကိုယ်စီ အတွက် အမှားမခံစတမ်း ကစားခဲ့ကြပေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ နိုင်လိုစိတ် ပြင်းထန်နေတဲ့ အဲဗာတန်တို့ လစ်ဗာပူးလ်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဲဗာတန်က ၄-၄-၁-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ခံစစ်ကို ကျစ်လျစ်အောင် ကစားရင်း တန်ပြန် တိုက်စစ်နဲ့ လစ်ဗာပူးလ်ကို တုန့်ပြန်ဖို့ ကြိုးစားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ထုံးစံ အတိုင်း High Pressing နဲ့ အဲဗာတန်ကို ပွဲချိန်ပြည့် ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ပွဲတွေမှာ ရလဒ်ဆိုးခဲ့တဲ့ ကလော့ပ်ရဲ့ အသင်းက ဒီနေ့ပွဲမှာလည်း စိတ်ဓာတ်ပိုင်းက ကျဆင်းနေတာ တွေ့ရပြီး တိုက်စစ် အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့်လည်း အပိုင်အခွင့်အရေးပေါင်း များစွာကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဲဗာတန်က တစ်သင်းလုံး တက်တက်ကြွကြွနဲ့ မခိုမကပ်ပဲ ပြိုင်ဘက်ကို ရင်ဆိုင်သွားခဲ့ပြီး လစ်ဗာပူးလ် နောက်တန်းရဲ့ အားနည်းချက်တွေကို ရှာဖွေရင်း သွင်းဂိုးတွေ ရယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဗာတန် ရခဲ့တဲ့ ပထမဂိုးကို ပြန်ကြည့်ရင် လစ်ဗာပူးလ် နောက်ခံလူတွေရဲ့ တွေဝေမှု ကြောင်စီစီနိုင်မှုတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ဘရန့်ဝိတ်သ်ရဲ့ အကွက်မြင်မှုကိုလည်း တွေ့ရမှာပါ။ ဒါတောင် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးမှ သွင်းဂိုး အဖြစ် ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး အခွင့်အရေးတွေ ထပ်ရခဲ့ကြပေမယ့် နူညက်ဇ်နဲ့ ဆာလာ တို့ရဲ့ ဖြုန်းတီးမှုတွေကြောင့် လစ်ဗာပူးလ်တို့ လိုအပ်နေတဲ့ ဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။

အဲဗာတန်ရဲ့ ရုန်းအား ကိုတော့ ချီးကျူးရမှာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ၈ မှတ် အထိ ကွာဟသွားခဲ့ပါပြီ။
ပရီးမီးယားလိဂ် အဆင့် ၁၆ နေရာမှာ ရှိနေတဲ့ အဲဗာတန်

အဲဗာတန် ကတော့ သူတို့ရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ ဘောလုံး ရတာနဲ့ လျင်လျင်မြန်မြန် တိုက်စစ် အသွင်ပြောင်းကာ လစ်ဗာပူးလ် ခံစစ်ကို ကျော်ဖြတ်ဖို့ ဆက်လက် ကြိုးစားခဲ့ပြီး ပွဲချိန် ၅၈ မိနစ်မှာ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ထောင့်ကန်ဘော ကတစ်ဆင့် ကဲလ်ဗက်-လီဝင်းက အားပါပါ ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးပေးလိုက်ရချိန်မှာတော့ နည်းပြ ကလော့ပ် တစ်ယောက် မပေါက်ကွဲနိုင်တော့ပဲ စိတ်ပျက်လက်ပျက် ရီမောနေခဲ့တာ တွေ့ရပါတယ်။

ဗန်ဒိုက်ခ် ဦးဆောင်တဲ့ လစ်ဗာပူးလ်ရဲ့ ခံစစ်ပိုင်း ယို့ယွင်းမှု ကတော့ ဒီနေ့ပွဲမှာ တော်တော်လေး ထင်သာ မြင်သာ ရှိခဲ့ပြီး ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးက မဖြစ်သင့်တဲ့ ဂိုးတွေပါပဲ။ ဒီကြားထဲ အလီဆွန်ရဲ့ ကာကွယ်မှုကြောင့် အဲဗာတန်တို့ ပင်နယ်တီရဖို့ နီးစပ်ခဲ့သေးပေမယ့် VAR ပြန်ကြည့်ခဲ့လို့ လစ်ဗာပူးလ်တို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ လစ်ဗာပူးလ်က အချက် ၃ ချက်ကြောင့် နိုင်ပွဲတွေ ပျောက်နေခဲ့တယ်လို့ပဲ မြင်ပါတယ်။

ပထမဦးဆုံး တစ်ချက်က စိတ်ဓာတ်ပိုင်း ဆိုင်ရာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အတ္တလန္တာကို ယူရိုပါလိဂ် ပထမအကျော့ အန်ဖီးလ်မှာ ၃ ဂိုးပြတ် ရှုံးခဲ့တဲ့ ပွဲပြီးကတည်းက စိတ်ဓာတ် တော်တော်လေး ကျသွားတာ တွေ့ရပါတယ်။ နောက်တစ်ချက်က တိုက်စစ် ကစားသမားတွေရဲ့ ညံ့ဖျင်းလွန်းတဲ့ အဆုံးသတ်ပါပဲ။ ဒါဝင်နူညက်ဇ်ကိုပဲ အပြစ် မြင်နေကျပေမယ့် ဆာလာနဲ့ ဒီးယက်ဇ် တို့ရဲ့ အပြစ်တွေလည်း မကင်းပါဘူး။ နောက်တစ်ချက်က ခံစစ်ပိုင်း ဖြစ်ပါတယ်။ တိုက်စစ်ကောင်းမှ နိုင်ပွဲ ရမှာ ဖြစ်သလို ခံစစ်ကောင်းမှလည်း ချန်ပီယံ ဖြစ်မှာပါ။ အခုတော့ အရေးကြီးတဲ့ နှစ်နေရာစလုံး အားနည်းသွားတဲ့ လစ်ဗာပူးလ်တို့ ချန်ပီယံဆုတွေနဲ့ ဝေးရတော့မှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ အစောပိုင်းမှာတုန်းက ကလော့ပ် မထွက်ခွာခင် ဖလား ၄ လုံး သိမ်းမယ်လို့ ကြုံးဝါးထားပေမယ့် လက်ရှိ အခြေအနေအရတော့ ကျွဲစိမ်းနဲ့ပဲ ရာသီသိမ်းရဖို့ များနေပါပြီ။ လစ်ဗာပူးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၂ နေရာမှာ ရှိနေပေမယ့် မန်စီးတီးထက် ၂ ပွဲ ပိုကစားထားပြီး ၁ မှတ်သာ အသာရထားတာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် အာဆင်နယ်ဟာ ချန်ပီယံလမ်းကြောင်း ပေါ်မှာ ဆက်ရှိနေသေးပေမယ့် လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် ဖလားကို မေ့လိုက်ချင် မေ့လိုက်လို့ ရပါပြီ။

အဲဗာတန်ရဲ့ ရုန်းအား ကိုတော့ ချီးကျူးရမှာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ၈ မှတ် အထိ ကွာဟသွားခဲ့ပါပြီ။ အဲဗာတန်ဟာ လက်ကျန်ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ လူတန်၊ ရှက်ဖီးလ်ယူနိုက်တက်၊ အာဆင်နယ် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ ဝက်စ်ဟမ်း၊ စပါး၊ ဗီလာ၊ ဝုဗ် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်