နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုကို ကိုင်တွယ်ပုံကြောင့် တန်ဟက်ဂ်ကို ဝေဖန်ပြစ်တင်ခဲ့တဲ့ လစ်ဗာပူးလ် ဂန္တဝင် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆန်ချိုကို ကိုင်တွယ်ပုံကြောင့် ပြစ်တင် ကြိမ်းမောင်းခံခဲ့ရတဲ့ တန်ဟက်ဂ်

လစ်ဗာပူးလ် ဂန္တဝင် ရော်ဘီ ဖောင်လာက မန်ချက်စတာယူနိုက်တက်ကို ဂျေဒန် ဆန်ချိုရဲ့ ကိစ္စကို ကိုင်တွယ်တဲ့ ပုံစံ အတွက် ပြစ်တင် ပြောဆိုခဲ့ပါတယ်။ ဆန်ချိုဟာ ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာပြီးကတည်းက ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ဆန်ချို၊ မန်ယူနိုက်တက်နဲ့ အဲရစ်ခ် တန်ဟက်ဂ် တို့အကြားက တင်းမာမှုတွေဟာ ကစားသမားနဲ့ နည်းပြက အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အပြန်အလှန် လူသိရှင်ကြား ပြစ်တင် ဝေဖန်ခဲ့ကြပြီးနောက် အတင်းမာဆုံး အခြေအနေကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ချိုနဲ့ တန်ဟက်ဂ် တို့ရဲ့ ပြဿနာဟာ ပရိသတ်တွေ အကြားမှာလည်း ဝိဝါဒကွဲပြားမှုတွေ ဖြစ်ပေါ်စေခဲ့ပေမယ့် ဖောင်လာက ဆန်ချို အနေနဲ့ နည်းပြကို ပြန်လည် တုံ့ပြန်ဖို့ အခွင့်အရေးရှိတယ်လို့ ယုံကြည်နေပြီး ဒတ်ချ် လူမျိုး နည်းပြက ကိုယ့်ကစားသမားကို လူသိရှင်ကြား ဝေဖန် ပြစ်တင်ခဲ့တာက ကြီးမားတဲ့ အမှားလုပ်ခဲ့တာ ဖြစ်တယ်လို့ ပြစ်တင် ကြိမ်းမောင်းခဲ့တာ ဖြစ်ပါတယ်။ 


ဝက်စ်ဟမ်း ကြယ်ပွင့် အတွက် မန်စီးတီးနဲ့ အပြိုင် တိုက်ပွဲဝင်သွားမယ့် လစ်ဗာပူးလ်

လစ်ဗာပူးလ်ဟာ ဝက်စ်ဟမ်း ကြယ်ပွင့် နေယက်ဖ် အေဂတ် အတွက် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ အပြိုင် တိုက်ပွဲဝင်သွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။
ဝက်စ်ဟမ်း ကြယ်ပွင့် နေယက်ဖ် အေဂတ်ကို ခေါ်ယူချင်နေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ်ဟာ ဝက်စ်ဟမ်း ကြယ်ပွင့် နေယက်ဖ် အေဂတ် အတွက် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ အပြိုင် တိုက်ပွဲဝင်သွားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။ အေဂတ်ဟာ ဝက်စ်ဟမ်းရဲ့ ခံစစ်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေတာကြောင့် စိတ်ဝင်စားမှု အများအပြား ခံနေရတဲ့ ကစားသမား ဖြစ်ပြီး မော်ရိုကို ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရင်းနေး ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီအစမှာ ရခဲ့တဲ့ ဒဏ်ရာ ပြဿနာ ကနေ ပြန်လာနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား မတိုင်ခင် ပထမဆုံး ပါဝင်ကစားပေးခဲ့ပြီးနောက် ဥရောပဝင်ခွင့်ရခဲ့တဲ့ ဝက်စ်ဟမ်း အတွက် လိဂ်ပွဲ ၁၇ ပွဲ အထိ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ အေဂတ်ရဲ့ စွမ်းဆောင်ရည်ကို ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေက မျက်စိကျလာခဲ့ပြီး အဲဒီထဲမှာ လစ်ဗာပူးလ် နည်းပြ ယာဂန် ကလော့ပ်လည်း အပါအဝင် ဖြစ်ခဲ့တာကြောင့် လစ်ဗာပူးလ် ကစားသမားသစ် ခေါ်ယူရေး တာဝန်ရှိသူတွေဟာ အသက် ၂၇ နှစ် အရွယ် နောက်ခံလူကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် အနီးကပ် စောင့်ကြည့်နေကြပြီလို့ The Sun က ဖော်ပြခဲ့ပါတယ်။

ကလော့ပ်ဟာ ခံစစ်ပိုင်းမှာ ရုန်းကန်နေရတဲ့ အသင်းရဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် ခံစစ်ပိုင်း ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ယခုနွေရာသီမှာ ကွင်းလယ် ပြဿနာကို ဖြေရှင်းဖို့ အတွက် ကစားသမား ၄ ဦး အထိ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ်
အဲဗာတန်
အာဆင်နယ်
1X2 အဲဗာတန် @ 5.00
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.25 @ 2.20
ဂိုးပေါ် 3.00 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိုဒီဂတ်နဲ့ ဘယ်လင်ဟမ်ကို မလဲနိုင်ဘူးလို့ ပြောကြားခဲ့တဲ့ ဘန့်တ်

ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ ဒေါ့မန် ကနေ ရီးရဲလ်မက်ဒရစ်ကို ယခုနွေရာသီမှာ ပြောင်းရွှေ့ခဲ့ပြီးကတည်းက အထင်ကြီးဖွယ် စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူပေးနေတဲ့ ကစားသမား ဖြစ်ပါတယ်။

ဒါပေမယ့်လည်း talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဒါရင်း ဘန့်တ်က အာဆင်နယ် ကြယ်ပွင့် မာတင် အိုဒီဂတ်နဲ့ အင်္ဂလန် ကြယ်ပွင့်ကို မလဲနိုင်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဘယ်လင်ဟမ်နဲ့လား။ ကျွန်တော် သူ့ကို ချစ်မြတ်နိုးတယ်။ သူ့ကို နှစ်သက်တယ်။ ဒါပေမယ့် ရှိုးမတိုင်ခင် စီစဉ်ထားတဲ့ တွေ့ဆုံမှုက ကျွန်တော့်ကို မေးခွန်းထုတ်စေခဲ့တာက သူ့ကို အိုဒီဂတ်နဲ့ ကျွန်တော် လဲနိုင်လား ဆိုတာပါ။ ဟင့်အင်း မလဲပါဘူး။ ကျွန်တော် တို့ရဲ့ အသင်းခေါင်းဆောင်၊ ကျွန်တော် တို့ရဲ့ အလွှမ်းမိုးနိုင်ဆုံး ကစားသမားတွေ ထဲက တစ်ဦးကို မလဲနိုင်ပါဘူး။ အခုလို အချိန်မျိုးမှာ ကျွန်တော် ကတော့ အိုဒီဂတ် ကိုပဲ ယူမှာပါ။ ကျေးဇူးတင်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လင်ဟမ်ဟာ ဒေါ့မန် ကနေ ပေါင် ၈၈.၅ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ရီးရဲလ်မက်ဒရစ် အတွက် ပထမဆုံး ပါဝင်ကစားပေးခဲ့တဲ့ ၄ ပွဲမှာ ၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး အင်္ဂလန် ကြယ်ပွင့်ဟာ အသက် ၂၁ နှစ် အောက် ကမ္ဘာ့အကောင်းဆုံး လူငယ်ကစားသမားတွေကို ပေးအပ်တဲ့ ကိုပါဆု အတွက် ဆန်ခါတင် စာရင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်