နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာတေးတားကို ဆင်ခြေတွေ မပေးဖို့ ပြောလိုက်တဲ့ လစ်ဗာပူးလ် ဂန္တဝင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ လက်ရှိမှာတော့ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ နွေရာသီဈေးကွက် အစောပိုင်း ကာလမှာ ခြေငြိမ်နေတဲ့ ဂန်းနား တို့ဟာ ဒါးဗစ် ရာယာကို အပြီးသတ် ခေါ်ယူတာနဲ့ အေဂျက်စ်က ဆတ်ဖို့ဒ်ကို ခေါ်ယူခဲ့တာပဲ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ပရီးမီးယားလိဂ် ကလပ်က ဘိုလော့ဂ်နာက ရီကာဒို ကာလာဖီအိုရီရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ရှိနေသလို နောက်ထပ် ကစားသမားတွေလည်း ထပ်မံ ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နည်းပြ အာတေးတား ကတော့ အသင်းမှာ ကစားသမားသစ် ခေါ်ယူအားဖြည့်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့ ပြောဆိုမှုတွေ ရှိထားတာပါ။ လစ်ဗာပူးလ် ဂန္တဝင် စတိဗ် နီကိုး ကတော့ အာတေးတား အနေနဲ့ အသင်းမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတယ် ဆိုတာကို လျှောက်မပြောဘဲ ပါးစပ်ပိတ်ထားဖို့ လိုအပ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။

မီခဲလ် အာတေးတားက ရာသီကြို ခရီးစဉ်အတွင်း “ဒီလိဂ်မှာ ပြီးပြည့်စုံမှု ရှိဖို့က မတူညီတဲ့ စံနှုန်းတွေ လိုအပ်ပါတယ်။ ဒီစကားလုံးနဲ့ ဆက်စပ်အောင် ပရီးမီးယားလိဂ် ဖလားကို အနိုင်ရဖို့က ကျွန်တော်တို့ လုပ်ရမယ့် အရာပါ။ ကျွန်တော်တို့ တိုးတက်အောင် လုပ်ချင်တဲ့နေရာတွေ ရှိနေပြီး အထူးသဖြင့် ကျွန်တော်တို့ အားနည်းနေခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ ပတ်သက်ပြီး လူစာရင်းကို ပိုကောင်းမွန်တဲ့ အရင်းအမြစ်တွေ ဖြည့်ပေးချင်ပါတယ်” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို အာတေးတားရဲ့ ပြောစကား ကိုတော့ နီကိုးက အာတေးတား အနေနဲ့ လာမယ့်ရာသီ အသင်းရဲ့ ပရီးမီးယားလိဂ် ဖလား မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး သတင်းစကား ပေးရာမှာ ဆင်ခြေတွေ ပေးနေမယ့် အစား ပိုပြီး အကောင်းမြင်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နီကိုးက “အာဆင်နယ်နဲ့ အတေးတား တို့က ကျွန်တော်တို့ ဘာလုပ်ဖို့ လိုပါတယ် ဆိုပြီး ပြောတဲ့ စကားတွေကို ကျွန်တော် မကြားချင်ဘူး။ ကျွန်တော်တို့ နေရာ အချို့ကို တိုးတက်အောင်လုပ်ဖို့ လိုတယ်။ ကျွန်တော်တို့ ပိုကြီးမားတဲ့ လူစာရင်း လိုတယ် စသဖြင့်ပေါ့။ အဲဒီအသံတွေကို ဒီနှစ်မှာတော့ ကျွန်တော် မကြားချင်တော့ပါဘူး။ ကျွန်တော် ပိုပြီး အပြုသဘောဆောင်တဲ့ စကားသံတွေပဲ ကြားချင်တယ်။ ကျွန်တော်တို့တွေ ဖလား အရယူသွားမယ်။ ကျွန်တော်တို့ ဖလားရဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိနေပြီ ထင်တယ်။ ကျွန်တော်တို့ ပိုပြီး ကောင်းမွန်လာတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ နေရာမှာ ရှိနေတဲ့ အခါတိုင်း အခွင့်ရေး အယူသွားမယ် ဆိုတာမျိုးပဲ ကြားချင်တယ်။” လို့ ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။

ဆက်လက်ပြီး နီကိုးက “ကျွန်တော်တို့ တခြားနေရာတွေကို အင်အား ပိုဖြည့်ဖို့ လိုသေးတယ် ဆိုတာမျိုးတွေ မကြားချင်ဘူး။ ကျေးဇူးပြုပြီး ပါးစပ်ပိတ်လိုက်ပါတော့။ ခင်ဗျား ပြောရမှာက ခင်ဗျား သိလား။ ကျွန်တော်တို့ ဒီနှစ် ဖလားယူနိုင်မယ် ထင်တယ်။ ကျွန်တော်တို့ ဖလားရဖို့ လိုတဲ့ အရည်အချင်းတွေနဲ့ ကစားသမားတွေ ရှိနေပြီ ဆိုတဲ့ စကားမျိုးပဲ။ ဒါမျိုးပဲ ကျွန်တော် ကြားချင်တယ်။ ကျွန်တော် ဆင်ခြေတွေ မကြားချင်တော့ဘူး။ သူ ပွဲစကစားတာနဲ့ ဆင်ခြေပေးစရာ အချိန်တွေက ပိုပြီး များလာပါလိမ့်မယ်။ ဘောလုံး မကန်ခင်မှာ အဲဒီအသံတွေကို ကျွန်တော် မကြားချင်ဘူး။ လုပ်စမ်းပါ အာတေးတားရာ။” လို့ လည်း ပြောဆို သွားခဲ့ပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်