နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူစားလဲ မှန်ကန်မှုတွေကြောင့် မာဆေးလ်ဆိုက်ဒ်ဒါဘီမှာ အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၂-၀ အဲဗာတန်

စူပါဆန်းဒေး ပရီးမီးယားလိဂ်ရဲ့ နောက်ထပ် ဒါဘီ ပွဲစဉ် တစ်ပွဲ မှာတော့ လစ်ဗာပူးလ်တို့ အဲဗာတန်ကို လူစားဝင် ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံ အိမ်မက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့ပေမယ့် ဒါဘီ ပြိုင်ဘက် အဲဗာတန် ကတော့ တန်းဆင်းဇုန်ထဲကို ရောက်ရှိသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

လစ်ဗာပူးလ်တို့ ဒီပွဲပြီးရင် ချန်ပီယံလိဂ် ကစားဖို့ ရှိပေမယ့် အကောင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပြီး မာနေး၊ ဂျိုတာ၊ ဆာလာ၊ သီယာဂို၊ ဖာဘင်ဟို၊ နာဘီကေတာ၊ ဗန်ဒိုက်ခ်၊ မက်တစ်ပ်၊ အာနိုးလ်၊ ရော်ဘတ်ဆန်၊ အလီဆွန် တို့ပါဝင်တဲ့ လူစာရင်းနဲ့ပဲ ယှဉ်ပြိုင်သွားခဲ့ပါတယ်။ အဲဗာတန် ကလည်း ၄-၃-၃ နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ရစ်ချာလီဆင်၊ ဒမ်မာရီ ဂရေး၊ ဂေါ်ဒွန် တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်မှာ အဲလန်၊ ဒိုကိုရေး၊ အီဝိုဘီ၊ ခံစစ်မှာ ကိုးလ်မန်း၊ မိုင်ကိုလန်ကို၊ ကိန်း၊ ဟိုးလ်ဂိတ်၊ ပစ်ခ်ဖို့ဒ် တို့ ပွဲထွက်ခဲ့ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ရှုံးပွဲ ပြန်တွေ့ခဲ့တဲ့ အဲဗာတန် ကတော့ တန်းဆင်းဇုန်ထဲ ဆင်းသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် ၁၉ ပွဲမြောက် ရှုံးပွဲနဲ့ အတူ တန်းဆင်းဇုန် ဖိအားတွေ ပိုများလာခဲ့တဲ့ အဲဗာတန်

အဲဗာတန်တို့ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကို မာမာထန်ထန် တုန့်ပြန်ဖို့ ကြိုးစားခဲ့ပြီး အခွင့်အရေး ရရင်ရသလို တန်ပြန် တိုက်စစ်ကနေ ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ကစားဟန် အတိုင်း High Pressing နဲ့ ကစားခဲ့လို့ နှစ်ဖက် ကစားသမားတွေ အကြား ထိတွေ့မှုတွေ ရှိခဲ့ပြီး ပွဲက တော်တော်လေး မြိုင်ဆိုင်ခဲ့ပါတယ်။ ပထမပိုင်း ပွဲပြီးခါနီးမှာ တိုက်စစ်က မာနေး ပြိုင်ဘက် ကစားသမားရဲ့ မျက်နှာကို လက်နဲ့ လှမ်းရိုက်ခဲ့ပေမယ့် အနီကတ် ပြသခြင်း မခံခဲ့ရတာကြောင့် လစ်ဗာပူးလ်တို့ ကံကောင်းခဲ့ပြီး အဲ့ဒီ ရန်ပွဲကြောင့်ပဲ တစ်ဖက်က ဒိုကိုရေးလည်း အဝါကတ် ထိခဲ့ပါတယ်။ လစ်ဗာပူးလ် ဘက်က ဆာလာ၊ မာနေး၊ ကေတာ တို့ ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် အားရစရာ မရှိခဲ့သလို အဲဗာတန် ဘက်ကတော့ ရစ်ချာလီဆင်ရဲ့ ဖန်တီးမှု ကနေ ဒိုကိုရေး အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ပထမပိုင်း အပြီး မှာတော့ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ချဲလ်ဆီး
ချဲလ်ဆီး အာရှ ဟန်းဒီးကပ် -0.50 @ 2.21
1X2 ချဲလ်ဆီး @ 2.19
ဂိုးပေါ် 2.50 @ 1.82
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း မှာတော့ အသင်း အခြေအနေ မဟန်ဘူးဆိုတာ ရိပ်မိခဲ့တဲ့ ကလော့ပ် အနေနဲ့ အိုရီဂီနဲ့ ဒီးရာ့ဇ် ထည့်ပြီး တိုက်စစ် မြှင်ခဲ့ပါတယ်။ ကလော့ပ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲ မှန်ကန်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ပွဲချိန် ၆၂ မိနစ် မှာတော့ ဆာလာရဲ့ ပေးပို့မှု ကနေ အန်ဒရူး ရော်ဘတ်ဆန်က ခေါင်းတိုက်ကာ ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဖရန့်ခ် လမ်းပတ်ရဲ့ အသင်းက အယ်လီ၊ ရွန်ဒွန် တို့ ထည့်ပြီး ချေပဂိုး ပြန်ရဖို့ ကြိုးပမ်းခဲ့ပြီး ရွန်ဒွန်ရဲ့ တောင်ပံ တစ်လျှောက် တိုးအားကို လစ်ဗာပူးလ် နောက်တန်းက သတိထား ထိန်းချုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၅ မိနစ် မှာတော့ လစ်ဗာပူးလ်တို့ အနိုင်သေချာစေမယ့် ဂိုးရသွားခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ လူးစားဝင် တိုက်စစ်မှူး လူးဝစ် ဒီးရာ့ဇ်ရဲ့ ဘိုင်စကယ်ကစ် ကြောင့် မြေထောက်ပြီး ဂိုးရှေ့ရောက်သွားတဲ့ ဘောလုံးကို ဒီဗော့ခ် အိုရီဂီက အလိုက်သင့် ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အဲဗာတန်ရဲ့ ကစားပုံကြောင့် ပထမပိုင်းမှာ လစ်ဗာပူးလ်တို့ ဂိုးပေါက်တောင် မတည့်ခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ မာဆေးလ်ဆိုက်ဒ်ဒါဘီ ဖြစ်တဲ့ အပြင် နှစ်သင်းလုံး အမှတ်လိုအပ်နေတာကြောင့်လည်း အားစိုက် ကစားခဲ့ကြပြီး ဂျာဂျင် ကလော့ပ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲ၊ လူစားလဲ မှန်ကန်မှုတွေက လစ်ဗာပူးလ်ကို နိုင်ပွဲတွေ ယူဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အိုရီဂီ ကတော့ Super Sub ဆိုတဲ့ အတိုင်း ကစားခွင့် ရချိန်တိုင်းမှာ အသင်း အတွက် အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးနိုင်နေဆဲ ဖြစ်ပြီး လူးဝစ် ဒီးရာ့ဇ် ကတော့ လှပတဲ့ ကန်ချက်နဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုတော့ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဗာတန် ကတော့ တတ်နိုင်သမျှတော့ ပြိုင်ဘက်ကို အကောင်းဆုံး တုန့်ပြန်ခဲ့ပေမယ့် အရန်အင်အား မတောင့်တင်းခြင်းကြောင့် ရှုံးပွဲ ကြုံခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။

ဒီပွဲ ရလဒ်ကြောင့် လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပြီး ရှုံးပွဲ ပြန်တွေ့ခဲ့တဲ့ အဲဗာတန် ကတော့ တန်းဆင်းဇုန်ထဲ ဆင်းသွားခဲ့ရပါတယ်။

လာမယ့်ပွဲစဉ်များလစ်ဗာပူးလ်တို့ လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကစားရဖို့ ရှိပြီး အဲဗာတန် ကတော့ မေ ၁ ရက်နေ့မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်