နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာနိုးလ်ကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ အင်္ဂလန် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ခရစ္စမတ် မတိုင်ခင် သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာနိုးလ် ကတော့ လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားလည်း ဖြစ်ပါတယ်။ 

အာနိုးလ် ကိုတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ပစ်မှတ်ထားခြင်း ခံနေသူလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အာနိုးလ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။ အာနိုးလ် ကိုတော့ ရီးရဲလ်မက်ဒရစ် နည်းတူ တခြားသော ဥရောပ ထိပ်သီး ကလပ် တချို့ ကလည်း လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း တိုး၊ မတိုး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ အာနိုးလ်ကို အနာဂတ် အသင်းခေါင်းဆောင် အဖြစ် သတ်မှတ်ထားပြီးတော့ မြင့်မားတဲ့ လုပ်ခ လစာနှုန်းထား အသစ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အာနိုးလ်ဟာ လက်ရှိ လစ်ဗာပူးလ်မှာ တစ်ပတ် လုပ်ခလစာ ပေါင် ၁၈၀၀၀၀ သာ ရရှိနေတာပါ။ ဒါကြောင့် လစ်ဗာပူးလ်က အာနိုးလ်ကို ပရီးမီးယားလိဂ်ရဲ့ လုပ်ခ လစာ အများဆုံး အင်္ဂလန် ကစားသမား ဖြစ်လာစေမယ့် နှုန်းထား ပမာဏနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေခြင်း ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၆ ခုနှစ်မှာ ပရိုကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၃၁၉ ပွဲ ကစားထားသလို အသင်းနဲ့ အတူ ဆုဖလား အားလုံး နီးပါးကို ရရှိထားသူပါ။
လစ်ဗာပူးလ်နဲ့ ဆုဖလား အောင်မြင်မှု အားလုံးနီးပါး ရထားတဲ့ အာနိုးလ်

အာနိုးလ်နဲ့ အတူတော့ မိုဟာမက် ဆာလာနဲ့ ဗာဂျယ် ဗန်ဒိုက်ခ် တို့ကလည်း လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ ဒီကစားသမား ၃ ဦးစလုံးကို အခုနှစ် အတွင်း သက်တမ်း မတိုးနိုင်ရင်တော့ လာမယ့် ဇန်နဝါရီလမှာ တခြားသော အသင်းတွေနဲ့ ဆွေးနွေးခွင့်ပြုရမှာလည်း ဖြစ်သည်။ ဒါကြောင့် လစ်ဗာပူးလ်က ခရစ္စမတ် မတိုင်ခင် ဒီကစားသမားတွေ အားလုံးကို သက်တမ်း တိုးနိုင်ဖို့ ကြိုးပမ်းနေတာလည်း ဖြစ်ကြောင်း သိရပါတယ်။

အစောပိုင်းမှာ ဆိုရင် ဗြိတိန် သတင်းစာ The Sunရဲ့ ဖော်ပြချက်အရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ဟာ တစ်ပတ် လုပ်ခ ပေါင် ၃၅၀၀၀၀ ပေးချေနေရတဲ့ မိုဟာမက် ဆာလာနဲ့ တစ်ပတ် လုပ်ခ ပေါင် ၂၂၀၀၀၀ ပေးချေနေရတဲ့ ဗန်ဒိုက်ခ် တို့ကို ကျော်ပြီး အာနိုးလ်ကို လုပ်ခလစာ တိုးမြှင့်ပေးလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် အာနိုးလ် အနေနဲ့လည်း လစ်ဗာပူးလ်မှာ ဆက်နေဖို့ထက် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားဖွယ် ရှိနေပြီလို့ ဖော်ပြခဲ့ပါတယ်။ 

အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၆ ခုနှစ်မှာ ပရိုကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၃၁၉ ပွဲ ကစားထားသလို အသင်းနဲ့ အတူ ဆုဖလား အားလုံး နီးပါးကို ရရှိထားသူပါ။ အာနိုးလ်က နည်းပြဟောင်း ယာဂန် ကလော့ပ် လက်ထက် ကတည်းက လစ်ဗာပူးလ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပြီးတော့ လက်ရှိ နည်းပြ အာနေး ဆလော့တ် လက်ထက်မှာလည်း အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်