နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဒါဂူလာကို ကမ်းလှမ်းတော့မယ့် လစ်ဗာပူးလ်၊ ဂယ်လာဟာကို ခေါ်ယူချင်နေတဲ့ တီကို | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်း ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကြယ်ပွင့်လေး အာဒါ ဂူလာကို ခေါ်ယူဖို့ အတွက် စုံစမ်းမေးမြန်းခဲ့မှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ တူရကီက လာတဲ့ သတင်းတွေအရ အခုအခါ မှာတော့ လစ်ဗာပူးလ်က တူရကီ ကြယ်ပွင့်လေး အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းတွေ အရ လစ်ဗာပူးလ်ရဲ့ ပစ်မှတ်တွေထဲမှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ ကစားသမားတွေ ဖြစ်တဲ့ ပက်ဒရို နီတိုနဲ့ ရေယန် အစ်နူရီ တို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမား နှစ်ဦး အတွက် ဆိုရင်တော့ လစ်ဗာပူးလ်တို့ ပေါင် သန်း ၁၀၀ နီးပါး အသုံးပြုရဖို့တော့ ရှိပါတယ်။

ဂျာမနီ အခြေစိုက် BILD ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းဟာ လိုက်ပ်ဇစ် ကွင်းလယ်လူ ဒန်နီ အော်လမိုကို ခြောက်နှစ် စာချုပ်နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

နယူးကာဆယ် ယူနိုက်တက်က ယူရို သန်း ၃၀ (ပေါင် ၂၅.၂ သန်း) နဲ့ ကမ်းလှမ်းထားတဲ့ စပိန် တိုက်စစ်မှူး ဖာရန်း တောရက်စ် ကတော့ ဘာစီလိုနာ ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ် အသင်း ကတော့ အခု နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ အလွန် ယုံကြည်မှု ရှိနေတယ်လို့ သိရပါတယ်။
ဂယ်လာဟာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ အက်တလက်တီကိုမက်ဒရစ်

အက်တလက်တီကိုမက်ဒရစ် အသင်း ကတော့ အခု နွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ကွင်းလယ်လူ ကော်နာ ဂယ်လာဟာကို ခေါ်ယူဖို့ အလွန် ယုံကြည်မှု ရှိနေတယ်လို့ သိရပါတယ်။

အေစီမီလန် အသင်း ကတော့ ချဲလ်ဆီး တိုက်စစ်မှူး အာမန်ဒို ဘရိုဟာကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။

ရီးရဲလ် ဆိုစီဒက် ကွင်းလယ်လူ မီခဲလ် မာရင်နိုဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်း မရှိပဲ အာဆင်နယ် ကိုသာ ပြောင်းရွှေ့ဖို့ မျှော်လင့်နေတယ်လို့ စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း၊ ဇီယက်ခ်ဇီး တို့နဲ့ တွဲဖက်ကစားဖို့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ် ဘက်ကတော့ တိုနေးကို ပေါပေါပဲပဲ ရောင်းချလိုခြင်း မရှိတာကြောင့် ခက်ခဲဖို့တော့ ရှိနေပါတယ်။

နူးကမ့်ပ် ကနေ ထွက်ခွာလာပြီးနောက် အသင်း လက်မဲ့ ဖြစ်နေတဲ့ ဘာစီလိုနာနဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူဟောင်း မားကို့စ် အလွန်ဆိုကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Mirror က ဖော်ပြလာပါတယ်။

ပေါင် ၃၅ သန်းတန် အေစီမီလန် ဗဟိုခံစစ်ကစားသမား မလစ် သီယောဟာ နယူးကာဆယ် ယူနိုက်တက်ရဲ့ လေးနက်တဲ့ ပစ်မှတ် ဖြစ်နေတယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်း ကတော့ အက်စတွန်ဗီလာ ကွင်းလယ်လူ ယာကုပ် ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ နော့တင်ဟမ်ဖောရက်စ် နောက်ခံလူ နီကို ဝီလျံကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ မန်စီးတီး ဂိုးသမား အီဒါဆင် အတွက် ယူရို ၃၈ သန်း (ပေါင် ၃၂ သန်း) ဝန်းကျင် တန်ဖိုးရှိတဲ့ အပြီးသတ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားဖို့ ရှိနေပါတယ်။

ဂီရိုနာ ကတော့ တော့တင်ဟမ်ဟော့စပါး တောင်ပံကစားသမား ဘရိုင်ယန် ဂီးလ်ကို လာလီဂါသို့ ပြန်လည် ခေါ်ယူရန် သဘောတူညီမှု ရရှိနေပြီလို့ Mundo Deportivoက ဖော်ပြလာပါတယ်။

ဘရန့်ဖို့ဒ်နဲ့ အဲဗာတန် တို့ဟာ လိုင်ယွန် ဗဟိုနောက်ခံလူ ဂျိတ် အိုဘရီယန်ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် အိုင်ယာလန် လက်ရွေးစင် ကတော့ အခု နွေရာသီမှာ ပြင်သစ် ကလပ် ကနေ ထွက်ခွာဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်