နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးလ် နဲလ်ဆင်ကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ ဆွေးနွေးနေပြီ ဖြစ်တဲ့ လက်စတာစီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် တန်းတက် ကလပ် လက်စတာစီးတီး ကတော့ ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ဆီ တကျော့ပြန် ရောက်ရှိလာတဲ့ လက်စတာစီးတီးက အာဆင်နယ်ရဲ့ တောင်ပံ ကစားသမားလေး ရီးလ် နဲလ်ဆင်ကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

လက်စတာစီးတီးဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား နှစ်ဦးသာ ခေါ်ယူထားပြီးတော့ ဖူလ်ဟမ်က ဘော်ဘီ ရိဒ်ကို အလွတ်ပြောင်းရွှေ့ကြေး၊ အတ္တလန္တာ ဗဟိုခံစစ်မှူးလေး မာမက် ကယ်လက်ဘ် အိုကိုလီကို ယူရို ၁၅ သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က ရီးလ် နယ်လ်ဆင်ကို အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ သဘောတူညီမှုနဲ့ အငှားစာချုပ်ချုပ်ဖို့ အာဆင်နယ်နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက အာဆင်နယ်နဲ့ ၄ နှစ် စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့်လည်း ၂၀၂၃/၂၄ ဘောလုံး ရာသီ အတွင်း ပရီးမီးယားလိဂ် မှာ ၂၅၇ မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။ နဲလ်ဆင်ဟာ နည်းပြ မီခဲလ် အာတေးတား အတွက် ဦးစားပေး ရွေးချယ်မှု မဟုတ်ခဲ့ပဲ သူ့အနေနဲ့ ဘူကာယို ဆာကာ၊ မာတင်နယ်လီနဲ့ ထရော့ဆက်ဒ် တို့ရဲ့ အနောက်မှသာ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ 

နယ်လ်ဆင်ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် စဖွင့်ကတည်းက အာဆင်နယ် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေပြီးတော့ လက်စတာ အပြင် ဝက်စ်ဟမ်း ကလည်း စိတ်ဝင်စားနေပါတယ်။ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လက်စတာစီးတီး အသင်းဟာ အလားအလာရှိတဲ့ အငှားစာချုပ် အတွက် အာဆင်နယ်နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းထားတယ်လို့ သိရပြီး နှစ်သင်းစလုံး ကတော့ သင့်လျော်တဲ့ ငွေကြေးတစ်ရပ်နဲ့ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။

မြေခွေးတွေဟာ အင်္ဂလန် လူငယ်အဆင့်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြသစ် စတိဗ် ကူ့ပါးနဲ့ နဲလ်ဆင် တို့ရဲ့ ယခင်က ဆက်ဆံရေး အပေါ် အားကိုးပြီး စေ့စပ်ညှိနှိုင်းမှုတွေမှာ အသုံးချသွားချင်နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လက်စတာစီးတီးက ဂျူဗင်တပ်စ်က မာတီရာ့စ် ဆူလီနဲ့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်ထားပေမယ့်လည်း ပရီးမီးယားလိဂ် အတွေအကြုံ ရှိတဲ့ နယ်လ်ဆင် ကိုတော့ ပိုပြီး သဘောကျနေတာ ဖြစ်ပါတယ်။ 

ရီးလ် နယ်လ်ဆင်ဟာ ၂၀၁၇/၂၀၁၈ ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့ပေမယ့်လည်း ကလပ် အတွက် ၇ နှစ်တာ ကာလ အတွင်း ပရီးမီးယားလိဂ် 49 ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် နဲလ်ဆင်က ကြားကာလတွေမှာ ဟော့ဖန်ဟိမ်းနဲ့ ဖီယင်နော့ဒ် တို့မှာလည်း အငှားထွက်ကစားခဲ့ဖူးပါတယ်။ နဲလ်ဆင်ဟာ အခုနွေရာသီမှာ အာဆင်နယ် ကနေ ထွက်ခွာသွားဖို့ ရှိတဲ့ တစ်ဦးတည်းသော တိုက်စစ်မှူး မဟုတ်ပါဘူး။ သူနဲ့ အတူ အာဆင်နယ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်တဲ့ အီမိုင်းလ် စမစ်ရိုးဝ် ကလည်း ဖူလ်ဟမ် ကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်မှူး အက်ဒီ အန်ကတ်တီးယား ကလည်း ပုံမှန် ပွဲထွက်ခွင့်ရနိုင်ရေး မျှော်လင့်ချက်နဲ့ လီဂူးဝမ်း ကလပ် မာဆေးလ်ကို ပြောင်းရွှေ့ဖို့ အတွက် ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်