နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာစီးတီး – အက်စတွန်ဗီလာ | ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ (ပွဲကြိုသုံးသပ်ချက်)

လက်စတာစီးတီး – အက်စတွန်ဗီလာ

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် လက်စတာစီးတီးနဲ့ အက်စတွန်ဗီလာတို့ ကင်းပါဝါကွင်းမှာ တွေ့ဆုံ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ နောက်ဆုံး မိနစ်ရောက်မှ အဲဗာတန်ကို အမှတ်ခွဲပေးခဲ့ရတဲ့ လက်စတာစီးတီးတို့ ၄ ပွဲဆက် အရှုံးနဲ့ အတူ ခြေစွမ်း ကျဆင်းနေတဲ့ အက်စတွန်ဗီလာ ဆီကနေ ၃ မှတ် အပြည့် ပြန်ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်စတာစီးတီးတို့ အဓိက ပွဲထွက်ကစားသမားတွေ မကြာခဏ ဒဏ်ရာရနေခဲ့ခြင်းကြောင့် နှစ်စပိုင်း ကနေ စပြီး အခုအချိန်ထိကို ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ တည်ငြိမ်မှု မရှိသေးပါဘူး။ ပြီးခဲ့တဲ့ မတ်လ လအလယ်လောက် ကစပြီး ပြိုင်ပွဲစုံမှာ ရလဒ်တွေ ကောင်းခဲ့ပေမယ့် လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ ထူးခြားချက်က ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ အသင်းဟာ နယူးကာဆယ်ကို ဘရူနို ဂီမာရေးစ်ရဲ့ နောက်ဆုံး မိနစ် ဂိုးကြောင့် အရှုံးပေးခဲ့ရသလို အဲဗာတန်ကိုလည်း ရစ်ချာလီဆင်ရဲ့ နောက်ကျ ချေပဂိုးကြောင့် အမှတ်ခွဲပေးထားရတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် လက်စတာဟာ အရန်အင်အား မတောင့်တင်းမှုကြောင့် ပွဲချိန်ကြာလာတာနဲ့ အမျှ ခြေစွမ်း သိသိသာသာ ကျဆင်းသွားပြီး ပြိုင်ဘက်ကို ဂိုးတွေ ပြန်ပေးနေရတယ်လို့ ယူဆနိုင်ပါတယ်။ လက်တလော လက်စတာ တို့ အိမ်ကွင်း ရလဒ်တွေ ကောင်းမွန်နေပြီး ကင်းပါဝါမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။ တစ်ချက်ရှိတာက လက်စတာစီးတီးတို့ အခုပွဲ ပြီးရင် ရိုးမားနဲ့ ယူရိုပါကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကစားရမှာ ဖြစ်တာကြောင့် အဓိက ကစားသမား တချို့ကို ချန်လှပ်ထားဖွယ် ရှိနေတာပါ။ ဒါ့အပြင် ဆူမာရေး၊ အန်ဒီဒီ၊ ဝက်ဒ်၊ ဘာထရန်၊ ဗာဒီ တို့ကလည်း ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ်လူစာရင်း – ရှမိုက်ကယ်၊ ဆိုယွန်ချူ၊ အမာတေး၊ ဂျက်စတင်၊ ကတ်စတန်ညီ၊ ဒရူးဘယ်ရီဟောလ်၊ တေးလီမန့်စ်၊ မက်ဒီဆင်၊ လွတ်ခ်မန်း၊ ဘန်းစ်၊ ဒါကာ

လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ပြန်လည် ရောက်ရှိနေပေမယ့် တန်ဆင်းဇုန်နဲ့ ၈ မှတ် ကွာဟနေလို့ သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

စတီဗင် ဂျရတ်ရဲ့ အက်စတွန်ဗီလာ ကတော့ လက်တလောမှာ ခြေစွမ်းကျဆင်းနေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ပြန်လည် ရောက်ရှိနေပေမယ့် တန်ဆင်းဇုန်နဲ့ ၈ မှတ် ကွာဟနေလို့ သိပ်တော့ စိတ်ပူစရာ မရှိပါဘူး။ ခြေစွမ်းပိုင်းအရ ဆိုရင်တော့ ကစားသမားကောင်းတွေ တပုံကြီး ရှိနေသည့် တိုင်အောင် ဂျရတ်ရဲ့ နည်းဗျူဟာနဲ့ အံဝင်ဖို့ ခက်ခဲနေတာ ဖြစ်ပြီး ခံစစ် ကစားသမားတွေ တိုက်စစ် အလွံအကျွံ လိုက်ပါမှု ကြောင့်လည်း ပေးဂိုးတွေ များနေခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ပြီးခဲ့တဲ့ စပါးနဲ့ ပွဲကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ စပါးကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းမှုတွေ အပြင် ခံစစ်ပိုင်း အမှားတွေကြောင့် ၀-၄ ဆိုတဲ့ ရလဒ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုလာမယ့်ပွဲ ကိုတော့ တောင်ပံက လူးကပ်စ် ဒစ်ဂ်နီး တစ်ဦးတည်း လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
ဝက်ဖို့ဒ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – မာတီနက်ဇ်၊ မင်းဂ်၊ ကွန်ဆာ၊ ကတ်ရှ်၊ ယန်း၊ မက်ဂင်းန်၊ နာကမ်ဘာ၊ လူးဝစ်ဇ်၊ ကော်တင်ဟို၊ ရမ်ဆေး၊ ဝက်ကင်န်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၂ ကြိမ်မှာ လက်စတာစီးတီးက ၅ ကြိမ်၊ အက်စတွန်ဗီလာက ၅ ကြိမ် အနိုင်ရထားပြီး ၂ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့  သရေပွဲ လုံးဝ မရှိခဲ့သလို လက်စတာစီးတီးက ၃ ကြိမ် နိုင်ပြီး ဗီလာက ၂ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ကင်းပါဝါမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ လက်စတာစီးတီးတို့ အက်စတွန်ဗီလာကို ၁ ပွဲနိုင်၊ ၁ ပွဲ သရေကျပြီး ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ လက်စတာစီးတီး အတွက် ၂.၆၇ ဆ၊ အက်စတွန်ဗီလာ အတွက် ၂.၅၅ ဆ၊ သရေ အတွက် ၃.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်စတာတို့ ဥရောပပွဲ ကစားဖို့ ရှိပေမယ့် Form ပျက်နေတဲ့ ဗီလာကြောင့် အခက်အခဲ သိပ်မရှိနိုင်ပါဘူး။ ဒါပေမယ့် အစဉ်အလာ အတိုင်း အကြိတ်အနယ် ကစားရဖို့ ရှိပြီး တိုက်စစ်မှာ ကွာလတီ ကစားသမား ကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့်လည်း အပြန်အလှန် သွင်းဂိုးတွေလည်း မြင်တွေ့ရဦးမှာပါ။ ဒီပွဲ မှာတော့ ခြေစွမ်း အနည်းငယ် ပိုသာနေသလို အိမ်ကွင်း ရလဒ်တွေ တောက်လျောက် ကောင်းမွန်နေတဲ့ လက်စတာစီးတီးကို သဘောကျပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်