နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခက်ခက်ခဲခဲ ကစားပြီး သရေ တစ်မှတ် ရခဲ့တဲ့ လိဒ်စ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ခရစ္စတယ်ပဲလေ့စ် ၀-၀ လိဒ်စ်ယူနိုက်တက်

ပရီးမီးယားလိဂ် ပွဲစဉ် (၃၄)ရဲ့ နောက်ကျပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်တို့ ခြေစွမ်းပိုင်း အသာရခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် အားနည်းခဲ့သလို လိဒ်စ် နောက်တန်းနဲ့ ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် အိမ်ကွင်းမှာ သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာတဲ့ ပက်ထရစ် ဗီအဲရာရဲ့ အသင်းမှာ ဇာဟာ၊ မက်တေးတား၊ အာယူး တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကွင်းလယ်နဲ့ ခံစစ် မှာတော့ မက်အာသာ၊ ဂယ်လက်ဂါ၊ အီးဇီး၊ ဂေးဟ်၊ အန်ဒါဆင်၊ ဝက်ဒ်၊ ကလိုင်းနဲ့ ဂိုက်တာတို့ ပါဝင်လာခဲ့ပါတယ်။ လိဒ်စ်ရဲ့ ကွင်းလယ် မှာတော့ ကယ်ဗင်ဖီးလစ် ပြန်ပါလာခဲ့ပြီး ကလစ်ချ်နဲ့ တွဲဖက်ကစားခဲ့ပါတယ်။ တိုက်စစ် မှာတော့ ဒန်ဂျိမ်းစ်၊ ရာဖင်ညာ၊ ရိုဒရီဂို တို့ပဲ ဦးဆောင်ခဲ့ပြီး ခံစစ်မှာ ကူပါး၊ ယော်ယန်းတေး၊ ဒါးလက်စ်၊ အေးလင်းနဲ့ မက်လေယား တို့ပဲ ပွဲထွက်ခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ် အတွက်က အမှတ် မလိုပေမယ့် လိဒ်စ် အတွက် ကတော့ နောက်ရာသီ ပရီးမီးယားလိဂ်မှာ ဆက်ရှိရေး အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲစကတည်းက ပဲလေ့စ် တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ပွဲကို ထိန်းချုပ်ထားခဲ့ပါတယ်။

တိုက်စစ်က မက်တေးတား အပိုင်အခွင့်အရေး တချို့ရခဲ့ပေမယ့် အဆုံးသတ် ညံ့ခဲ့သလို လိဒ်စ် ခံစစ်က အမှားအယွင်း နည်းခဲ့တာကြောင့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါဘူး။ လိဒ်စ် ကတော့ ပထမပိုင်းမှာ လီယမ်ကူပါး အပိုင် ခေါင်းတိုက်ခွင့် တစ်ကြိမ်ရခဲ့တာ ကလွဲရင် ခရစ္စတယ်ပဲလေ့စ် နောက်တန်းကို ရင်ခုန်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး ၁ မှတ်သာ ရှာဖွေနိုင်ခဲ့တာကြောင့် ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၄ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

ဒုတိယပိုင်း မှာတော့ အိမ်ရှင်တို့ တိုက်စစ်မြှင့်လာခဲ့ပြီး လိဒ်စ် ကွင်းလယ်က ကလစ်ချ် နာသွားခဲ့လို့ ရော်ဘင် ကော့ချ်နဲ့ လူစားလဲခဲ့ရပါတယ်။ ပဲလေ့စ်တို့ပဲ တိုက်စစ်ဆင်မှုတွေ ဆက်လက် ပြုလုပ်နိုင်ခဲ့ပေမယ့် ဇာဟာရဲ့ ကန်ချက် ၃ ကြိမ်နဲ့ ဂယ်လက်ဂါရဲ့ ကန်ချက် ၁ ကြိမ်ကို မက်လေယား တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်သွားခဲ့လို့ ပဲလေ့စ်တို့ သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ လိဒ်စ် ဘက်က အခွင့်အရေး ရရင် ရသလို ပြန်ပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ဂဲလ်ဟတ်ရဲ့ ကန်ချက် တစ်ကြိမ်သာ ဂိုးပေါက်တည်ခဲ့ပြီး ကျန်မိနစ်တွေ မှာတော့ ပဲလေ့စ်ရဲ့ တိုက်စစ်ကို ခုခံနေရတာနဲ့ပဲ အချိန်ကုန်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်သင်းလုံး ဂိုးသွင်းနိုင်ခြင်း မရှိခဲ့လို့ ၀-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး သရေ ၁ မှတ်စီ ခွဲယူသွားခဲ့ကြပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပဲလေ့စ်တို့ ခြေသာခဲ့ပေမယ့် ဇာဟာနဲ့ မက်တေးတား တို့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် လိုအပ်နေတဲ့ ဂိုးတွေ မရခဲ့သလို နောက်ထပ် တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ ဂျော်ဒန် အာယူး ကလည်း ပါလို့ ပါမှန်း မသိအောင်ကို ခြေစွမ်း ပျောက်ဆုံးနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ လိဒ်စ် နောက်တန်းနဲ့ လူငယ် ဂိုးသမားလေး မက်လေးယာကို ချီးကျူးရမှာ ဖြစ်ပေမယ့် ရာဖင်ညာ၊ ရိုဒီရီဂိုနဲ့ ဟာရစ်ဆင်တို့လည်း သာမန် ခြေစွမ်းထက် မပိုခဲ့သလို အဆိုးဆုံး ကတော့ အထောင် တိုက်စစ်နေရာမှာ ကစားတဲ့ ဒန်ဂျိမ်းစ် ဖြစ်ပြီး တစ်ပွဲလုံး မှာမှ ဘောလုံး ထိချက် ၁၄ ကြိမ်သာ ရှိခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ရီးယဲလ်မက်ဒရစ်
1X2 သရေ (Draw) @ 4.20
ဂိုးပေါ် 2.75 @ 1.88
ဂိုးပေါင်း 0-1 @ 4.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာပဲပြောပြော အခုပွဲရလဒ်ကြောင့် လိဒ်စ်တို့ နည်းပြ ဂျက်ဆီ မက်ရှ် လက်အောက်မှာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိခဲ့ခြင်းနဲ့အတူ တန်းဆင်းဇုန်နဲ့ ၅ မှတ် အကွာ အဆင့် ၁၆ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပြီး ၁ မှတ်သာ ရှာဖွေနိုင်ခဲ့တာကြောင့် ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၁၄ မှာပဲ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ခရစ္စတယ်ပဲလေ့စ်တို့ ဧပြီ ၃၀ ရက်နေ့မှာ ဆောက်သမ်တန်ကို စိန့်မေရီမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး လိဒ်စ် ကတော့ မန်စီးတီးကို အဲလန်ရုတ်ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်