နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (ပရီးမီးယားလိဂ်)

အခုတစ်ခါ မှာတော့ SBOTOP ဘောလုံး ပရိသတ်တွေ အတွက် ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ ကစားသမား အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
မိုဆာလာကို စိတ်ဝင်စားလာတဲ့ ဂျူဗီ

လစ်ဗာပူးလ်နဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဂျစ် တိုက်စစ်မှူး မိုဟာမက် ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ စီးရီးအေ ကလပ် ဂျူဗင်တပ်စ် အသင်းလည်း ပါဝင်လာပြီလို့ သိရပါတယ်။ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ တူရင် ကလပ်ဟာ အသက် ၂၉ နှစ် အရွယ် ပရီးမီးယားလိဂ် ထိပ်တန်း တိုက်စစ်မှူး မိုဆာလာ အတွက် ငွေကြေး အမြောက်အမြား အသုံးပြုဖို့ ရှိနေပြီး တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး ပေါ်လို ဒီဘားလားဟာ ရာသီအကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခေါ်ဖို့ ရှိနေတာကြောင့် မိုဟာမက် ဆာလာနဲ့ ဂျူဗင်တပ်စ်ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ မကြာခင်မှာ အခုထက် ပိုပြီး ကျယ်လောင်လာဖွယ် ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် အတွက် ၂၃၉ ပွဲ ကစားပြီး ၁၅၃ ဂိုး သွင်းယူထားတဲ့ မိုဟာမက် ဆာလာဟာ စီးရီးအေ ကလပ် ရိုးမား အသင်းမှာ ခြေစွမ်းပြဖူးတဲ့ ကစားသမား ဖြစ်တာကြောင့် အီတလီမြေကို နောက်ထပ် တစ်ကြိမ် ရွေးချယ်မလား လစ်ဗာပူးလ် မှာပဲ ဆက်ရှိနေမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ဂျူဗင်တပ်စ် အနေနဲ့ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို အီတလီမြေဆီ တကျော့ပြန် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူနဲ့ တစ်ကြိမ် ဆွေးနွေးထားပြီးပြီလို့ သိရပါတယ်။


ဒီကလန်ရိုက်စ်ကို ယူနိုက်တက်နဲ့ အပြိုင် ကြိုးပမ်းလာဖွယ် ရှိတဲ့ ချဲလ်ဆီး

လက်ရှိ ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ဦး ဖြစ်တဲ့ ဒီကလန်ရိုက်စ်ကို ယူနိုက်တက် အပြင် ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်နေတာ ကြာခဲ့ပါပြီ။ အဆိုပါ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ အတွက် ဝက်စ်ဟမ်းက ပေါင်သန်း ၁၅၀ လောက် လိုချင်နေတာကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေ လက်တွန့်နေခဲ့ရတာ ဖြစ်ပါတယ်။

အစောပိုင်း အပြောင်းအရွှေ့ ကာလတွေ ကတည်းက မန်ချက်စတာယူနိုက်တက်နဲ့ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ ဒီကလန်ရိုက်စ်ဟာ အသက် ၂၃ နှစ်သာ ရှိနေသေးတာကြောင့် ချဲလ်ဆီး ကလည်း ရေရှည် အတွက် ခေါ်ယူ အားဖြည့်ဖို့ မျက်စိကျနေတာ ဖြစ်ပါတယ်။ လက်တလော ချဲလ်ဆီးဟာ အရေးယူပိတ်ဆို့မှုတွေ ရင်ဆိုင်နေရပေမယ့် မကြာခင်မှာ ပိုင်ရှင် အသစ်နဲ့ မြင်တွေ့ရဖွယ် ရှိနေတာကြောင့် အပြောင်းအရွှေ့တွေ လုံးဝ ဖြစ်မလာနိုင်ဘူးတော့ ပြောလို့ မရပါဘူး။


အထောင် တိုက်စစ် အတွက် ဒါဝင် နူညက်ဇ်ကို စတင် ချဉ်းကပ်နေတဲ့ အာဆင်နယ်

အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာတုန်းက ခေါ်ယူချင်တဲ့ ကစားသမား တော်တော်များများရဲ့ ငြင်းပယ်ခြင်း ခံခဲ့ရပေမယ့် လာမယ့် ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နိုင်ဖို့ အခုထဲက ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အစောပိုင်းမှာ လိုင်လီ တိုက်စစ်မှူး ဂျွန်နသန် ဒေးဗစ်ကို အဓိက ပစ်မှတ်ထားခဲ့တဲ့ မီခယ် အာတေးတား အနေနဲ့ အခု လက်တလောမှာတော့ ဘင်ဖီကာရဲ့ ခြေစွမ်းပြ လူငယ်ကြယ်ပွင့် ဒါဝင်နူညက်ဇ်ကို ပိုပြီး မျက်စိကျနေတယ်လို့ 90 Minutes က ဖော်ပြပါတယ်။

အော်ဘာမီယန်းကို ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ပြီး နောက်ပိုင်း အထောင်တိုက်စစ် နေရာကို လာကာဇက်နဲ့ပဲ ဖြေရှင်းနေရတဲ့ အာဆင်နယ်တို့ လက်တလောမှာ ဆာကာ၊ မာတင်နယ်လီတို့ ခြေစွမ်းပြ ဂိုးတွေ သွင်းနေလို့ သက်သာရာရနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီ အကုန်မှာ လာကာဇက် ဆက်ရှိနေဖို့ မသေချာသလို ရေရှည်အတွက် အာဆင်နယ်တို့ တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ဖြည့်တင်းဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ ဘောလုံး သုံးသပ်သူ တချို့ကတော့ ကစားသမားကောင်းတွေ အာဆင်နယ်ကို ရွေးချယ်ဖို့ အတွက် ဆိုရင် မီခယ်အာတေးတားရဲ့ အသင်းအနေနဲ့ ရာသီ အကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာဝင်ဖို့ လိုအပ်တယ်လို့ ဆိုထားကြပါတယ်။


ဒင်းန်ဟန်ဒါဆင်ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်

ကမ္ဘာ့ ဖလား
‌ဝေးလ်စ်
သြစတြီးယား
1X2 သြစတြီးယား @ 2.72
ဂိုးပေါ် 2.00 @ 2.02
ဂိုးပေါင်း 0-1 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပိုင်ရှင်သစ် လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက် ပြုလုပ်လာတဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ဒုတိယ ဂိုးသမား ဒင်းန် ဟန်ဒါဆင်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အဓိက ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ရှိနေတာကြောင့် ပွဲထွက်ခွင့် မရဖြစ်နေတဲ့ ဒင်းန်ဟန်ဒါဆင်ကို ယူနိုက်တက် ဘက်ကလည်း ထွက်ခွာခွင့် ပေးဖွယ် ရှိနေတယ်လို့ သိရပြီး အကယ်၍ အသက် ၂၅ နှစ် အရွယ် အင်္ဂလန် ဂိုးသမားသာ ထွက်ခွာသွားခဲ့ရင် ဝက်စ်ဘရွန်းကို ရောက်ရှိနေတဲ့ ဆမ်ဂျွန်စတုန်းစ်ကို ပြန်လည် ခေါ်ယူဖွယ် ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွေ့မှာ ကစားသမား ၄ ဦးထက် မနည်း ခေါ်ယူ အားဖြည့်ခဲ့ပြီး ခရစ္စဝုဒ်၊ ထရစ်ပီယာ၊ မတ်တားဂတ်၊ ဒင်းန်ဘန်း၊ ဘရူနို ဂီမာရေးစ် တို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


ရာဖင်ညာကို ဘာစီလိုနာထံ လက်လွှတ်ရဖွယ် ရှိနေတဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက် ကတော့ အသင်းရဲ့ ခြေစွမ်းပြ တောင်ပံ ကစားသမား ရာဖင်ညာကို စပိန် လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းထံ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် ကစားသမား ရာဖင်ညာဟာ လိဒ်စ် အတွက် ၅၈ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းယူထားခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ ၉ ဂိုးသွင်း၊ ၃ ဂိုး ဖန်တီးပေးထားပါတယ်။

တစ်ဆက်တည်းမှာပဲ လိဒ်စ် အနေနဲ့ အက်စတွန်ဗီလာရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်နေတဲ့ ကယ်ဗင်ဖီးလစ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကယ်ဗင်ဖီးလစ်ဟာ ၂၀၁၄ ခုနှစ် ကတည်းက လိဒ်စ်ယူနိုက်တက်မှာ ကစားခဲ့ပြီး ယော့ခ်ရှိုင်းယား ကလပ်ကို ပရီးမီးယားလိဂ် ပြန်လည် ပို့ဆောင်ပေးခဲ့တဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကစားသမားဟာ လက်ရှိ ကာလတန်ကြေးဟာ ပေါင်သန်း ၄၀ ကျော် အနည်းဆုံး ရှိနေပေမယ့် ဒီရာသီ မှာတော့ လိဒ်စ် အတွက် ၁၂ ပွဲသာ ကစားပေးထားပြီး ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရသူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်