နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိန်းရဲ့ နောက်ကျဂိုးနဲ့ မန်စီးတီးကို ပြဇာတ်ဆန်ဆန် အနိုင်ယူခဲ့တဲ့ စပါး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာစီးတီး ၂ – ၃ တော့တင်ဟမ်ဟော့စပါး

စနေနေ့ည ပရီးမီးယားလိဂ်ရဲ့ နောက်အကျဆုံးနဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် မန်ချက်စတာစီးတီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ အကြိတ်အနယ် ကစားသွားခဲ့ပြီး ဧည့်သည် စပါးတို့ ဟယ်ရီကိန်းရဲ့ ဒရမ်မာဆန်ဆန် နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ကွန်တီ အနေနဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲဆက် ရှုံးပွဲ မရှိမှု စံချိန်ကောင်း တစ်ခုကို ရပ်တန့်နိုင်ခဲ့ပြီး စပါးဟာ ဂွာဒီယိုလာရဲ့ အသင်းကို တစ်ရာသီတည်းမှာ ၂ ကြိမ်စလုံး အနိုင်ရခဲ့တဲ့ ၄ သင်းမြောက် အသင်းလည်း ဖြစ်လာခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

နှစ်သင်းလုံး အကောင်းဆုံးပါ ဆိုတဲ့ ကစားသမားတွေ ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ မန်စီးတီးက ၄-၃-၃နဲ့ ပွဲထွက်လာခဲ့ပြီး စပါး ကတော့ ၃-၄-၂-၁ စိန်ပွင့်ပုံ ကစားကွက်နဲ့ အဝေးကွင်းမှာ လာရောက် ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ပပ် ဟာ ဒီနေ့ပွဲမှာ စတာလင်၊ ဆေးလ်ဗား၊ ဖိုဒန် တို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့ပြီး ကွင်းလယ်နဲ့ ခံစစ် မှာတော့ ဒီဘရိုင်းနား၊ ဂွန်ဒိုအန်၊ ရိုဒရီ၊ လော့ပေါ့တ်၊ ကန်ဆယ်လို၊ ဒီးရာ့စ် တို့လို အမာခံတွေကိုပဲ သုံးသွားခဲ့ပါတယ်။ ကွန်တီ ကတော့ ကစားသမားသစ်တွေ ဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ ဘန်တန်ကာ တို့ကို ကိန်း၊ ဆွန် တိုနဲ့ တွဲဖက်ပေးခဲ့ပြီး ဆက်ဆနွန်၊ အီမာဆင် ရွိုင်ရယ် တို့လို လူငယ်တွေကိုလည်း ယုံယုံကြည်ကြည်နဲ့ ပွဲထွက်ကစားစေခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
Lille
1X2 သရေ @ 5.20
ဂိုးအောက် 2.75 @ 2.01
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.21
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ထုံးစံ အတိုင်း မန်စီးတီးတို့ ပွဲကို ထိန်းချုပ်ကစားဖို့ ကြိုးပမ်းခဲ့ပြီး စပါး ကတော့ ကိန်း-ဆွန် တွဲဖက်မှုနဲ့ အတူ တန်ပြန်တိုက်စစ်နဲ့ပဲ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးတို့ ပွဲကို လွှမ်းမိုးဖို့ ပြင်ဆင်နေချိန်မှာပဲ စပါးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ကိန်းဆွန် အတွဲအဖက်ကနေ ဆွန်ဟောင်မင် ပြန်ထိုးပေးတဲ့ ဘောလုံးကို ကူလူဆက်ဗ်စကီးက အမှားအယွင်း မရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၃၀ ကျော်မှာ မန်စီးတီး အတွက် ဂွန်ဒိုအန်က ပြန်လည် ချေပပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၁ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၉ မိနစ် မှာလည်း ဆွန်ဟောင်မင် ဂိုးဧရိယာ ကန်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဟယ်ရီကိန်းက မြေမကျ အဆုံးသတ်ခဲ့လို့ စပါးတို့ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပြန်ပါတယ်။ ဦးဆောင်ဂိုး ပေးထားရပေမယ့် မန်စီးတီးတို့ ချေပဂိုး ပြန်ရဖို့ စပါး ဘက်ကို တည်တည်ငြိမ်ငြိမ်၊ အကွက်ကျကျ ထိုးဖောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြံရာမရတဲ့ အဆုံးမှာတော့ ပပ်ရဲ့ အသင်းက ဖြတ်တင် ပေးပို့မှုတွေ ကနေပဲ ဂိုးရဖို့ ကြိုးပမ်းခဲ့ရပြီး နာကျင် အချိန်ပိုမှာတော့ ကံတရားရဲ့ မျက်နှာသာ ပေးမှုကြောင့် မန်စီးတီးတို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ စပါး နောက်တန်းက ရိုမဲယို ဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် စီးတီးတို့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး မာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ၂-၂ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပွဲအလှည့်အပြောင်းက မြန်ဆန်လွန်းခဲ့ပြီး ကွင်းလယ်ကနေ တိုက်ရိုက် ကန်တင်လိုက်တဲ့ ဘောလုံးကို ကူလူဆက်ဗ်စကီး တောက်လျောက် ဆွဲပြေးပြီး ဧရိယာ ပြန်မပေးတာကို ဟယ်ရီကိန်းက ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ကွန်တီ အနေနဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲဆက် ရှုံးပွဲ မရှိမှု စံချိန်ကောင်း တစ်ခုကို ရပ်တန့်နိုင်ခဲ့ပြီး စပါးဟာ ဂွာဒီယိုလာရဲ့ အသင်းကို တစ်ရာသီတည်းမှာ ၂ ကြိမ်စလုံး အနိုင်ရခဲ့တဲ့ ၄ သင်းမြောက် အသင်းလည်း ဖြစ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၆ မှတ် ဖြတ်ပြီး ဆက်လက် ဦးဆောင်ထားနိုင်တဲ့ မန်စီးတီး

မန်စီးတီးတို့ ဒီနေ့ပွဲမှာ ခြေစွမ်းပိုင်း ကောင်းတယ်။ မကောင်းဘူး ဆိုတာထက် ပွဲအဖြေကို အံ့အားသင့်ဖွယ် ပြောင်းလဲပေးနိုင်တဲ့ ကစားသမား မပါဝင်ခဲ့လို့ ရှုံးနိမ့်ခဲ့တာ ဆိုရင် မမှားပါဘူး။ ပပ်ရဲ့ အသင်းက ကစားသမားကောင်းတွေ တပုံတပင် ရှိနေပေမယ့် အကြပ်အတည်း ကြုံလာချိန်မှာ အဖြေရှာပေးမယ့် ကစားသမားမျိုး မတွေ့ရတာ တော်တော်ကြာပါပြီ။ ဒီလို ပြောလို့ မာရက်ဇ်၊ ဖိုဒန်၊ စတာလင်၊ ဆေးလ်ဗားတို့ မကောင်းဘူး ပြောတာ မဟုတ်ပါဘူး။ စပါး တိုက်စစ်က ဟယ်ရီကိန်းလို ကစားသမားမျိုး မရှိတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပပ် အနေနဲ့ ကိန်းကို ခေါ်ဖို့ ၄ ကြိမ် တိုင်တိုင် အသည်းအသန် ကြိုးပမ်းခဲ့တာပါ။ နောက်တစ်ချက်က စပါးဟာ ခြေစွမ်းအရ ဆိုရင် လက်ရှိ ပရီးမီးယားလိဂ် အသင်းကြီးတွေ ထဲမှာ မန်စီးတီးကို အနိုင်ယူဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အသင်း ဆိုပေမယ့် မထင်မှတ်တာတွေ လုပ်ပြသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးတို့ အဆင့် ၂ နေရာက လစ်ဗာပူးလ် ထက် ၁ ပွဲပို ကစား ၆ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ အဖိုးတန် ၃ မှတ် ရခဲ့တဲ့ စပါး ကတော့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

မန်စီးတီးတို့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပြီး စပါး ကတော့ ၂၄ ရက်နေ့မှာ ဘန်လေနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်