နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာလာကို အလွတ်နဲ့ ဆွဲစိချင်နေတဲ့ ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ်နဲ့ မိုဟာမက် ဆာလာ တိုရဲ့ စာချုပ် အခြေအနေ ကိုတော့ ဥရောပ ထိပ်သီး ကလပ် တော်တော်များများက စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။ အဲဒီ ကလပ်တွေထဲ ကမှ လီဂူးဝမ်း ထိပ်သီး ကလပ် ပီအက်စ်ဂျီနဲ့ စီးရီးအေ ကလပ် ဂျုဗင်တပ်စ် တို့က ထိပ်ဆုံးက ပါဝင်နေပြီး လာမယ့် ရာသီမှာ အရ ခေါ်ယူသွားဖို့ စောင့်ကြည့်နေကြခြင်း ဖြစ်ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်

လက်ရှိမှာ အသက် ၃၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အီဂျစ် လက်ရွေးစင် တိုက်စစ် ကစားသမား မိုဟာမက် ဆာလာဟာ ၂၀၁၇ ခုနှစ်မှာ ရိုးမား ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဆာလာက လစ်ဗာပူးလ်ရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်လာခဲ့သလို သွင်းဂိုးတွေ အမြောက်အများလည်း သွင်းယူပေးထားပါတယ်။ ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ ၈ ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ ဆာလာဟာ ဒီရာသီ အပြီးမှာပဲ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ် ဘက်ကရော ကစားသမား ဘက်ကပါ စာချုပ် သက်တမ်း တိုးမြှင့်သွားဖို့ ဆန္ဒရှိနေကြပေမယ့် စာချုပ်ကိစ္စ ကတော့ စတင်နိုင်ခြင်း မရှိသေးပါဘူး။ 

ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ ၈ ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ ဆာလာဟာ ဒီရာသီ အပြီးမှာပဲ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်မှာ ၇ ရာသီကြာ ကစားပြီး ဂန္တဝင် အဖြစ် သတ်မှတ်လို့ ရနေတဲ့ ဆာလာ

ဒီအခြေအနေကို ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း တောက်လျောက် စောင့်ကြည့်လျက် ရှိပြီး ဆာလာလို ထိပ်တန်း ကစားသမား တစ်ယောက်ကို သူတို့ရဲ့ လိဂ်ဆီ အရ ခေါ်ဆောင်သွားချင်နေကာ ပုံရိပ်မြှင့်တင်ဖို့ အသုံးချချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ရရှိတဲ့ သတင်းတွေ အရ ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ် တို့ကလည်း ဆာလာနဲ့ လစ်ဗာပူးလ် တို့ရဲ့ စာချုပ် အခြေအနေကို စောင့်ကြည့်နေပြီး အခွင့်အရေး ရတာနဲ့ ခေါ်ယူဖို့ ကြိုးပမ်းဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ ဆာလာကို အရင်ကတည်းက ပစ်မှတ်ထားခဲ့ဖူးပါတယ်။ ပီအက်စ်ဂျီမှာ လက်တလော တိုက်စစ် ကစားသမားတွေ အများအပြား ရှိနေပေမယ့်လည်း လာမယ့် နွေရာသီ မှာတော့ ရန်းဒဲလ် ကိုလို မူအာနီနဲ့ ဂွန်ကာလို ရာမို့စ် တို့ကို အသင်း ကနေ ရောင်းထုတ်သွားရဖို့ ရှိနိုင်တာကြောင့် ဆာလာကို ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။ အကယ်၍ ဆာလာသာ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ခဲ့ရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားနိုင်ကြမှာလည်း ဖြစ်ပါတယ်။

စီးရီးအေ ကလပ် ဂျုဗင်တပ်စ် ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရတဲ့ ကစားသမားတွေကို အမြဲလိုလို ခေါ်ယူတတ်တဲ့ အသင်းပီပီ ဆာလာကို အလွတ်နဲ့ ရတာနဲ့ ဆွဲစိဖို့ အသားကုန် ကြိုးပမ်းလာဖွယ် ရှိပါတယ်။ အီဂျစ် တိုက်စစ်မှူး ဆာလာ ကလည်း ရိုးမားနဲ့အတူ စီးရီးအေမှာ အချိန်ကာလ တစ်ခုကြာ ကျင်လည်ခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်တာကြောင့် မဖြစ်နိုင်တဲ့ အပြောင်းအရွှေ့တော့ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ဆာလာ ကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ပျော်ရွှင်နေပုံရပြီး အသင်းဖော်တွေ ကလည်း ဆက်နေဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ ဆာလာဟာ လစ်ဗာပူးလ် အတွက် ၈ ရာသီ အတွင်း ၃၅၂ ပွဲ ကစားကာ ၂၁၄ ဂိုး သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်