နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ဟာ ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး အသင်း တစ်သင်း ဖြစ်လို့ ပြောင်းရွှေ့ခဲ့တဲ့ ဇီယက်ခ်ဇီး | ပရီးမီးယားလိဂ်

နယ်သာလန် တိုက်စစ် ကြယ်ပွင့်လေး ဂျော်ရွှာ ဇီယက်ဇ်ဇီး ကတော့ အခုနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က ပထမဦးဆုံး ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။

ဇီယက်ခ်ဇီးဟာ စီးရီးအေ ကလပ် ဘိုလော့ဂ်နာမှာ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် INEOS ရဲ့ ပထမဦးဆုံးသော ခေါ်ယူခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသက် ၂၃ နှစ် အရွယ် နယ်သာလန်သားက ပရီးမီးယားလိဂ် ကလပ်မှာ ပါဝင်ခွင့်ရဖို့ စိတ်လှုပ်ရှားနေကြောင်း အခုလိုပဲ ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဇီယက်ခ်ဇီးက သူ့ရဲ့ ယူနိုက်တက်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ “ယူနိုက်တက်ဟာ ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး ကလပ် တစ်ခု ဖြစ်ပါတယ်။ ဒီကလပ်မှာ ကစားဖို့ စိတ်လှုပ်ရှားနေပါပြီ။ အိုးထရက်ဖို့ဒ်မှာ ခရီးသစ် စတင်ဖို့ မျှော်လင့်ထားပြီးတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်။” ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး နယ်သာလန်သားက “ကျွန်တော့်မှာ ယုံကြည်မှု အပြည့်ရှိပြီး ဒီအဆင့် အတွက် ကောင်းမွန်တဲ့ ခံစားချက် ရှိပါတယ်။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ကျွန်တော် ဆိုလိုတာက ဘိုလော့ဂ်နာကို ကျွန်တော်အရမ်းချစ်ပါတယ်၊ ဒါပေမယ့် မန်ယူနိုက်တက်က ကျွန်တော့်ကို အရမ်းကောင်းတဲ့ ခံစားချက်ကို ပေးနိုင်ခဲ့တယ်။ စီစဉ်ထားတဲ့ အတိုင်း ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ရိုလာကိုစတာ ဖြစ်ခဲ့ပါတယ်။ အတွေ့အကြုံကောင်း တချို့နဲ့ ဒီကို ရောက်လာရတာ ကျွန်တော် အရမ်းပျော်ပါတယ်။ ရှင်းရှင်းပြောရရင် ယူနိုက်တက်ကို ပြောင်းရွှေ့ရတာက အရမ်းကောင်းတဲ့ အရာ တစ်ခုပါ။” လို့ ဆိုပါတယ်။

အဲဒီနောက် “ပြီးခဲ့တဲ့ ရာသီက ကျွန်တော် လုပ်ခဲ့တာတွေကို ပြန်လည် စတင်ပြီး ရှေ့ဆက်ဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော် နေ့တိုင်း တိုးတက် ကောင်းမွန်လာဖို့နဲ့ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ပြနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကျွန်တော် ဆိုလိုတာက ယူနိုက်တက်က ကမ္ဘာ့အကြီးအကျယ် အခမ်းနားဆုံး ကလပ် ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော် လုပ်နိုင်တယ်။ လူတိုင်း သိတဲ့ ဒီခရီးလမ်း တစ်ခုကို စတင်ဖို့ မစောင့်နိုင်တော့ပါဘူး။ အိုးထရက်ဖို့ဒ်ဟာ ရူးသွပ်စရာ ကောင်းတဲ့ အားကစားကွင်း တစ်ခုပါ။ အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဇီယက်ဇ်ဇီးကို ပေါင် ၃၇ သန်း+ အပိုဆုကြေးတွေနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဇီယက်ခ်ဇီးဟာ ဟာ ယူနိုက်တက်ကို ရောက်ရှိလာချိန်မှာ သူ့အနေနဲ့ အသင်းမှာ ဘယ်နေရာ အတွက် အံဝင်ခွင်ကျ ဖြစ်မလဲ ဆိုတာတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်းနဲ့ ဇီယက်ခ်ဇီးကို အလဲအလှယ် လုပ်ပြီး ပွဲထွက်ခွင့်ပေးမလား။ ဒါမှမဟုတ် နှစ်ဦးစလုံးကိုပဲ အထောင်တိုက်စစ်မှာ တွဲဖက် အသုံးပြုသွားမလား ဆိုတာ‌တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ယူနိုက်တက်က ဗဟိုခံစစ်နေရာ အတွက် လိုင်လီ အသင်းက လူငယ် နောက်ခံလူ လီနီ ယိုရို ကို ခေါ်ယူထားနိုင်ခဲ့ပြီး မကြာခင်မှာ သရဲနီ အဖြစ် ကြေညာသွားဖို့ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်