နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ် အက်တီဖတ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဂျော်ဒန် ဟန်ဒါဆန် (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆော်ဒီ ပြောင်းတော့မှာမို့လို့ ခြေစမ်းပွဲမှာ မမြင်ခဲ့ရတဲ့ လစ်ဗာပူးလ် ကြယ်ပွင့်

လစ်ဗာပူးလ် အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ဟာ ကားလ်စ် ရူဟာကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ခြေစမ်းပွဲစဉ်မှာ ပျောက်ဆုံးနေခဲ့တာကို သတိပြုမိခဲ့ပြီး အင်္ဂလန် ဝါရင့် ကွင်းလယ်လူဟာ ဆော်ဒီ အာရေဗျအသင်း အယ်လ် အက်တီဖတ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ဟာ အသင်းခေါင်းဆောင် ဟန်ဒါဆန် အတွက် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၁၂ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန် ကွင်းလယ်လူဟာ ဆော်ဒီ အာရေဗျ ကလပ်ကို နည်းပြနေတဲ့ လစ်ဗာပူးလ် ဂန္တဝင် စတီဗင် ဂျရတ်နဲ့ ပြန်လည် ဆုံစည်းခွင့်ရတော့မှာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဟန်ဒါဆန်ကို ခေါ်ယူမှုဟာ ဆော်ဒီ ပရိုလိဂ် အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ငွေကြေး ချမ်းသာ ကြွယ်ဝမှုနဲ့ အတူ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ချင်လာအောင် ဆွဲဆောင်နိုင်စွမ်း ရှိတယ် ဆိုတာ နောက်ထပ် သက်သေပြသလိုက်တာ ဖြစ်ပါတယ်။


လိုင်ယွန်နဲ့ ပွဲက အသင်းဖော် ၂ ဦးကို ချီးကျူးခဲ့တဲ့ ကိုဗာ

ပရီးမီးယားလိဂ် ကလပ်ဟာ ရာသီကြို ဒုတိယမြောက် နိုင်ပွဲ အဖြစ် ဗုဒ္ဓဟူးနေ့ နေ့လယ်မှာ လီဂူးဝမ်း ကလပ် အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒတ်ချ် ကွင်းလယ် ကစားသမားရဲ့ သွင်းဂိုးက အဆုံးအဖြတ် ဖြစ်ခဲ့တာပါ။
ဗန်ဒီဘိခ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ လိုင်ယွန်ကို အနိုင်ရခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် လူငယ် ဂိုးသမား မားတိ ကိုဗာက ဒန်နီရယ် ဂိုရီနဲ့ ဗန်ဒီဘိခ် တို့ကို လိုင်ယွန်နဲ့ ပွဲက စွမ်းဆောင်ရည် အတွက် ချီးကျူးခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ရာသီကြို ဒုတိယမြောက် နိုင်ပွဲ အဖြစ် ဗုဒ္ဓဟူးနေ့ နေ့လယ်မှာ လီဂူးဝမ်း ကလပ် အသင်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ဒတ်ချ် ကွင်းလယ် ကစားသမားရဲ့ သွင်းဂိုးက အဆုံးအဖြတ် ဖြစ်ခဲ့တာပါ။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ ရာသီ ဇန်နဝါရီလမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် မန်ယူနိုက်တက် အတွက် လိဂ်ပွဲစဉ် ၂ ပွဲသာ ပွဲထွက် ပါဝင် ကစားပေးခွင့် ရရှိခဲ့တာ ဖြစ်ပြီး တစ်ရာသီလုံးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အကယ်ဒမီထွက် ဒန် ဂိုရီက ဗန်ဒီဘိခ်ရဲ့ မြေမကျဘော ကန်သွင်းမှုမှာ အဓိကကျတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပြီး ညာတောင်ပံကနေ အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမား ၂ ဦးစလုံးဟာ လိုင်ယွန်နဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခွင့်ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်တဲ့ ဂိုးသမား ကိုဗာ ဆီကနေ ချီးကျူးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ “’ဒန်က အခုအဆိုရင် အရမ်းကောင်းနေခဲ့တာ ပွဲအနည်းငယ်ရှိနေခဲ့ပါပြီ။

သူက အရမ်းကောင်းကောင်းလည်း လေ့ကျင့်နိုင်ခဲ့တယ်။ နည်းပြကလည်း အဲဒါကိမြင်မယ်လို့ ကျွန်တော် ထင်တယ်။ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတွေ အတွက် ပထမအသင်းထဲမှာ ပါဝင်ခွင့်ရပြီး ဒီလိုမျိုး အားကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြoနိုင်ခဲ့တာက အရမ်းကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ တကယ် ကောင်းတဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ခံစစ်ကနေ တိုက်စစ် အထိ တည်ဆောက်ခဲ့ပြီး အားလုံးက ဒီဂိုးကို စိတ်ကျေနပ်မယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီတိုင်း ဆက်လုပ်ပြီး ဆက်ကစားသွားကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလား 2023
အီတလီ
အာဂျင်တီးနား
1X2 သရေ (Draw) @ 3.75
ဂိုးပေါ် 2.75 @ 2.07
ဂိုးပေါင်း 2-3 @ 1.88
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ကန်တိုနာ အတိုင်း ဂိုးသွင်းပြခဲ့တဲ့ ဂျေဆုစ်

အာဆင်နယ် တိုက်စစ်မှူး ဂါဘရီယယ် ဂျေဆုစ်က မေဂျာလိဂ် ကြယ်စင်စု အသင်းနဲ့ ပွဲစဉ်မှာ အစောပိုင်း ဦးဆောင်ဂိုး ရရှိအောင် မှော်ဆန်တဲ့ ထိတွေ့မှုကို ပြသခဲ့ပါတယ်။

ဂန်းနား တိုက်စစ်မှူးဟာ ပင်နယ်တီ ဧရိယာ အပြင်ဘက်ကနေ ဂိုးသမား ရိုမန် ဘာကီကို ကျွမ်းကျင် လိမ္မာစွာနဲ့ ကျော်ကန်သွင်းပြခဲ့တာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး အဲရစ် ကန်တိုနာရဲ့ နာမည်ကျော်တဲ့ ဂိုးသွင်းပုံ အတိုင်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် တောင်ပံကစားသမား ဆာကာဟာ ညာတောင်ပံအတိုင်း ဆွဲပြေးလာခဲ့ပြီးနောက် အတွင်းကို ချိုးဝင်ပြီး ဘရာဇီးလ် တိုက်စစ်မှူးကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဂျေဆုစ်က ပင်နယ်တီ ဧရိယာ အပြင်ဘက် အစွန်မှာ ရှိနေတာကြောင့် အန္တရာယ်မရှိတဲ့ပုံ ပေါ်ပြီး ဟိုဆေး မာတီနက်ဇ်က မန်စီးတီး ကြယ်ပွင့်ဟောင်းကို ကပ်ဖို့ ပြေးလာချိန်မှာပဲ ဘရာဇီးလ် တိုက်စစ်မှူးက ဂိုးထောင့်ထဲကို ၁၉၉၆-၁၉၉၇ ရာသီတုန်းက ဆန်းဒါးလန်း အသင်းဘက်ကို မန်ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး အဲရစ် ကန်တိုနာ ကန်သွင်းခဲ့တဲ့အတိုင်း အသာလေး ကျော်ကန်ပြီး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်