နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ရာသီ အဲဗာတန်မှာပဲ ဆက်ရှိနေမယ်လို့ အရိပ်အမြွက် ပြောကြားလိုက်တဲ့ ဘရန့်ဝိတ်သ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ် အဲဗာတန် ဗဟိုခံစစ်မှူးလေး ဂျရတ် ဘရန့်ဝိတ်သ် ကတော့ လာမယ့်ရာသ် ဂွတ်ဒီဆင်ပါ့ခ်မှာသာ ဆက်ရှိနေမှာ ဖြစ်ကြောင်း အရိပ်အမြွက်နဲ့ ပြောကြားလာခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရန့်ဝိတ်သ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ အဲဗာတန်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ယူရို ၂၀၂၄ အတွက်လည်း အင်္ဂလန်ရဲ့ ပဏာမ လူစာရင်းမှာ ရွေးချယ်ခဲ့ရသူ ဖြစ်ပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက်က အတည်လိုက်နေပြီး နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းထားခဲ့တာပါ။ ဒါပေမယ့်လည်း အဲဗာတန် ကတော့ ဘရန့်ဝိတ်သ် အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု နှစ်ကြိမ်စလုံးကို ချက်ချင်း ပယ်ချထားခဲ့ပါတယ်။ အစောပိုင်း သတင်း ဖော်ပြချက်တွေ အရ ဆိုရင် ယူနိုက်တက်နဲ့ ဘရန့်ဝိတ်သ်တို့ အကြားမှာ လုပ်ခလစာ အပြင် စာချုပ်ကိစ္စတွေ အားလုံး အဆင်ပြေ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် အဲဗာတန် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ လောက် အထိ အလိုရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဘေယန်မြူးနစ်က မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပြင်သစ် ဆယ်ကျော်သက် ခံစစ် ကြယ်ပွင့် လီနီ ယိုရိုကို လိုင်လီ အသင်း ကနေ ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက်က ဘရန့်ဝိတ်သ်ကို စိတ်ဝင်စားနေသေးပေမယ့် အဲဗာတန်က စာချုပ်သက်တမ်း သုံးနှစ်ကျန်နေသေးတဲ့ သူတို့ရဲ့ ကစားသမားကို လုံးဝ ဈေးလျှော့ပေးလိုခြင်း မရှိဘူးလို့ သိရပါတယ်။

အဲဗာတန်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် ကနေ တဆင့် ဘရန့်ဝိတ်သ် ကလည်း အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့ရာသီက သင်ယူခဲ့ရတာတွေကို စုစည်းပြီး ပေါင်းစည်းလိုက်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ကစားခဲ့တဲ့ ပွဲတွေ အားလုံးက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်ဖို့ အကူညီ ဖြစ်ခဲ့တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ ကျွန်တော့် အတွက် လိုအပ်တဲ့ အတွေ့အကြုံတွေကို ဒီရာသီမှာ ဆက်လက် သင်ယူပြီး ဆက်ပြီးလည်း လေ့လာသွားမှာပါ။ ကျွန်တော့်မှာ ခံစစ် မှတ်တမ်းကောင်း တစ်ခု ရှိထားရင် ရာသီသစ်မှာ ယုံကြည်မှု ရပါလိမ့်မယ်။ နောက်ရာသီမှာ တစ်သင်းလုံးက အကောင်းဆုံးတွေ ပေးဖို့ မန်နေဂျာက ကျွန်တော်တို့ကို နည်းလမ်းတွေ ချမှတ်ထားပါတယ်။ ပွဲစဉ်တွေကို အနိုင်ရဖို့ တတ်နိုင်သမျှ အမှတ်များများ ရယူဖို့ အခွင့်အရေးတွေကို အသုံးချချင်ပါတယ်။ ဒီရာသီလည်း တူတူပါပဲ။ စောစောစီးစီး နိုင်ပွဲတွေ ရယူနိုင်ပြီး ရာသီသစ်မှာ ရလဒ်တွေ ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဗဟိုခံစစ်နေရာ အတွက် ဘရန့်ဝိတ်သ်၊ ဒီလစ်ဂျ်၊ တိုဒီဘို၊ ဂလိုင်ဆင် ဘရီမာ၊ လီနီ ယိုရို တို့လို ခံစစ်ကစားသမား အများအပြားကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ယူနိုက်တက်က လိုင်လီက အသက် ၁၈ နှစ် အရွယ် ခံစစ် ကြယ်ပွင့်လေး ကိုသာ ခေါ်ယူထားနိုင်ပြီး ကျန်ကစားသမားတွေ အတွက် ဆက်လက် ကြိုးပမ်းသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်