နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟွိုက်ဂျ်လန်းကို ချီးကျူးလိုက်တဲ့ ဂျေမီ ကာရေဂါ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ အထောင် တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုက်ဂျ်လန်း ကတော့ လက်ရှိမှာ အသင်း အတွက် အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်လာပြီလို့ ဂျင်မီ ကာရေဂါက သုံးသပ်လိုက်ပါတယ်။

လက်ရှိမှာ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ လစ်ဗာပူးလ် ကစားသမားဟောင်း ကာရေဂါက ယူနိုက်တက်နဲ့ ပတ်သတ်လာရင် အမြဲတမ်းလိုလို ဝေဖန်တတ်ပေမယ့် ဒီတစ်ကြိမ် မှာတော့ ဟွိုက်ဂျ်လန်းကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စီးရီးအေ ကလပ် အတ္တလန္တာ ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟိုက်ဂျ်လန်းက ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ရုန်းကန်ရပါတယ်။ ဒါပေမယ့်လည်း ဟွိုက်ဂျ်လန်းက တစ်ရာသီလုံးမှာ ပြိုင်ပွဲစုံ ၁၆ ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီးတော့ ဂိုး ဖန်တီးမှုလည်း ၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟွိုက်ဂျ်လန်းက မကြာခဏ ဒဏ်ရာတွေ ရရှိနေတတ်ပြီး အသင်း အတွက် မျှော်လင့်လို့ မရနိုင်တဲ့ အခြေအနေမျိုး အထိ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာ ကနေ ပြန်လည် သက်သာလာချိန် မှာတော့ ဟွိုက်ဂျ်လန်းက ခြေစွမ်းတွေ ပြန်လည် ပြသလာနိုင်ခဲ့ပြီးတော့ အရေးပါတဲ့ သွင်းဂိုးတွေလည်း သွင်းယူလာနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ စီးရီးအေ ကလပ် အတ္တလန္တာ ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဒိန်းမတ် တိုက်စစ်မှူး ဟိုက်ဂျ်လန်းက ယူနိုက်တက် ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာ ရုန်းကန်ရပါတယ်။
ယူနိုက်တက် အတွက် ဂိုးတွေ ပြန်သွင်းလာနိုင်တဲ့ ဟွိုက်ဂျ်လန်း

ဟွိုက်ဂျ်လန်းက ဒီရာသီ မှာတော့ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၆ ပွဲ ကစားထားပြီး ပေါ်တိုနဲ့ ယူရိုပါလိဂ်၊ ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဟွိုက်ဂျ်လန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ကာရေဂါက အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ကာရေဂါက “ဟွိုက်ဂျ်လန်းက ယူနိုက်တက် အတွက် အားထားရတဲ့ ကစားသမား တစ်ဦး အဖြစ် စတင်နေပြီးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် သူ့ကို ပေါ်တိုအသင်းနဲ့ ပွဲစဉ်မှာ ကတည်းက အထင်ကြီးသွားခဲ့မိတာ။ အဲ့ဒီပွဲတုန်းက သူရဲ့ တကယ့် စွမ်းဆောင်ရည်ကောင်းတွေနဲ့ မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက် တိုက်စစ်က ကစားသမား ၃ ဦးစလုံးမှာ တကယ့် အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် ဟွိုက်ဂျ်လန်း ကတော့ ဒီပွဲမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားပါ။ သူက အသင်းရဲ့ တိုက်စစ် အတွက် အားထားလာရပါပြီ။” လို့ သုံးသပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ အသင်းရဲ့ တိုက်စစ် အတွက် နယ်သာလန် တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို ခေါ်ယူထားခဲ့ပေမယ့် ဒီကစားသမားက အသင်းမှာ ရုန်းကန်နေရတာကြောင့် တန်ဟက်ဂ် အနေနဲ့ ဟွိုက်ဂျ်လန်း ကိုသာ ပိုမို ပွဲထွက်ခွင့် ပေးနေရတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အကယ်ဒမီထွက် ဇီယက်ခ်ဇီးဟာ ပါးမား၊ အန်ဒါလက်ချ်၊ ဘိုလော့ဂ်နာ အသင်းတွေမှာ ဖြတ်သန်းခဲ့ပြီးတော့ အသက်ငယ်ပေမယ့် အတွေ့အကြုံ ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် မှာတော့ ဇီယက်ခ်ဇီးက ပုံမှန် လွယ်ကူတဲ့ အဆုံးသတ်တွေ ကိုတောင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတဲ့ အထိ ခြေစွမ်းပိုင်း ဆိုးရွားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်