နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆက်စ်ကို ကို ခေါ်ယူဖြစ်ခဲ့ရင် ဇီယက်ခ်ဇီးကို အငှားချမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ၂ဝ၂၅ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို, ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ ဆက်စ်ကို,ကို ခေါ်ယူနိုင်ခဲ့ရင်တော့ လက်ရှိ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ခ်ဇီးကို အခြား ကလပ် တစ်ခုဆီ အငှားချသွားနိုင်ချေ ရှိကြောင်း အီတလီက လာတဲ့ သတင်းတွေအရ သိရပါတယ်။

ယူနိုက်တက်က နယ်သာလန် လူငယ် တိုက်စစ် ကြယ်ပွင့် ဇီယက်ခ်ဇီးကို ဒီနွေရာသီမှာပဲ ဘိုလော့ဂ်နာ ကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဇီယက်ခ်ဇီး ကတော့ ပရီးမီးယားလိဂ် ပွဲဦးထွက် ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အဲ့ဒီပွဲ နောက်ပိုင်း တောက်လျှောက် ခြေစွမ်းကျဆင်းသွားခဲ့ပြီး ပြိုင်ပွဲစုံ ၁၀ ပွဲ ဆက်တိုက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ တိုက်စစ်ကို ရက်စ်မက်စ် ဟွိုက်ဂျ်လန်းက ပြန်လည် ဦးဆောင်နေပြီး သွင်းဂိုးတွေလည်း ပြန်လည် ရရှိနေလို့ ပွဲထွက်ခွင့်လည်း ပိုမို ရရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချို တို့ကလည်း တိုက်စစ် အတွက် အားထားရတဲ့ ပုံစံမျိုး ပြသနေတာကြောင့် ဇီယက်ခ်ဇီး အတွက် ပုံမှန်နေရာ ရရှိဖို့ ခက်ခဲလာခဲ့ရတာ ဖြစ်ပါတယ်။

ဆက်စ်ကိုလို အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တစ်ဦးကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အထဲမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ထိပ်ဆုံးက ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်မှာ ပုံမှန် ခြေစွမ်း ပျောက်ဆုံး နေတာ ကြာပြီ ဖြစ်တဲ့ ဇီယက်ခ်ဇီး

ဒီအချိန်မှာ ယူနိုက်တက်က လာမယ့် နွေရာသီမှာလည်း တိုက်စစ်မှူး တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။ လက်ရှိမှာတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ လိုက်ပ်ဇစ်ရဲ့ စလိုဗေးနီးယား တိုက်စစ်မှူး ဆက်စ်ကို, ကို ခေါ်ယူသွားဖို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဆက်စ်ကိုဟာ ဥရောပ ထိပ်တန်း ကလပ် အသင်းတွေရဲ့ စိတ်ဝင်စားမှု ရရှိနေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်း ကလည်း အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဆက်စ်ကိုက အာဆင်နယ်ကို ပြောင်းဖို့ထက် လိုက်ပ်ဇစ်မှာ ဆက်နေဖို့သာ ဆုံးဖြတ်ခဲ့ပြီးတော့ လိုက်ပ်ဇစ် နဲ့လည်း စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပါတယ်။ ဒီလို သက်တမ်းတိုးခဲ့ပေမယ့် စလိုဗေးနီးယား တိုက်စစ် ကြယ်ပွင့် အနေနဲ့ လာမယ့် နွေရာသီ မှာတော့ သူ့ရဲ့ စိတ်ကြိုက် ကလပ် တစ်ခုဆီ ပြောင်းရွှေ့နိုင်ချေလည်း ရှိနေပါသေးတယ်။

ဆက်စ်ကိုလို အရည်အသွေးမြင့် လူငယ် တိုက်စစ်မှူး တစ်ဦးကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အထဲမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ထိပ်ဆုံးက ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ အကယ်၍သာ ယူနိုက်တက်က ဆက်စ်ကို, ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ လက်ရှိ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဇီယက်ခ်ဇီးကို အငှားချသွားဖွယ် ရှိနေတာပါ။ ဇီယက်ဇ်ဇီး ကိုတော့ သူ့ရဲ့ ဆရာဟောင်း သီယာဂို မော့တာ ကိုင်တွယ်နေတဲ့ ဂျုဗင်တပ်စ်က စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီးတော့ ယူနိုက်တက်က ပြန်လည် အငှားချသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် အကယ်ဒမီထွက် ဇီယက်ခ်ဇီးဟာ ပါးမား၊ အန်ဒါလက်ချ်၊ ဘိုလော့ဂ်နာ အသင်းတွေမှာ ဖြတ်သန်းခဲ့ပြီးတော့ အသက်ငယ်ပေမယ့် အတွေ့အကြုံ ရှိတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် မှာတော့ ဇီယက်ခ်ဇီးက ပုံမှန် လွယ်ကူတဲ့ အဆုံးသတ်တွေ ကိုတောင် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိတဲ့ အထိ ခြေစွမ်းပိုင်း ဆိုးရွားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်