နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

“ဒီနေရာမှာ ရှိနေရတာ အရမ်းပဲ ပျော်ရွှင်မိပါတယ်” – ဆန်ချို | ပရီးမီးယားလိဂ်

ချဲလ်ဆီး မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ကျ ပွဲစဉ် မှာတော့ ချဲလ်ဆီးက ဘုန်းမောက်ကို ခက်ခက်ခဲခဲ ကစားပြီးမှ အန်ကွန်ကူရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အန်ကွန်ကူရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးခဲ့သူ ကတော့ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှာ မန်ချက်စတာယူနိုက်တက် ကနေ ချဲလ်ဆီးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် အင်္ဂလန် ဘယ်တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုဟာ ယူနိုက်တက်မှာ အဆင်မပြေတော့တဲ့ အတွက် ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက် နောက်ဆုံး ရက်မှာ ချဲလ်ဆီးကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး အခုဆိုရင်တော့ သူ့ရဲ့ ချဲလ်ဆီး အတွက် ပွဲဦးထွက်မှာတင်ပဲ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဆန်ချိုဟာ ဒေါ့မန်နဲ့ အတူ ခြေစွမ်းပြ တောက်ပခဲ့သူ ဖြစ်ပေမယ့် ဒေါ့မန် ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့ချိန်မှာတော့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ နောက်ပိုင်းတော့ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်နဲ့ပါ အဆင်မပြေ ဖြစ်လာတာကြောင့် အသင်းမှာ ကစားခွင့် မရတော့ပဲ အသင်းပြောင်းဖို့ပါ ဖြစ်လာခဲ့တာပါ။

 
ဒီလိုမျိုး ဆန်ချို အနေနဲ့ ဆက်တိုက် ခြေစွမ်းပြနိုင်မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ဆန်ချို

ဆန်ချိုက ပြီးခဲ့တဲ့ ဘောလုံးရာသီ လက်ကျန် ရာသီဝက်မှာ အသင်းဟောင်း ဒေါ့မန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရတဲ့ ဂျေဒန် ဆန်ချိုက ဒေါ့မန်ဆီ အပြီးသတ် မပြောင်းနိုင်ခဲ့လို ယူနိုက်တက် ဆီပဲ ပြန်လာရင်း တန်ဟက်ဂ် နဲ့လည်း ပြန်လည် အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာ အနာဂတ် ပျောက်ဆုံးသွားခဲ့တာကြောင့် အသင်း ကနေ အငှားနဲ့ ထပ်မံ ပြောင်းရွှေ့ခဲ့ရပါတယ်။ ချဲလ်ဆီးကို အငှား+အပြီးသတ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဂျေဒန် ဆန်ချိုဟာ မနေ့ညက ဘုန်းမောက်နဲ့ ပွဲမှာ ၄၅ မိနစ် ပါဝင်ကစားခဲ့ပြီး ပွဲဦးထွက်မှာ အန်ကွန်ကူရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ဆန်ချိုက “ဒီလို အခိုက်အတန့်တွေကို ရရှိဖို့ အတွက် ကျွန်တော် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ ပါတယ်။ အခွင့်အရေး ရရှိခဲ့လို့လည်း ကျွန်တော် ဝမ်းသာမိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ဆန်ချိုက “ဒီနေရာမှာ ရှိနေရတာ အရမ်းပဲ ပျော်ရွှင်မိပါတယ်။ အသင်းက ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေ အားလုံး ကိုလည်း ကျေးဇူးတင်ရမှာပါ။ ကျွန်တော် ဒီအသင်းကို ပထမဦးဆုံး အကြိမ် စတင် ရောက်ရှိချိန်ကတည်းက သူတို့ အာလုံးရဲ့ လှိုက်လှိုက်လှဲလှဲ ဝိုင်းဝန်း ကြိုဆိုခြင်းကို ခံခဲ့ရလို သက်တောင့် သက်သာ ခံစားမိပါတယ်။ အရမ်းလည်း ပျော်ရွှင်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲ မတိုင်ခင် ကတည်း နည်းပြ အန်ဇို မာရက်စ်ကာက ဆန်ချို အနေနဲ့ အသင်းမှာ‌ ခြေစွမ်းမပြနိုင်ရင် ပွဲထွက်ခွင့် ပေးမှာ မဟုတ်ကြောင်း ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဆန်ချို အနေနဲ့ ဆက်တိုက် ခြေစွမ်းပြနိုင်မယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ရှိလာနိုင်တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်