နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျရတ် အနေနဲ့ ဗီလာမှာဘယ်လောက်အထိလုပ်ပြနိုင်မလဲစောင့်ကြည့်ရပါမယ် | အက်စတွန်ဗီလာ – ဘရိုက်တန်(ပရီးမီးယားလိဂ်ကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – ဘရိုက်တန်

နိုင်ငံတကာပွဲစဉ်တွေအပြီးအခုတစ်ပတ် နားရက် မှာတော့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပအမှတ်ပေးပြိုင်ပွဲတွေပြန်လည် ကစားဖို့ ရှိနေပြီးအက်စတွန်ဗီလာနဲ့ ဘရိုက်တန် တို့ရဲ့ တွေ့ဆုံမှုကလည်းစိတ်ဝင်စားစရာဖြစ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာရလဒ်တွေတောက်လျောက် ဆိုးရွားနေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ ဘယ်အသင်းကရလဒ်ကောင်းရှာဖွေသွားနိုင်မလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ဘန်ဒက် လီဂါ

အာမီးနီးယား

ဝုဖ်ဘတ်

နောက်ဆုံးကြေးများအား ကြည့်ရှုရန်

 

အခုနှစ် ပရီးမီးယားလိဂ်မှာ ၁၁ ပွဲကစားပြီးချိန်အထိ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ ပွဲရှုံးနိမ့်ထားတဲ့ အက်စတွန်ဗီလာတို့ ရလဒ်တွေတောက်လျောက် ဆိုးရွားနေတာကြောင့် နည်းပြ ဒင်းန်စမစ် ကိုထုတ်ပယ်ပြီးစတီဗင် ဂျရတ်နဲ့ အစားထိုးထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပြီးလက်ရှိအဆင့် ၁၆ နေရာအထိရောက်ရှိနေတဲ့ အက်စတွန်ဗီလာတို့ မဖြစ်မနေရလဒ်ကောင်းတစ်ခုပြန်လည် ရှာဖွေဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တစ်ချက်ရှိတာကဗီလာတို့ နောက်ဆုံး ၅ ပွဲမှာအသင်းကြီးအများစုနဲ့ ကစားခဲ့ရတာဖြစ်လို့ ရလဒ်တွေဆိုးရွားခဲ့တာလို့ ပြောနိုင်ပြီးခြေစွမ်းပိုင်းနဲ့ ကစားသမားစုဖွဲ့မှုအရတော့ သိပ်ပြီးလိုအပ်ချက် ရှိမနေတာတွေ့ရပါတယ်။ ဒါပေမယ့်လည်းအခုလာမယ့် ပွဲကိုကိုဗစ် ၁၉ ရောဂါ ကူးစက်ခံနေရတဲ့ အဓိကတိုက်စစ်မှူးဒန်နီအင့်ဂ် ပါဝင်လာဖို့ မသေချာသေးသလိုတံကောက်ကြောဒဏ်ရာရနေတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်လည်းလွဲချော်နိုင်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ထရက်ဇီဂတ်၊ ဆန်ဆွန်၊ နာကမ်ကာ၊ ထရာအိုရေးတို့ ကျိန်းသေပေါက် လွဲချော်မှာဖြစ်လို့ စတီဗင် ဂျရတ်ရဲ့ ပရီးမီးယားလိဂ်နည်းပြ ခရီးအစကတော့ တော်တော်လေးခက်ခဲဖို့ ရှိနေပါတယ်။

လက်ရှိခြေစွမ်းအရဆိုရင် ဘရိုက်တန်ဟာစတုတ္ထမြောက် ခံစစ် အကောင်းဆုံးပရီးမီးယားလိဂ်အသင်းဖြစ်နေပြီး ၁၁ ပွဲကစားရာမှာပေးဂိုး ၁၂ ဂိုးပဲရှိထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၇ နေရာမှာရပ်တည်နေတဲ့ ဘရိုက်တန်

ဘရိုက်တန် ကတော့ ရာသီအစမှာအကောင်းပုံစံရခဲ့ပေမယ့် ပရီးမီးယားလိဂ်အပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ထားခဲ့ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၉ မှာမန်ချက်စတာစီးတီးတစ်သင်းတည်းကိုရှုံးနိမ့်ထားခဲ့ပြီးကျန်ပွဲစဉ် အားလုံးမှာသရေ ၁ မှတ်တော့ ရအောင် ယူထားနိုင်ခဲ့လို့ လက်ရှိအမှတ်ပေးဇယားအဆင့် ၇ နေရာမှာရပ်တည်ထားနိုင်တာတွေ့ရပါတယ်။ဒီရာသီပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် သရေပွဲအများဆုံးအသင်းတွေထဲကတစ်သင်းဖြစ်ပြီး ၅ ပွဲအထိရှိထားပါတယ်။ အဓိကတိုက်စစ်မှူးမူပေးကြံ့ခိုင်မှုပြန်လည် ပြည့်ဝနေလို့ ထရော့ဆက်ဒ်နဲ့ အတူတွဲဖက် ပွဲထွက်လာဖို့ များနေပြီးလယ်လာနာ၊ ဘစ်ဆူးမား၊ ကူကာရယ်လာ၊ လမ့်ပ်တေး၊ ဒန့်ခ်၊ ရှိန်းဒက်ဖီတို့လည်းပါဝင်လာမယ့် အခြေအနေမှာရှိနေပါတယ်။ဘန်း၊ ဝဲလ်ဘတ်၊ မွီပူ၊ အဲလ်ဇာတီတို့ကတော့ ဒဏ်ရာပြသနာရှိနေပြီးဆန်းချက်ဇ် ကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဦးမယ်လို့ သိရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းဟာပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၄ ကြိမ် ထိပ်တိုက်တွေ့ဆုံကစားခဲ့ဖူးပြီးတစ်သင်းကို ၁ ကြိမ်စီအနိုင်ရထားခဲ့ကြပါတယ်။လက်ရှိခြေစွမ်းအရဆိုရင် ဘရိုက်တန်ဟာစတုတ္ထမြောက် ခံစစ် အကောင်းဆုံးပရီးမီးယားလိဂ်အသင်းဖြစ်နေပြီး ၁၁ ပွဲကစားရာမှာပေးဂိုး ၁၂ ဂိုးပဲရှိထားပါတယ်။ ဗီလာကတော့ တတိယမြောက် ခံစစ် အဆိုးရွားဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ၁၁ ပွဲမှာပေးဂိုး ၂၀ အထိရှိထားတာတွေ့ရပါတယ်။ဘယ်လိုပဲပြောပြောနှစ်သင်းလုံးဒီရာသီမှာပြိုင်ဘက် ဂိုးပေါက်ရှေ့ ရောက်တိုင်းရုန်းကန်နေရပြီးဘရိုက်တန် က သွင်းဂိုး ၁၂ ဂိုးနဲ့ဗီလာကသွင်းဂိုး ၁၄ ဂိုးသာရရှိထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်စတွန်ဗီလာ – ဘရိုက်တန် အချိန်ပြည့် 1X2 အိမ်ရှင် @
နိုဝင်ဘာလ၂၀ ရက် , ည ၉:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရအိမ်ရှင် အတွက် ၂.၄၈ ဆ၊ ဧည့်သည် အတွက် ၂.၈၂ ဆ၊ သရေအတွက် ၃.၂၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ နှစ်သင်းလုံးပြီးခဲ့တဲ့ ပွဲတွေမှာရလဒ် ဆိုးခဲ့လို့ အခုပွဲမှာပြတ်သားတဲ့ ရလဒ်နဲ့ အမှတ်ပြည့် ရဖို့ ကြိုးစားလာမှာမှန်ပေမယ့် သရေကျဖို့ကိုပဲပိုပြီးဦးတည်နေတယ်လို့ ထင်ပါတယ်။ ဗီလာအနေနဲ့ နည်းပြသစ် စတီဗင် ဂျရတ် လက်အောက်မှာအသားကျဖို့ ရုန်းကန်ရဦးမှာဖြစ်သလိုကစားသမားကောင်းတချို့လည်းဒဏ်ရာပြသနာရှိနေပါတယ်။ ဘရိုက်တန်လည်းထိုနည်းလည်းကောင်းပါပဲ။ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရပြီးနိုင်ပွဲရှာဖို့ လုံလောက်တဲ့ ခြေစွမ်းမျိုးရှိမနေသေးပါဘူး။ ဒါကြောင့် နှစ်သင်းပေါင်းသွင်းဂိုးနည်းနည်းနဲ့ သရေပွဲလို့ပဲ မျှော်လင့်နေမိတာဖြစ်ပါတယ်။

ခန့်မှန်းရလဒ်(၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်