ဖူလ်ဟမ် vs တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဖူလ်ဟမ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ခရေဗင်ကော့တေ့ဂျ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အသာမရခဲ့တဲ့ စပါးတို့ ဒီတစ်ကြိမ်မှာရော ရလဒ်ကောင်း ရှာဖွေသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဖူလ်ဟမ်က ဥရောပဝင်ခွင့် တစ်နေရာစာ အတွက် မျှော်လင့်နေပေမယ့် နောက်ပိုင်း ပွဲတွေမှာ အနည်းငယ် ခြေစွမ်းပိုင်း ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲ ၁ ပွဲ၊ ရှုံး ပွဲ ၂ ပွဲ ရှိခဲ့ပြီး ကြားရက်မှာ ကစားတဲ့ အက်ဖ်အေဖလား မှာတော့ ယူနိုက်တက်ကို ကျော်ဖြတ်ပြီး ၁၆ သင်း အဆင့်ကို တက်လှမ်းထားပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၅ နေရာက မန်စီးတီးနဲ့တောင် ၅ မှတ်သာ ကွာဟနေပါတယ်။ ဒါကြောင့် ဖူလ်ဟမ်က အခုပွဲ အပါအဝင် လက်ကျန် ပွဲစဉ်တွေကို ကျိန်းသေပေါက် အားစိုက်လာမှာ ဖြစ်ပါတယ်။
စပါး ကလည်း ခြေစွမ်းပိုင်းက ရာသီကုန်ခါနီးလာသည့် တိုင်အောင် ခြေစွမ်း မတည်ငြိမ်သေးပဲ ရလဒ် ကလည်း တိုးတက်လာတာ မမြင်ရသေးပါဘူး။ စပါးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီးတော့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။ စပါးက ဒီရာသီမှာ ရှုံးပွဲ ၁၄ ပွဲ ရှိထားပြီး ၇ ပွဲက အဝေးကွင်းမှာ ရှုံးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် စပါးက ဖူလ်ဟမ်နဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ရလဒ်ပိုင်း အားရစရာ မရှိတာကြောင့် အခုပွဲမှာလည်း ခက်ခဲဖို့တော့ ရှိနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
စပါး ဘက်မှာတော့ ကူလူဆက်ဗ်စကီး၊ ဒန်ဆို၊ ဒရာဂူဆင်နဲ့ ရစ်ချာလီဆင်တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖူလ်ဟမ် – လန်နို၊ ကတ်စတန်ဂ်ညီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ရော်ဘင်ဆင်၊ ပါရဲရား၊ ဘာ့ဂျ်၊ ထရာအိုရေး၊ စမစ် ရိုးဝ်၊ အီဝိုဘီ၊ ဟင်မီနက်ဇ်
တော့တင်ဟမ်ဟော့စပါး – ဗီကာရီယို၊ ပေါ်ရို၊ ရိုမဲယို၊ ဂရေး၊ အူဒိုဂီ၊ ဆား၊ ဘန်တန်ကာ၊ မက်ဒီဆင်၊ အိုဒိုဘတ်၊ ဆိုလန်ကီ၊ ဆွန်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက အကြိမ် ၂၀ တွေ့ဆုံခဲ့ရာမှာ ဖူလ်ဟမ်က ၃ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး စပါးက ၁၄ ကြိမ် အနိုင်ရထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ စပါးက ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဖူလ်ဟမ်က ၁ ကြိမ် အနိုင်ရထားပါတယ်။ ဖူလ်ဟမ်ကွင်း နောက်ဆုံး ၅ ကြိမ်မှာ စပါးက ၄ ကြိမ် နိုင်ပြီး ဖူလ်ဟမ်က ၁ ကြိမ် နိုင်ထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၂ ဆ၊ စပါးနိုင်ရင် ၃.၁၈ ဆ၊ သရေ ဆိုရင်တော့ ၃.၄၉ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဖူလ်ဟမ် ဘက်က သရေ ရှုံး၊ တစ်လုံး တစ်ဝက်စား၊ သရေ တစ်ဝက်ရှုံး ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး ကတော့ စဖွင့်ပါတယ်။ လက်ရှိမှာ နှစ်သင်းစလုံးက ခြေစွမ်း အနည်းငယ် ကျဆင်းနေပါတယ်။ အနိုင် အရှုံးထက် ဒီပွဲကို ဂိုးပေါင်း ပိုကြိုက်နေပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်တာကြောင့် ဂိုးပေါ်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဖူလ်ဟမ် ၂-၂ တော့တင်ဟမ်ဟော့စပါး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.